Wednesday, February 17, 2010
ကုသိုလ်လုပ်ပေမဲ့ ကုသိုလ်မရဘူး . “ ဒါဆို ဘာလုပ်ရင် အကောင်းဆုံးလဲ? ”
Saturday, February 13, 2010
အပျိုကြီးများ၏ အားသာချက်များ
ဒီပိုစ်ကို ရေးသားသော ကျနော်ရဲ့ အမတစ်ယောက်လိုလဲ ဖြစ်၊ သူငယ်ချင်းလည်းဖြစ်သော မမမေသက် ကို Credit ပေးပါတယ်၊
အပျိုကြီးများ၏ အားသာချက်များ
အပျိကြီးတို့ကို “ ဖက်လုံးအဖော်ပြုသူ” တိရစ္ဆာန် ထိန်းကျောင်းသူ “ အထီးကျန်သူ” စသည့်ဖြင့် ထိခိုက်ပြောဆိုသူ
တစ်ချို့ရှိကြသော်လည်း အိမ်ထောင်မပြုကြသဖြင့် သူတို့တွင် အားသာချက်များရှိနေကြပါသည်။
ယင်းအားသာချက်များမှာ……………….
၁ ရုပ်မြင်သံကြားကြည့်ပါက Remorte Control လုပ်စရာမလိုခြင်း
၂ နံစော်သော အ၀တ်အစားမျာကို လျော်စရာမလိုခြင်း
၃ ချွတ်ချင်ရာ ချွတ်ထားသော ဖိနပ်များကို လိုက်သိမ်းစရာမလိုခြင်း။
၎ `ရေချိုးခန်းကို စိတ်ကြိုက်သုံးခွင့်ရခြင်း
၅ တစ်ကိုယ်ရေ သန့်ရှင်းမှုကို အထူးလုပ်စရာမလိုခြင်း
၆ “ ဘာဝတ်မှာလဲ” ဒါလေး ၀တ်ပါလား…………. ဟု နေ့စဉ် ပြောစရာမလိုခြင်း
၇ အထူးချက်ပြုတ်၊ ကြော်လှော်၊ ဆေးကြောစရာမလိုခြင်း
၈ မိမိမှာ တစ်ယောက်သောသူအတွက် ဖြစ်နေသည်ဟု စဉ်းစားစရာမလိုခြင်း
၉ စိတ်ထဲရှိသလို နေထိုင်လုပ်ကိုင် လွတ်လပ်မှုရှိခြင်း
၁၀ အရက်သောက်သူ၊ ဆေးလိပ်သောက်သူ၊ လောင်းကစားလုပ်သူ တစ်ဦးဦးကို စောင့်ကြည့် ဆူပူ
ထိန်းချုပ်နေစရာမလိုခြင်း
၁၁ ကုတင်ပေါ်တွင် လွတ်လွတ်လပ်လပ်တစ်ကိုယ်တည်း စိတ်ကြိုက်အိပ်စက်ရခြင်း
၁၂ မည်သူနှင့်မျှ စကားမပြောလိုဘဲ တစ်ကိုယ်တည်း တိတ်ဆိတ်စွာ နေလိုပါက နေခွင့်ရခြင်း
၁၃ လွတ်လပ်စွာ နေခွင့်ရခြင်း
၁၄ သွားရည်များ ပေမနေသော ခေါင်းအုံးနှင့် အိပ်ခွင့်ရခြင်း
၁၅ ဟောက်သံကင်းကင်းဖြင့် အိပ်ခွင့်ရခြင်း
၁၆ သွားချင်ရာသို့ သွားချင်သည့်အချိန် သွားလာခွင့်ရခြင်း
၁၇ ၀ယ်ချင်ရာကို ၀ယ်နိုင်ခြင်း၊ အ၀တ်ဗီယိုထဲထညိ့ဖွက်ထားစရာမလိုခြင်း၊ ၀ယ်ထားတာကြာပြီဟု လိမ်ပြောစရာမလိုခြင်း
၁၈ စည်းကမ်းများ၊ တင်းကြပိမှုများ ဘောင်များကြားတွင် နေစရာမလိုခြင်း
၁၉ မိမိယုံကြည်ရာ ပြောလိုရာကို ပြောလို ပြောလိုသူနှင့် ပြောဆို ဆွေးနွေးနိုင်ခြင်း
၂၀ စားချင်ရာ စားသောက်နိုင်ခြင်း
၂၁ လုပ်ချင်သည့် အလုပ်အကိုင် လုပ်ကိုင်နိုင်ခြင်း
၂၂ ညဖက် အလုပ်လုပ်နိုင်ခြင်း၊ စာဖတ်နိုင်ခြင်း
၂၃ အ၀တ်ဗီယိုကို စိတ်ကြိုက်အသုံးပြုနိုင်ခြင်း
၂၄ မိမိစိတ်မ၀င်စားသည့် အကြောင်းအရာ ပစ္စည်းပစ္စယ တို့ကို လိုက်ပါ စိတ်ဝင်စားနေစရာမလိုခြင်း
၂၅ မိမိမကြိုက်သောအပြုအမူ၊ အနေအထိုင် ၊ အသံဗလံများကို အထူးသည်းခံခွင့်လွတ်နေစရာမလိုခြင်း
၂၆ လွတ်လွတ်လပ်လပ် လေပုပ်ထုတ်နိုင်ခြင်း
၂၇ မိမိမသုံးပဲ ရေအိမ်ကို ရေဆွဲချစရာ တိုက်ချွတ်သန့်ရှင်းစရာမလိုခြင်း
၂၉ စိတ်မပါသော်လည်း သည်းခံစိတ်လျော့ကာ ပြုစုနေစရာမလိုခြင်း
၃၀ တစ်စုံတစ်ဥိးကို မှီခိုအားကိုးနေစရာမလိုခြင်း
စသည်တို့ဖြစ်ကြောင်း…………………တင်ပြလိုက်ပါတယ်
..
ညအလင်္ကာ(Forever)
Friday, February 12, 2010
အာဒံသေချာမသိသေးတဲ့ပန်းသီးတစ်လုံးအကြောင်း(တဂ်ပိုစ့်)
ဘယ်လွှဲ ညာလွှဲ
မိုက်တယ်ဆိုတာ
Thursday, February 11, 2010
Google ကတော့ Google Buzz ဆိုတဲ့ app တစ်ခု
ကနေ့ မနက် Google Reader ကနေ သတင်းတွေဖတ်နေရင်း ဖတ်မိလို့ပါ..
Google ကတော့ Google Buzz ဆိုတဲ့ app တစ်ခု ထုတ်လိုက်ပြန်ပီခင်ဗျာ..

