Friday, February 12, 2010

မိုက်တယ်ဆိုတာ


 
မိုက်တယ်ဆိုတာ

သာယာဝတီသားတွေ   မိုက်တယ် ဆိုတဲ့ စကား ငယ်ငယ်တုန်းက ခဏခဏကြားဖူးတယ်…
ကျနော် ကိုယ်တိုင်လည်း သာယာဝတီသားတစ်ယောက်ပါ

မိုက်တယ်     ………..ဗျာ  ဆိုတဲ့စကား ဘယ်လောက် တွင်ကျယ်သလဲ မသိ……..
ကလေးတွေကတောင်………………………..ဟေ့ကောင်……မိုက်လား တဲ့

တစ်ခြာမြို့နယ်က လူတွေကလည်း ပြောကြပါတယ်
သာယာဝတီသားတွေ မိုက်ကြတယ်ဗျ
ဆရာစံနယ်ကို……..ဟီးဟီး

Thursday, February 11, 2010

Google ကတော့ Google Buzz ဆိုတဲ့ app တစ်ခု

လာရောက်ဖတ်သူသူငယ်ချင်းများအားလုံး မသိသေးသူများအတွက် သတင်းကောင်းပါးလိုက်ပါတယ်



ကနေ့ မနက် Google Reader ကနေ သတင်းတွေဖတ်နေရင်း ဖတ်မိလို့ပါ..

Google ကတော့ Google Buzz ဆိုတဲ့ app တစ်ခု ထုတ်လိုက်ပြန်ပီခင်ဗျာ..

Wednesday, February 10, 2010

ဒေါ်ညိမ်းကျေးရွာ ငွေကြေးသတ်မှတ်ဖလှယ်မှုအကြောင်း

ဒေါ်ညိမ်းကျေးရွာ ငွေကြေးသတ်မှတ်ဖလှယ်မှုအကြောင်း
 
ငွေကြေးဖလှဲမှုအကြောင်းမပြောခင် ဒေါ်ညိမ်းကျေးရွာအကြောင်းတော့ သိထားမှဖြစ်မှာ
ဒေါ်ညိမ်းကျေးရွာဆိုတာ ဖျာပုံခရိုင်၊ အမာမြို့နယ်ခွဲမှာရှိတဲ့ ကျေးရွာတစ်ရွာပါ
မွန်ဘာသာစကား “ ထော့ညှင်း” မှ ဆင်းသက်လာတာပါ
“မင်းညီမင်းသားများထမင်းလက်ဆုံစားတဲ့နေရာလို့” အဓိပ္ပါယ်ရပါတယ်။
နောက်တော့ ခေတ်ကာလပြောင်းလဲလာတာနဲ့အညီ နောက်ဆုံး “ဒေါ်ညိမ်း” ဖြစ်လာတဲ့ အထိပါပဲ
ကျေးရွာတစ်ရွာဆိုပေမယ့် စည်ကားလှပါတယ်။ အနီးမှာရှိတဲ့ သရက်ပင်ဆိပ်၊ ခါးပြတ်၊ ကုန်းတန်း၊ ဆိပ်မ၊မြို့ကုန်း၊ ဗန္ဒာပင်၊ အေးကုန်း၊ ကမန္တာ၊ ဖရဲကုန်း၊ အလယ်စု၊ အ၀စု ……………..အစရှိတဲ့ ရွာတွေအားလုံး “ဒေါ်ညိမ်း” မှာလာပြီး ရောင်းဝယ်ဖောက်ကားကြပါတယ်။။။။အသုံးရှားတဲ့ပစ္စည်းမျိုးကိုတော့  ဖျာပုံတက်ပြီးဝယ်ကြပါတယ်
ကြူံတုန်းပြောရဥိးမယ် ( ဖျာပုံ - ဒေါ်ညိမ်း) ကားလမ်းခရီးက လိုင်းကားနဲ့ဆို (၃)နာရီကျော်ကျော်မောင်းရပါတယ်။
ဆိုင်ကယ် Taxi  လည်းရှိပါတယ် (ဈေးတော့ နည်းနည်းကြီးတယ်)…………..ဟီးဟီး
တစိနေ့ ကျနော် ဒေါ်ညိမ်းရွာမှ ဈေးသွားဝယ်ပါတယ်( ရောက်တုန်း ကြေငြာလိုက်ဦးမယ် ကျနော်က အဲ့ဒီ ဒေါ်ညိမ်းရွာမှာ အလုပ်လာလုပ်နေတဲ့ ရောက်ခါစလူတစ်ယောက်ပါ)
ဈေးဝယ်တော့ ဆိုင်ရှင်က ပိုက်ဆံ(၃၀၀) ပြန်အမ်းဖို့ရှိပါတယ် ကျနော်ကို ဒီလိုအမ်းပါတယ်
ပုံကိုကြည့်ပါ
 
ကျနော်အံသြသွားတယ်၊ အဲ ဆိုင်ရှင်က ဆက်ပြောတယ်……………
“ ဒီလို (၁၀၀)ကျပ်တန် ကော်ဖီမစ်ထုတ် နဲ့ တန်ဖိုးခြင်းညီမျှတဲ့ မည့်သည့်ပစ္စည်းမဆို ဒေါ်ညိမ်းဆိုင်တိုင်းမှာ လာရောက်ဝယ်ယူ လဲလှယ်လို့ရကြောင်းပြော ရှင်းပြတယ်။။။
ကျနော် ရန်ကုန်ကလာတာပါ (ဒီမှာ အဲ့လိုတွေ့လို့ရတော့ မအံသြပဲနေမလား……………ရန်ကုန်မှာဆို အမ်းစရာအကြွေမရှိရင် သကြားလုံး၊ ဆေးလိပ်သောက်တတ်တယ်ဆိုရင် ဆေးလိပ်။။။။။။။။။Tissue အစရှိသဖြင့်ပေါ့လေ
ဒါပေမဲ့ တစ်ခြားနေရာမှာ အဲ့ဒီတန်ဖိုးနဲ့အညီ ပြန်လည်လဲလှယ်သုံးလို့မရဘူးလေ)

Monday, February 8, 2010

အိမ်မက်ခြေရာ

အိပ်မက်ဆိုတာ....ဆန္ဒရဲ့ခြေရာ....
မရေရာဘူးထင်ပေမဲ့လည်း...
သေချာနေတာ တစ်ခုကတော့........
သတိရစိတ်တွေပြင်းပြတဲ့အခါ...
.အိပ်မက်အထိပါလာသတဲ့...
ဒါကြောင့်.....
အဝေးကချစ်သူရေ...
မင်းရဲ့အိပ်မက်တွေကို.....
ငါ..........
သိပ်သိချင်ပါတယ်......

နမ်းရှိုက်ခွင့်

ခင်မင်မှုနဲ့ အစပျိုးပြီး

အချစ်ကို ခိုးယူဘို့
မကြိုးစားတော့ပါဘူး
ဝင်းဝါနုပျိုနေတဲ့
မင်း ပါးပြင်ထက်က
နူးညံ့ဖြူလွင့်
ရိုးရှင်းတဲ့ သနပ်ခါးပွင့်လေးရယ်....
ရင်ခုန်သံ မှန်စေဘို့
မင်းရဲ့
သင်းပျံ့တဲ့ ချွေးရနံ့လေးရယ်....
သန့်ရှင်းတောက်ပြောင်
ပိတုန်းရောင် ဆံကေသာလေးရယ်ကို
နမ်းရှိုက်ခွင့်ရရင်
ဘ၀မှာ
အရာရာ ပြည့်စုံပါပြီကွယ်.....။

 

Sunday, February 7, 2010

ပိုက်ဆံရှိမှ စာသင်နိုင်တော့မှာလား???

 ပိုက်ဆံရှိမှ စာသင်နိုင်တော့မှာလား???

ဒီနေ့ ကျနော့်သူငယ်ချင်းတစ်ယောက်က SE သင်တန်းတစ်ခု တက်ချင်တာ သွားစုံစမ်းမယ်ဆိုလို့ ၊ ကျနော်လည်း နည်းနည်းစိတ်ဝင်စားတာနဲ့ သူနဲ့ အတူလိုက်သွားပါတယ်။
ဟိုရောက်တော့ အဲဒီ့သင်တန်းနဲ့ ပတ်သက်တာတွေကို ကျနော်တို့မေးကြပါတယ်။ ဘာတွေသင်မလဲ ၊ ဘယ်နှစ်လတက်ရမလဲ ဆိုတာတွေမေးကြပါတယ်။
သူတို့ ကလည်း စိတ်ရှည်ရှည်နဲ့ ပြန်ပြောပြကြပါတယ်။ အပြောကလည်း ကောင်းသလားမမေးနဲ့ ၊ တက်ချင်စိတ်ဖြစ်လာအောင်ကို ပြောနေကြတာ။
သင်တန်းအကြောင်း ၊ ဘာသာရပ် အကြောင်းပြောတုန်းကတော့ အဆင်ကိုပြေနေတာဘဲပေါ့။ ဒါနဲ့ နောက်ဆုံးကျတော့ ကျနော်တို့လည်း သင်တန်းစရိတ်ကို မေးကြည့်လိုက်တယ်။ သူတို့ ပြောလိုက်တဲ့ စရိတ်ကြောင့် ကျနော်လည်း တော်တော် လန့်သွားပါတယ်။ ၁ သိန်းခွဲပါတဲ့ဗျာ။

ယဉ်ကျေးမှုကို လေးစားပါ

ယဉ်ကျေးမှုကို လေးစားပါ

ကြာတော့ ကြာလှပါပြီဗျာ
ဒီအဖြစ်အပျက်လေးကို ရေးချင်နေတာ
အဲ့ဒါနဲ့ပဲ ……………..စာရွက်ပေါ်မှာ ချရေးလိုက်ဖြစ်တယ်
ခင်ဗျားတို့ဘာသာပဲ ဖတ်ကြည့်တော့ဗျာ။။။။
ဖြစ်ပုံက ဒီလို………………..
“Miss Red Ribbon ” ပြိုင်ပွဲကို တော့ သိကြမှာပါ Guys တွေ့ရဲ့ ပြိုင်ပွဲလေး…
ဘာရယ်လို့တော့မဟုတ်ပါဘူး ဖိတ်စာကို မိတ်ဆွေတစ်ယောက်က ပေးတာနဲ့ သွားကြည့်ဖြစ်လိုက်တာပါ
အဲ့ဒီမှာ တွေ့ရတဲ့မြင်ကွင်းတွေကြောင့် ဒီအကြေင်းကိုရေးဖြစ်ခဲ့တာပါ
ကျွန်တော်တို့ နေထိုင်တဲ့ မြန်မာနိုင်ငံမှာ ရိုးရာယဉ်ကျေးမှုတော့ရှိကြပါတယ်၊ ရိုးရာဝတ်စုံတွေ၊ ခေတ်နဲ့အညီလုံခြုံစွာဝတ်လို့ရတဲ့ အင်္ကျီတွေရှိကြပါတယ်

အနောက်တိုင်းနဲ့ အရှေ့တိုင်းက ၀တ်စုံတွေကို အားကြလို့ ၀တ်ချင်သပဆိုလည်း ၀တ်ကြပါ၊။။။။။။။။။။။။ဒါပေမဲ့
မြန်မာ့ယဉ်ကျေးမှုနဲ့အညီ လုံခြုံမှုတော့ရှိသင့်ပါတယ်။။။။။။။။။။။။။။
ကိုးရီးဘယ်ကားက …မင်းသမီးလေးက “ဘယ်လိုဝတ်တာ”ဟိုလေ“စ”လုံးမှာ အခုခေတ်စားနေတာ ဒီဝတ်စူံလေး စသဖြင့်ပေါ့………. ကိုယ်နဲ့ လိုက်/မလိုက် မသိ ၀တ်လိုက်တာပဲ ။
“ဟော……………..အဲံဒိမှာ ပြသာနာစတာပဲ”
 
Copyright© ညအလင်္ကာ