Monday, February 8, 2010

နမ်းရှိုက်ခွင့်

ခင်မင်မှုနဲ့ အစပျိုးပြီး

အချစ်ကို ခိုးယူဘို့
မကြိုးစားတော့ပါဘူး
ဝင်းဝါနုပျိုနေတဲ့
မင်း ပါးပြင်ထက်က
နူးညံ့ဖြူလွင့်
ရိုးရှင်းတဲ့ သနပ်ခါးပွင့်လေးရယ်....
ရင်ခုန်သံ မှန်စေဘို့
မင်းရဲ့
သင်းပျံ့တဲ့ ချွေးရနံ့လေးရယ်....
သန့်ရှင်းတောက်ပြောင်
ပိတုန်းရောင် ဆံကေသာလေးရယ်ကို
နမ်းရှိုက်ခွင့်ရရင်
ဘ၀မှာ
အရာရာ ပြည့်စုံပါပြီကွယ်.....။

 

Sunday, February 7, 2010

ပိုက်ဆံရှိမှ စာသင်နိုင်တော့မှာလား???

 ပိုက်ဆံရှိမှ စာသင်နိုင်တော့မှာလား???

ဒီနေ့ ကျနော့်သူငယ်ချင်းတစ်ယောက်က SE သင်တန်းတစ်ခု တက်ချင်တာ သွားစုံစမ်းမယ်ဆိုလို့ ၊ ကျနော်လည်း နည်းနည်းစိတ်ဝင်စားတာနဲ့ သူနဲ့ အတူလိုက်သွားပါတယ်။
ဟိုရောက်တော့ အဲဒီ့သင်တန်းနဲ့ ပတ်သက်တာတွေကို ကျနော်တို့မေးကြပါတယ်။ ဘာတွေသင်မလဲ ၊ ဘယ်နှစ်လတက်ရမလဲ ဆိုတာတွေမေးကြပါတယ်။
သူတို့ ကလည်း စိတ်ရှည်ရှည်နဲ့ ပြန်ပြောပြကြပါတယ်။ အပြောကလည်း ကောင်းသလားမမေးနဲ့ ၊ တက်ချင်စိတ်ဖြစ်လာအောင်ကို ပြောနေကြတာ။
သင်တန်းအကြောင်း ၊ ဘာသာရပ် အကြောင်းပြောတုန်းကတော့ အဆင်ကိုပြေနေတာဘဲပေါ့။ ဒါနဲ့ နောက်ဆုံးကျတော့ ကျနော်တို့လည်း သင်တန်းစရိတ်ကို မေးကြည့်လိုက်တယ်။ သူတို့ ပြောလိုက်တဲ့ စရိတ်ကြောင့် ကျနော်လည်း တော်တော် လန့်သွားပါတယ်။ ၁ သိန်းခွဲပါတဲ့ဗျာ။

ယဉ်ကျေးမှုကို လေးစားပါ

ယဉ်ကျေးမှုကို လေးစားပါ

ကြာတော့ ကြာလှပါပြီဗျာ
ဒီအဖြစ်အပျက်လေးကို ရေးချင်နေတာ
အဲ့ဒါနဲ့ပဲ ……………..စာရွက်ပေါ်မှာ ချရေးလိုက်ဖြစ်တယ်
ခင်ဗျားတို့ဘာသာပဲ ဖတ်ကြည့်တော့ဗျာ။။။။
ဖြစ်ပုံက ဒီလို………………..
“Miss Red Ribbon ” ပြိုင်ပွဲကို တော့ သိကြမှာပါ Guys တွေ့ရဲ့ ပြိုင်ပွဲလေး…
ဘာရယ်လို့တော့မဟုတ်ပါဘူး ဖိတ်စာကို မိတ်ဆွေတစ်ယောက်က ပေးတာနဲ့ သွားကြည့်ဖြစ်လိုက်တာပါ
အဲ့ဒီမှာ တွေ့ရတဲ့မြင်ကွင်းတွေကြောင့် ဒီအကြေင်းကိုရေးဖြစ်ခဲ့တာပါ
ကျွန်တော်တို့ နေထိုင်တဲ့ မြန်မာနိုင်ငံမှာ ရိုးရာယဉ်ကျေးမှုတော့ရှိကြပါတယ်၊ ရိုးရာဝတ်စုံတွေ၊ ခေတ်နဲ့အညီလုံခြုံစွာဝတ်လို့ရတဲ့ အင်္ကျီတွေရှိကြပါတယ်

အနောက်တိုင်းနဲ့ အရှေ့တိုင်းက ၀တ်စုံတွေကို အားကြလို့ ၀တ်ချင်သပဆိုလည်း ၀တ်ကြပါ၊။။။။။။။။။။။။ဒါပေမဲ့
မြန်မာ့ယဉ်ကျေးမှုနဲ့အညီ လုံခြုံမှုတော့ရှိသင့်ပါတယ်။။။။။။။။။။။။။။
ကိုးရီးဘယ်ကားက …မင်းသမီးလေးက “ဘယ်လိုဝတ်တာ”ဟိုလေ“စ”လုံးမှာ အခုခေတ်စားနေတာ ဒီဝတ်စူံလေး စသဖြင့်ပေါ့………. ကိုယ်နဲ့ လိုက်/မလိုက် မသိ ၀တ်လိုက်တာပဲ ။
“ဟော……………..အဲံဒိမှာ ပြသာနာစတာပဲ”

Saturday, January 23, 2010

၁၄ ရက်နေ့အမှတ်တရ

၁၄ ရက်နေ့အမှတ်တရ



January 14th “Diary Day”



နှစ်သစ်တစ်ခုရဲ့ အစပိုင်းလဖြစ်တဲ့အတွက် ချစ်သူတွေက
တစ်နှစ်လုံးလုပ်ရမယ့်ကိစ္စတွေကို အစီအစဉ်ရေးဆွဲတဲ့ အထိမ်းအမှတ်အနေနဲ့
ဒိုင်ယာရီစာအုပ်လေးတွေ အဲဒီနေ့မှာ အပြန်အလှန်လက်ဆောင်ပေးလေ့ရှိပါတယ် ။



February 14th “Valentines Day”



ချစ်သူများနေ့ကတော့ အားလုံးသိကြပါတယ် ။ အဲဒီနေ့နဲ့ အဲဒီနေ့မတိုင်ခင်မှာ
ကိုယ်ချစ်ရတဲ့သူကို ချောကလက်လှလှလေးတွေနဲ့
နှင်းဆီပန်းပို့ပေးလေ့ရှိကြပါတယ် ။ တစ်နှစ်လုံးမှာ
ချစ်သူစုံတွဲအားလုံးလိုလို ကျင်းပလေ့ရှိတဲ့
ချစ်ဖို့ကောင်းတဲ့နေ့ရက်လေးတစ်ခုပါ ။



March 14th “White Day”



ဒီနေ့မှာတော့ ယောက်ျားတွေက သူတို့ချစ်ရတဲ့ အမျိုးသမီးတစ်ယောက်ယောက်ကို
ကန်ဒီ သို့မဟုတ် နှစ်သက်တဲ့ လက်ဆောင်ပေးကြတာပါ .. ။ ချစ်သူများနေ့လို
ချောကလက်နဲ့ပန်းစည်းတော့ မပေးရပါဘူး ။ တစ်ချို့ကတော့ ချစ်သူကို
ကဗျာဆန်တဲ့ညစာစားပွဲတစ်ခုခု လုပ်ပေးကြပါတယ် ။ ဒါမှမဟုတ် ကမ်းခြေတို့ ၊
ပျော်ရွှင်ပွဲနေရာတွေသွားပြီး အမှတ်တရတစ်ခုခု လုပ်တာလည်း ရှိပါတယ် ။

Friday, January 22, 2010

စကားတစ်ခွန်း ဘဝတစ်ခုကို ပြောင်းလဲစေသည်

 စကားတစ်ခွန်း ဘဝတစ်ခုကို ပြောင်းလဲစေသည်

်ကြက်ပျံမကျ စည်ကားတဲ့ ပွဲခင်းတစ်ခုမှာ မိခင်တစ်ဦးက ၃နှစ်သား ကလေးငယ်ကို
ရောင်စုံ kဝယ်ပေးခဲ့တယ်။ ကလေးငယ်က ပူစီဖောင်းက
ကြိုးသေးလေးကို ကိုင်ပြီး ပွဲခင်းထဲမှာ ခုန်ခွ ခုန်ခွနဲ့ ပျော်နေခဲ့တယ်။
ပွဲခင်းထဲမှာ ပြေးလွှားကစားရင်း မမျှော်လင့်ဘဲ လက်ထဲက ပူစီဖောင်း
လွတ်သွားခဲ့တယ်။

Monday, January 18, 2010

မြန်မာညွန့်ညှိုး မကုန်အောင် အမျိုးဂုဏ် ဆယ်ကြစို့လေး''




''ခေတ်ဆန်သူ တပည့်မတို့ သတိရပေရှာ၊ အဓိက စေတနာငယ်၊ မေကညာခင်ထွေး။ ဆရာမ လွန်ကြင်နာလျှင်၊ သွန်သင်တာ မှတ်တော့ မနှေး။ ကာလဖြင့် ပျက်ချင်ပြီ၊ ဖက်ရှင်တွေ ရှုပ်ထွေး၊ အရှက်တွင် အဟုတ်ဝေးပါပေါ့၊ လှုပ်လှုပ်ကလေး တုံတုံ။ ဖန်ပေါင်းချောင် ရေအတွင်း၊ ရွှေငါးကြင်း လွတ်သည်သို့ကြုံ။ အင်္ကျီက အပါးစုံသည်၊ အသား ပုံဝါဝင်းလို့၊ ကျပ်တင်းတင်းတရားကွာ၊ ခါးကတစ်ထွာ။ မောင်အဘ အားနာလျှင်၊ မှားတာကို ပြင်ကြစို့လေး။ မြန်မာညွန့်ညှိုး မကုန်အောင် အမျိုးဂုဏ် ဆယ်ကြစို့လေး''

Saturday, January 16, 2010

ဂျီတော့မှာ ဘာတွေလုပ်

ဂျီတော့မှာ ဘာတွေလုပ်

အင်တာနက် အကြောင်းပြောမယ်ဆိုရင်
ဂျီတော့အကြောင်းလေးတော့ ပါမှ ပြည့်စုံသွားမှာပါ။
ဂျီတော့ ကို လူကြီးတွေလည်းသုံးသလို လူငယ်တွေလည်း အသည်းစွဲပါ( ကျနော်ကိုယ်တိုင်လည်းပါမယ်ထင်တာပဲ...ဟီးဟီး)

နည်းပညာတိုးတက်လာတဲ့နောက်မှာ အန္တရာယ်ဆိုတာလည်း ကပ်ပါလာတတ်တာမို့ မိဘတွေအနေနဲ့ ကိုယ့်သားသမီးလမ်းမှားမရောက်အောင် သူတို့ အငိတာနက်မှာ ဘာတွေသုံးပြီး
ဘာတွေပြောနေကြနေတယ်ဆိုတာ သိဖို့လိုအပိပါတယ်...
ဒီတော့ မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေ ဂျီတောခ့်ထဲမှာ ဘာတွေပြောနေတယ်ဆိုတာသိနိုင်မဲ့ ဆော့ဝဲလ် တစ်ခုကို ပြောပြပေးချင်ပါတယ်

 
Copyright© ညအလင်္ကာ