Sunday, November 22, 2009

ပုသိမ်တက္ကသိုလ်က ဖူးစာ(ဇာတ်သိမ်း)

ပုသိမ်တက္ကသိုလ်က ဖူးစာ(ဇာတ်သိမ်း)
ပိုဖို့လည်း စိတ်မကူး ၊ နန္ဒာကပဲ ရိုးလွန်းခဲ့တာ ဖြစ်နိုင်သည်။ အချွဲအနွဲ့ ၀ါသနာမပါသူ နန္ဒာလှိုင်ကို မောင်လို့ ခေါ်ခိုင်းတာ မခေါ်ပဲ စိတ်ကျေနပ်ရုံ လင်္ကာလို့ပဲ ခေါ်တတ်ခဲ့တဲ့သူပါ
ချစ်လား……..ချစ်လား လို့ ခဏ ခဏ မေးတော့
မေးမနေနှင့် ဒီမေးခွန်းမျိုးအမြဲတမ်းမဖြေချင်ဘူး လို့ တားမြစ်ခဲ့သည်။
အဲ့ဒီတုန်းက သူမျက်နှာပျက်သွားပေမဲ့ စိတ်ပျက်သွားလိမ့်မယ်လို့ မထင်ခဲ့တာတော့ အမှန်ပဲ.


ကန်သုံးဆင့်ကို သွားရအောင် နန္ဒာ ရာနော်
ဒီပိတ်ရက်လေးနော်
တောင်ပေါ်မှာ အကြော်သွားစားရအောင်၊ ပြီးတော့ လေယာဉ်ကွင်းထဲ စက်ဘီးသွားနင်းရအောင်နော် လို့
ကျွန်တော်က ပြောတိုင်း

နန္ဒာလည်း
` ဘုရားလောက်ပဲ သွားပါ လကာင်္ရာနော်၊…………အဲ့ဒါတွေပါ လျောက်သွားရင် တစ်နေကုန်မှာ လင်္ကာရ´
စာမေးပွဲအတွက်လည်း စာကျက်ကြရဦးမှာလေ။…………

ကျွန်တော်က သွက်သွက်လက်သွက်လည်ပတ်နေချင်သူ။…………..
နန္ဒာက အေးဆေး နေချင်သူ…………

နောက်တော့ ကျွန်တော်လည်း လိုလိုလားလား မခေါ်တော……………….. ကျွန်တော်လည်း စာဖတ်ချိန် စာကျက်ချိန်ထဲ အချိန်ပိုတွေ ထပ်ထည့်ခဲ့သည်……..

စာမေးပွဲ ဖြေပြီးချိန်မှာတော့ ကိုယ်မြှိုကိုယ့်ရွာ ပြန်သွားကြတော့မဲ့ အချိန်မှာ ကျွန်တော်က နန္ဒာကို လိုက်ပို့ခဲ့ပါသည်…………….
စာရေးရန်၊ အဆက်အသွယ်မပြတ်ရန် ခဏခဏ ကျွန်တော်ပြောပေမဲ့ သူကတော့ နှုတ်ဆက်ရုံမှတပါး ဘာမှ မပြော………… သူငယ်ချင်းတွေ အတွဲကိုယ်စီနှင့် ကြည်ကြည်နုးနူး နှုတ်ဆက်နေကြပေမဲ့ ကိုယ်ကတော့ ငေါင်းစင်းစင်းကြီး ………………………………..သူမပြန်ခင်တော့ တစ်ခွန်းပြောသွားခဲံပါသည်
ဒီလောက်ပြတ်သားလိမ့်မယ်လို့တောင် မထင် …….နန္ဒာလိုင် ထားရစ်ခဲ့တော့ ကျွန်တော်ကလည်းမာနတွေနှင့် ကျန်ရစ်ခဲ့သည်။

မာနနှင့် ခံပြင်းနေသောလည်း ကျွန်တော့် စာကြည့်စားပွဲပေါက မှန်ပေါင်နှင့်တင်ထားတော့ နန္ဒာရဲ့ ဓါတ်ပုံလေးကို ငေးကြည့်ပြီး လွမ်းဆွတ်နေမိသည်။

`နင်နဲ့ နန္ဒာ ဘယ်လိုဖြစ်တာလဲ´ မေးလာတဲ့ သူငယ်ချင်းတိုင်းကို ပြတ်သွားပြီလို့ ခပ်တင်းတင်းပြန်ပြောခဲ့ပေမဲ့ တကယ်တမ်း မတင်းမာနိုင်တာကိုတော့ ၀န်ခံရပါမည်……..
ဓါတ်ပုံထဲက နန္ဒာကို လက်ချောင်းကလေးတွေနှင့် တို့ထိရင်းကြေကွဲမိသည်။ မြ၀တီအဆောင်ရှေ့က Kiss me အပင်လေးတွေဝိုင်းပတ်ထားတဲ့ အုတ်ခုံတန်းမှာ နန္ဒာ ထိုင်နေကြ နေရာကို သင်တန်းပြန်ချိန်တက်ချိန် မှာ ငေးမောကြည့်မိတိုင်း လွမ်းဆွတ်မိသည်။
ဒါပေမဲ့ `ငါ့ကိုမေ့လိုက်တော့ ဆိုတဲ့ သူရဲ့ စကားအပြီးမှာ ကျွန်တော်ရဲ့ ချစ်ခင်ရသမျှ ၊ တွယ်တာ မြတ်နိုးခဲ့ရသမျှ တန်ဖိုးထားပေးဆပ်ခဲ့ရသမျှ အားလုံးဟာ နိဂုံးချုပ်သွားခဲ့ပြီဖြစ်ပါသည်…..
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
xxxxxxxxxxxxxxxxxxxxxxxxxxxxx
ကျွန်တော် ဘ၀ငြိမ်သက်သွားပြီဟု ယူဆမိသောအချိန်ကျမှ ဆုမွန်ကျော်နှင့် ထပ်ဆုံရပြန်ပါသည်။
သူကချောတယ်လို့လည်း မဟုတ်ဘူး
လှတယ်လည်းမဟုတ်ပါဘူး ကြည့်ကောင်းတဲံအထဲမှာပါ ပါတယ်
ကျွန်တော် ညအလင်္ကာအဖို့အတွက်တော့ သူရဲ့ ကလေးဆန်တဲ့ အမူအရာတွေက နှစ်သက်စရာကောင်းပါသည်။။။။။။။။။။
ဆုမွန်ရောင်းတဲ့ ဆေးပစ္စည်းဆိုင် ကို ရောက်သွားတိုင်း တံခါးကို ထုခါ နိုးရတတ်သည်……..
ဆုမွန် နှိုးတိုင်း အိပ်ချင်မူးတူးနှင့် ထလာပြီး

Sunday, November 1, 2009

ဘယ်မိန်းကလေးကိုလက်ထပ်မလည်း

ဘယ်မိန်းကလေးကိုလက်ထပ်မလည်း


၁. အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း)
၂. ပိုက်ဆံကိုထိန်းနည်း
၃. လူကိုထိန်းနည်း
၎. မိမိကိုယ်ကိုထိန်းနည်း

၁. အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း)

နံပါတ်တစ်နည်းကို အသုံးပြုသော မိန်းကလေးသည် သဘောထား အဖြူစင်ဆုံးဖြစ်သည်။
ထိုမိန်းကလေးမျိုးကို အိမ်ထောင်ဖက် အဖြစ်ရွေးချယ်သော ယောကျာ်းသည်
ကံကောင်းသောသူဖြစ်သည်။ သူမသည် သူချစ်သော ယောကျာ်းကို လွတ်လပ်ခွင့်
ပေးထားသောကြောင့်ဖြစ်သည်။ သူမအတွက် တစ်ခုသော မျှော်လင့်ချက်မှာ မိမိ
ပြင်ဆင်ချက်ပြုတ်ထားသော အရသာရှိရှိ ထမင်းကောင်း ဟင်းလျှာများကို
မိမိယောကျာ်းက အချိန်မှန်မှန်ပြန်လာ စားရန်သာဖြစ်သည်။

၂. ပိုက်ဆံကိုထိန်းနည်း

နံပါတ်နှစ်နည်းကို အသုံးပြုသော မိန်းကလေးသည် လည်လွန်းသောသူဖြစ်သည်။
ငွေသည် ယောကျာ်း၏အသက်၊ ငွေသည် ယောကျာ်း၏မာန၊ ယောကျာ်းများကို ငွေဖြင့်
ထိန်းချုပ်ခြင်းသည် အထိရောက်ဆုံးဟု ထင်မြင်ထားသောကြောင့်ဖြစ်သည်။
မိန်းကလေးအများစုသည် ဒီနည်းကို ကြိုက်ကြသည်။ သူမ၏မျက်စိထဲတွင်
ငွေဖြင့်အရာရာကို မြန်မြန်ဆန်ဆန် ပြီးနိုင်သည်ဟု
မြင်ထားသောကြောင့်ဖြစ်သည်။

၃. လူကိုထိန်းနည်း

နံပါတ်သုံးနည်းကို အသုံးပြုသော မိန်းကလေးသည် ဆင်ခြင်စဉ်းစားဥာဏ်
နည်းသောသူဖြစ်သည်။ ယောကျာ်းတစ်ယောက်ကို လွတ်လပ်ခွင့်မပေးဘဲ ကြိုးချည်ပြီး
ထိန်းချုပ်ထားချင်သော မိန်းကလေးသည် ဒီနည်းကိုအသုံးပြုလေသည်။
ဘယ်ယောကျာ်းမျှ မိန်းကလေးတစ်ယောက်၏ ကြိုးဆွဲရာတွင် လိုက်မကချင်ကြ၊
နွားဖာကြိုးဆွဲပြီး စေလိုရာစေ ဆိုတာမျိုးကို မခံချင်ကြပေ။
ဒီနည်းကိုအသုံးပြုသော မိန်းကလေး၏ အိမ်ထောင်ရေးသည် နေ၀င်ချိန်
နီးနေပြီဖြစ်ကြောင့် ခန့် မှန်းနိုင်သည်။

နေနိုင်သူများ

နေနိုင်သူများ



လူဆိုတာ ကိုယ့်ကိစ္စကိုပဲ ကိုယ်စိတ်ဝင်စားရမယ်၊
ဒီစကားက မှန်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တစ်နေ့က လိုင်းကားစီးရင်းနဲ့ မိန်းမတစ်ယောက် ကားဘီးပေါက်ပြီး ဘိးကို တစ်ယောကိတညိးဖြုတ်နေတယ်၊
ဒိလိုဖြစ်နေတာကို အငှားယာဉ်မောင်းတစ်ယောက်ကဆင်းပြီး ၀င်ရောက်ကူညီခဲ့တာကို တွေ့ခဲ့ရ့ပါတယ်၊

အကူညီပေးနေတဲ့သူအတွက် ဂုဏ်ယူပါတယ်၊ ကိုယ်ကိုယ်တိုင်လည်း မလုပ်ပေးနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ကျနော်ဘ၀မှာ အမြင်မတော်ရင် ၀င်လုပ်ပေးတဲ့ လူတော်တော်များများ တွေ့ခဲ့ဖူးပါတယ်၊

သာမန်အားဖြင့် လူတော်တော်များများဟာ ကိုယ်ကိစ္စကိုသာ ဦးစားပေးလေ့ရှိပြီး အခုလိုဝင်လုပ်ဖို့ဆိုတာ မလွယ်ပါဘူး၊ အသိစိတ်ရှိပြီး ၀င်လုပ်ပေးတဲ့သူတွေ အများကြိးရှိပါတယ်


တစ်နေ့ ကျွန်တော် မနက်လမ်းလျောက်သွားရင်း ဗန်းရွက်ထားတဲ့ မိန်းမတစ်ယောက် တင်ထားတဲ့ အသီးတေါ ပြုတ်ကျသွားတာ တွေ့ရတယ် ကျွန်တော်လည်း မနေနိုင်တာနဲ့ ၀င်ကောက်ပေးတယ်၊ မမြင်ယောင်ဆောင်သွားသူများလည်းတွေ့ရတယ်၊ တစ်ခြားလူတွေလည်း ကောက်ပေးတယ်၊

ကိုယ်က ညရေးညတာမှာ ကြောက်လို့ရပ်ပြီး အကူအညီ မပေးနိုင်တောငကို နားလည်ပါတယ် နေ့ခင်းကြောင်တောင်မှာ သူများကို အမြင်မတော်ရင်တော့ ၀င်ရောက် ကူညီသင့်ပါတယ်၊

တကယ်မှာ ဒီလို အဖြစ်မျိုး ကိုယ်ကြူံလာရင် ကူညီမဲ့သူကို မျှော်လေ့ရှီကြတယ်၊
ဒါပေမဲ့ ကိုယ့်အလှည့်ကျရင် သူများကို ကိုယ်အချိန်တွေပေးပြီး ကူညီဖို့ ၀င်လေးတတ်ကြတာဟာ သဘာဝလို့ ပြောရမလားတော့ မသိပါ၊
ကိုယ်ဟာ အလှည့်တိုင်းအဆင်ပြေမှာ မဟုတ်ပါ၊
ကိုယ်အခက်ခဲရှိတဲ့အခါတွေ အများကြီး ရှိနိုင်ပါတယ်

ကိုယ်အခက်အခဲရှိပြီဆိုရင် ကူညီမဲ့သူ စောင့်ရှောက်မဲ့သူ ကို အမြဲတမ်းတကြတယ်။ အဆက်သွယ်တွေ လိုက်ရှာကြတယ်၊ အဆင်ပြေတာတွေရှိသလို အဆင်မပြေတာတွေလည်းရှိမယ်၊ သူများအခက်ခဲရှိနေတဲ့အခါမှာ ကိုယ်ဘက်က သိမ်အပန်းမကြီးရင် တတ်နိုင်သ၍တော့ လူတစ်ဖက်သားကို ကူညီစောင့်ရှောက်သင့်တယ်လို့ ကျွန်တော်တော့ မြင်ပါတယ်

Sunday, October 25, 2009

အချစ်ဦးရဲ့ အချစ်ဆိုတာ ဒီလိုအချစ်မျိုးလား...

အချစ်ဦးရဲ့ အချစ်ဆိုတာ ဒီလိုအချစ်မျိုးလား...


အချစ်ဆိုတဲ့ အရာက ဒီလောက် ချိုမြိန် ကြည်နူး ပျော်ရွှင်ဖွယ် ကောင်းလိမ့်မယ်လို့ မထင်မိခဲ့ပါ။ တွေးလိုက်တိုင်း စိတ်ထဲမှာ ကြည်နူးနေမိသည်။ ပျော်ရွှင်နေမိသည်။ လူတိုင်း ပြောကြသည့် အချစ်ဆိုတာ ဒါလား။ ဂရေဟမ် ဆိုထားတဲ့ သီချင်းကို နားထဲတွင် ပြန်လည် ကြားယောင်မိသည်....

`မချစ်ဖူးလို့ပါ အချစ်ဦးရယ် .... အချစ်ဆူး စူးလဲ စူးတော့ကွယ် ... ရင်မှာ အချစ်ပဲ နား .... လည်..´



အချစ်ကို ပူလောင်တယ်လို့ မမှတ်ယူမိပါ။ ပူလောင်တယ်၊ အေးချမ်းတယ် ဆိုတာ မိမိရဲ့ အယူပေါ်မှာသာ မူတည်သည်ဟု ထင်မိသည်။

မိမိ အတွက် အချစ်ဆိုတာ အေးချမ်းနေသည်။ တစိမ့်စိမ့် တွေးလေ တစိမ့်စိမ့် အေးချမ်းလေ ဖြစ်သည်။

သူ့မျက်နှာကို တွေးလိုက်မိတိုင်း ရင်ထဲတွင် အမည်ဖော်ပြ၍ မရသော ခံစားမှုကို ခံစားရသည်။

သူ အပြုအမှု၊ အပြောအဆိုလေးများကို တွေးလိုက်မိတိုင်း တစ်ကိုယ်တည်း ရယ်မောမိသည်။

တစ်ယောက်တည်း ရယ်မော ပြုံးရွှင်မိသည်မှာ ခဏခဏပင်။
ရူးနေပြီဟု ထင်ကောင်း ထင်မည်။ ရူးတော့ ရူးနေပါသည်၊ အချစ်ရူး။

တကယ် ချစ်လာတော့ မိမိ ချစ်သူ ပျော်ရွှင်နေသည်ကိုသာ မြင်ချင်လာသည်။
ချစ်သူ မျက်နှာ ညိုးငယ် သွားမည်ကို စိုးရိမ်တတ်လာသည်။
ပျော်ရွှင်နေသည့် မျက်နှာကိုသာ မြင်လိုသော စိတ်ဆန္ဒရှိလာသည်။
အရာရာ ဖြည့်ဆည်းပေးချင်မိသည်။
အချစ်ဆိုသော အရာက အရာရာကို ရင်ဆိုင်ရဲလာအောင် သတ္တိများ ပေးသည်မှာ မှန်လှပေသည်။
ရဲရင့်လာသည်။
ပေးဆပ်ဖို့ အသင့်ဖြစ်နေသည်။
အချစ်၏ စွမ်းအားသည် ဒီလောက် ပြင်းလိမ့်မည်ဟု တွေးမထင်ခဲ့ပါ။
သြော် အချစ်ဆိုတာ ဒါပါလားဟု သိလာရတော့သည်။

Saturday, October 24, 2009

ဒီလိုမျိုးချစ်နိုင်ကြလား?

ဒီလိုမျိုးချစ်နိုင်ကြလား?


တခါက ၁၀တန်းကျောင်းသား ကောင်လေးတစ်ယောက် ရှိတယ်။ သူက မနက်ဆို
ကျောင်းသွား၊နေ့လည်ဆို ကျူရှင်တက် ညနေလောက်မှ အိမ်ပြန်ရတယ်။ ဒီလိုနဲ့ တစ်ည
သူကျူရှင်ကအပြန် လမ်းထိပ်မှာ ကောင်မလေးတစ်ယောက်ကို တွေ့တယ်။ ကောင်မလေးက
ဘယ်သူမှန်းလဲမသိဘူး။ ဗာဒံပင်အောက်က အုတ်ခုံလေးမှာ ထိုင်နေတာ။ ညဘက်ကြီး
မိန်းကလေးတစ်ယောက်ထဲ ထိုင်နေတာ ထူးတော့ထူးဆန်းတယ်။ ဒါပေမဲ့ မသိတော့ ကောင်လေးလဲ
ဂရုမစိုက်ဘဲ လမ်းထဲဆက်ဝင်လာလိုက်တယ်။

ဒါပေမဲ့ ကောင်မလေးက သူ့ကိုလှမ်းခေါ်တော့ ကြောင်သွားတယ်။ ကောင်မလေးက
သူ့အနားလာပြီး ပြောတယ်။

“နင်ငါ့ကို တစ်ခုကူညီပါလား” “ငါဗိုက်အရမ်းဆာနေလို့”

ကောင်လေးက ကောင်မလေးကိုတစ်ချက်အကဲခတ်ကြည့်တော့ ပုံစံက
သန့်သန့်နဲ့ခပ်ချောချောလေး အသက်ကလည်းရွယ် တူလောက်ဆိုတော့ ရှိန်းတိန်းတိန်း
ဖြစ်သွားတယ်။နောက်တော့မှ တဏှာမပါတဲ့ စိတ်နဲ့ ကူညီလိုက်မယ်လို့ စဉ်းစားပြီး
ပိုက်ဆံအိတ် ထဲက ၅၀၀ တန်တစ်ရွက် ကိုထုတ်ပေးလိုက်တယ်။ ကောင်မလေးက မယူဘဲနေလို့
ရှက်နေတယ်ထင်တာနဲ့ လက်ထဲကို အတင်းထည့်ပေးတော့ ကောင်မလေးက ပြောတယ်။

“ငါ့ကို ၀ယ်ပေးပါလား”

ကောင်လေးလဲ ရုတ်တရက်ဆိုတော့ ကြောင်သွားတယ်။ နောက်မှ မထူးပါဘူးလေဆိုပြီး
ပေါင်မုန့် နဲ့ အအေး သွားဝယ်ပေးရတာပေါ့။ ကောင်မလေးက ၀မ်းသာသွား ရှာတယ်။
ပြီးတော့ တခြားလူတွေလို ဆုတွေမတောင်းပေးဘဲ ကျေးဇူးတင်တဲ့ အနေနဲ့
တစ်ချက်ပြုံးပြလိုက်တယ်။ အဲဒါနဲ့ ကောင်လေး အိမ်ပြန်လာလိုက်တယ်။ အိမ်ရောက်တော့လဲ
အဲဒီအကြောင်းဘဲ တွေးနေမိပြန်ရော။

နောက်နေ့ ညကျတော့လဲ ကောင်မလေးက အဲဒီနေရာမှာဘဲ ရှိနေတယ်။ ကောင်လေးကိုမြင်တော့
လှမ်းခေါ်တယ်။ ကောင်လေးလဲ ညဘက်ကြီး မိန်းကလေးတစ်ယောက်ထဲ ၂ရက်ဆက်တိုက် ရှိနေတော့
နည်းနည်းစိတ်ဝင်စားတာနဲ့ ကောင်မလေးဘေးမှာသွားထိုင်လိုက်တယ်။ ပြီးတော့
မေးလိုက်တယ်။

ယောကျာ်းတစ်ယောက်၏ အချစ်ဆိုသောအရာ(3)

အခန်း ( ၃ )
ကျွန်မရန်ကုန်ရောက်ရောက်ချင်း မောင့်ဟမ်းဖုန်းကိုလှမ်းခေါ်မိသည်။ တစ်ဖက်လာကိုင်သူက အမျိုးသမီးတစ်ဦး... “ ခဏစောင့်ပါ ” ဟု ပြောပီး တအောင့်တွင် မောင်လာကိုင်သည်။
“ ဟဲလို ”
“ မောင် .. ကျွန်မပါ ”
“ မနော ... ” မောင့်အသံက အံ့သြမှုအပြည့် ... ဟုတ်ပါသည် .. မောင်အံ့သြနေရှာလိမ့်မည် .. ကျွန်မမောင့်ကိုအဆက်အသွယ်မလုပ်တာ ၁ နှစ်လောက်တောင်ရှိခဲ့ဘီလေ။
“ ဟုတ်တယ်မောင် ကျွန်မအခုရန်ကုန်ရောက်နေဘီ .. မောင်နဲ့တွေ့ချင်တယ် ... မောင် မနက်ဖြန် မနက်အားမလား ”
“ အင်း ... ဘယ်မှာတွေ့မလဲ ”
“ ကန်တော်ကြီးထဲ ... ကျွန်မတို့နောက်ဆုံးတွေ့ခဲ့တဲ့နေရာမှာ ”
“ အိုကေ .. လာခဲ့မယ် ”

ကျွန်မစိတ်တွေလှုပ်ရှားနေမိသည်။ မောင့်ကို ကျွန်မအစီအစဉ်တွေပြောပြမည်။ မောင်နဲ့အတူ ရှေ့ရေးတွေတွေတိုင်ပင်မည်ဟု စဉ်းစားကာ ချိန်းထားသော နေရာသို့ကြိုရောက်နေမိသည်။
သိပ်မကြာလိုက်ပါ. မောင့်ကားလေးရောက်လာခဲ့သည်။ ကျွန်မလှမ်းကြည့်လိုက်တော့ ဆင်းလာသူဟာ မောင်တစ်ယောက်တည်းမဟုတ်ခဲ့ပါ။ နောက်ထပ်အမျိုးသမီးကလေးတစ်ယောက်လည်းပါလာခဲ့သည်။
မောင်က ကျွန်မကို ပြုံးပြရင်း
“ ဘယ်တုန်းကရောက်လဲ မနော ”
“ မနေ့က နေ့လည်ကပါ .. ဒါနဲ့ သူက ” ကျွန်မဟန်မဆောင်နိုင် .. မေးလိုက်မိသည်။
“ အော် ကိုယ်နဲ့လက်ထပ်မယ့်သူလေ .. နာမည်က သီရိတဲ့ ... သီရိ .. ဒါမနောအေးလေ ”
ရုတ်တရက်နားထဲတွင် မယုံနိုင်လောက်အောင်ဖြစ်မိသည်။ မောင်ပြောလိုက်တာ ... မောင်နဲ့လက်ထပ်မယ့်မိန်းကလေး ... ကျွန်မနားကြားမှားတာဖြစ်ပါစေ ...
“ ဟုတ်ကဲ့ မမ .. တွေ့ရတာဝမ်းသာပါတယ် ... မမအကြောင်း ကိုကိုပြောဖူးလို့ကြားဖူးပါတယ် ”
“ အော် အင်း တွေ့ရတာ ၀မ်းသာပါတယ် ညီမလေး ”
ကျွန်မဆုတောင်းမပြည့်ခဲ့ပါ ... ကောင်မလေးကပါ ကိုကိုလို့ခေါ်ကာ ဟုတ်မှန်ကြောင်း သက်သေပြနေခဲ့လေပြီ .. အရာရာဟာ နောက်ကျခဲ့ပြီပေါ့မောင် ..
“ ထူးအောင်တို့တွေ့ကြတာကြာဘီလား .. ”
“ အင်း ၆ လလောက်ပဲရှိအုံးမယ် ”
“ အော် .. ”
“ မနော ... ကိုယ်တို့နောက်မှအေးဆေးတွေ့မယ်ကွာ ... ကိုယ် မေမေခိုင်းတဲ့ကိစ္စလေးရှိနေလို့ ”
“ အင်း ဟုတ်ပီ ထူးအောင် ... နောက်မှ မနောတို့တွေ့ကြတာပေါ့ ... ”
“ သွားပြီ မနော ”
“ သွားပြီနော် မမ ”
“ ဟုတ်ကဲ့ ”
သူတို့ကားလေးထွက်သွားခဲ့လေဘီ။ ယခုတော့ ကျွန်မကိုသိပ်ချစ်လွန်းလှပါသည်ဆိုသော မောင်သည် ကျွန်မ မဟုတ်သော တခြားမိန်းမတစ်ယောက်နှင့် လက်တွဲကာသွားလေဘီ။
ကျွန်မမှာတော့ ဒီနေရာမှာပင် တစ်ယောက်တည်းကျန်ခဲ့သည်။ ကျွန်မရင်ထဲမယုံနိုင်သေး။ မောင်က ကျွန်မကိုဒီလိုနည်းနဲ့စောင့်နေခဲ့တယ်တဲ့လား။
မောင်နဲ့ကျွန်မ ဘယ်လိုမှမဆုံစည်းနိုင်ခဲ့တာသေချာသွားခဲ့ပီပေါ့ .. မောင်ရဲ့ကောင်မလေးသည် ခြောက်လလောက် တွေ့ဆုံကာ အရှိန်အဟုန်ပြင်းသည့် သံယောဇဉ်ကို တစ်ချီတည်းနဲ့ အလဲထိုးအနိုင်ယူသွားပါသည်။
ထို့အတူ အဖြစ်ချင်ဆုံးဆန္ဒကိုစွန့်လွှတ်ခဲ့တဲ့ ကျွန်မရဲ့ချစ်ခြင်းနဲ့ ငါးနှစ်လုံးလုံး စောင့်မျှော်ခဲ့ရသည့် ထုဆစ်ခဲ့ရသည့် မျှော်လင့်ချက်တွေသည်လည်း ပြိုကျမဲ့ ပြိုကျတော့ ခဏလေး။ အခိုက်အတန့်မျှသာပင်။
ပထမတစ်ခါ ဒီနေရာလေး၌ ခွဲခွာခဲ့စဉ်က .. ကျွန်မမျက်ရည်စကိုသိမ်းနိုင်ခဲ့သည်။ ယခုထပ်၍ ဝေးကွာချိန်တွင်လည်း ကျွန်မပြုံးပြုံးလေးပင် သူတို့ကိုနှုတ်ဆက်ခဲ့ပါသည်။
ကျွန်မရင်ထဲက မျက်ရည်စတွေ မောင်မမြင်နိုင်ခဲ့။ ဒီတစ်သက်ဘယ်တော့မှလည်း မောင်သိအောင် ပြောတော့မည်မဟုတ်ပေ။
မောင့်စိတ်တွင်တော့ ကျွန်မဟာ ချစ်သူကိုအရင်စွန့်ပစ်သွားရက်သူလို့ ထင်နေပေလိမ့်မည်။ ဒါပေမယ့်လည်း ... မသေချာတဲ့ထင်မြင်ချက်တစ်ခုအတွက် ...
ကျွန်မဘက်ကပေးဆပ်လိုက်ရတာကတော့ တဆိတ်များလွန်းသည်ထင် ...... အားလုံးရဲ့အဆုံးသတ်မှာ ကျွန်မရင်ထဲ မောင်နှင့်ပက်သက်၍ ရရှိခဲ့သည့် အသိတစ်ခုကတော့ ....
ဘယ်လောက်ပဲ သစ္စာတရားတွေ ထားရှိခဲ့ပါစေ၊ ဘယ်လောက်ပဲ အချိန်ကာလများစွာ သံယောဇဉ်ဖွဲ့တည်ခဲ့ပါစေ၊ ဘယ်လောက်ပေးဆပ်ခဲ့ပါစေ၊ တစ်ဖက်လူက တန်ဖိုးမထားခဲ့ရင် အရာမထင်နိုင်ခဲ့ကြောင်း ကောင်းကောင်းသိလိုက်ရပါသည်။ ထို့ကြောင့် ယောကျာ်းတစ်ယောက်ရဲ့အချစ်ဆိုသောအရာသည် .............



ဒီတင်ပြီးပါဘီ

ယောကျာ်းတစ်ယောက်၏ အချစ်ဆိုသောအရာ(2)

အခန်း ( ၂ )

ကျွန်မစိတ်တွေ ပျော်ရွှင်နေမိသည်။ အဘယ်ကြောင့်ဆိုသော် ... မနက်ဖြန် မနက်တွင် ကျွန်မ ချစ်သူမောင်ရှိရာ မြန်မာပြည်ကိုပြန်ရတော့မည်။
၅ နှစ်ဆိုသော အတိုင်းအတာတစ်ခုမှာ ကျွန်မအလုပ်တွေဖိလုပ်ခဲ့သည်။ အချိန်ရှိတိုင်း ကျွန်မနဲ့မောင့်အတွက်ဟု စဉ်းစားကာ တစ်နေ့တွင် အိပ်ချိန် ၅ နာရီလောက်သာ ပေးလျက်
ကျန်အချိန်များကို အလုပ်လုပ်ခြင်း၊ကျောင်းတက်ခြင်းတို့ဖြင့် ကုန်ဆုံးခဲ့သည်။ ထို့ကြောင့် မောင့်ကိုပင် တစ်လကိုစာ တစ်စောင် မပို့ဖြစ်ခဲ့။ ၄ ၅ လ တစ်စောင်ပို့ဖြစ်အောင် မနည်းကြိုးစားခဲ့ရသည်။
ရေးတိုင်းလည်း လွမ်းတယ် ချစ်တယ်ဆိုသော စာသားများမပါခဲ့ ... ချစ်သူမောင့်ကို စာကြိုးစားဖို့၊ အချိန်မှန်အိပ်၊အချိန်မှန်စားဖို့၊ နေကောင်းအောင်နေဖို့ လိုရင်းတိုရှင်းသာရေးနိုင်ခဲ့သည်။
မချစ်၍လားလို့ မေးလာလျှင် အဖြေကအရမ်းရှင်းပါသည်။ ကျွန်မသိပ်ဖြစ်ချင်ခဲ့တဲ့ ဆရာဝန်ဘ၀ကိုစွန့်လွှတ်ကာ အခုလိုအလုပ်လုပ်နေရခြင်းသည် မောင့်အတွက်သာပင်။ မောင့်ကိုကျွန်မချစ်သည်။
သို့ပေမယ့် ကျွန်မအချစ်ကိုစော်ကားလွန်းသော မောင့်အသိုင်းအ၀ိုင်းကိုဖြင့် မုန်းပါသည်။ မောင့်ကိုကျွန်မချစ်သူတော်ခဲ့ခြင်းသည် မောင်သူဌေးသာဖြစ်လို့ဟု အားလုံးက၀ိုင်း၍ပြောခဲ့သည်။
ကျွန်မ မမေ့နိုင်ခဲ့ပါ။ ဒါပေမယ့် မောင့်ကိုလမ်းခွဲဖို့ ကျွန်မမလုပ်နိုင်ခဲ့။ အဘယ်ကြောင့်ဆိုသော် ကျွန်မဘ၀တွင် မောင်သည် တစ်ဦးတည်းသော နှင့် အချစ်ရဆုံးသော အမျိုးသားကလေးပင်တည့်။
ဘ၀ကိုအခက်အခဲများစွားနှင့် လျှောက်လှမ်းခဲ့ရသော ကျွန်မအတွက် အချစ်ဆိုတာကိုရှာဖို့၊အပျော်ရည်းစားထားဖို့ဆိုတာ အိမ်မက်ထဲတွင်တောင်မဖြစ်နိုင်ခဲ့ပါ။
ထိုကဲ့သို့ မွန်းကျပ်မှုများပေါင်းမြောက်များစွာနှင့် ကျွန်မဘ၀ထဲကို မောင်သည်အတင်းပင်ဇွတ်တိုးဝင်လာသောအမျိုးသားကလေးဖြစ်သ ည်။
ကျွန်မသည် ယောကျာ်းများစိတ်ဝင်စားစရာမကောင်းသော သာမာန်မိန်းကလေးတစ်ယောက်သာဖြစ်သည်။ ကျွန်မမှာ ထူးခြားတာဆိုလို့ ပါးချိုင့်လေးတစ်ခုသာရှိသည်။
မောင်ကတော့ အဲဒီပါးချိုင့်လေးကိုပဲ သူစွဲလမ်းခဲ့ရတာ ဟုပြောသည်။ ကျွန်မနှင့် မောင်တွေ့ဆုံပုံက ရိုးရှင်းလှပါသည်။ ဆေးကျောင်းသား မောင် နှင့် ဆေးကျောင်းသူ ကျွန်မတို့ ရိုးရိုးလေးပဲ ...
ပထမနှစ် fresher welcome တွင်စတင်ဆုံဆည်းခဲ့ကြသည်။ ရောက်တာနောက်ကျသော မောင်က ကျွန်မဘေးက ခုံအလွတ်တွင် ၀င်ထိုင်းရင်း ကျွန်မတို့ရင်းနှီးခဲ့ကြသည်။
သူငယ်ချင်းဖြစ်ပြီး ၃ လအကြာတွင် မောင်ကကျွန်မကိုချစ်တယ်ဟုဖွင့်ပြောလာခဲ့သည်။ သူဌေးသားဖြစ်သော်လည်း စိတ်ဓာတ်ဖြူစင်ရိုးသားသော မောင့်ကို ကျွန်မချစ်ခဲ့မိသည်။
ဖြစ်သင့်ပါ့မလားဟု အတန်တန်စဉ်းစားရင်းပင် သူဖွင့်ပြောပီး ၃ လအကြာတွင် ကျွန်မအဖြေပြန်ပေးမိသည်။ မောင်နဲ့ကျွန်မ ချစ်သူရယ်လို့သာ ပြောတယ် ...
မောင့်ကိုကျွန်မအရမ်းချစ်တယ် ... အရမ်းလွမ်းတယ် ... ဟု ခဏခဏ မပြောခဲ့ဘူးပါ ... မောင်ကသာ သူချစ်ကြောင်း အခါခါပြောခဲ့သည်။
ချစ်သူဘ၀မှာ ပန်းခြံတွေ၊ရုပ်ရှင်တွေသွားဖို့လည်း အချိန်မပေးနိုင်ခဲ့ပါ။ မောင်ကအတန်းလစ်ပီး ရုပ်ရှင်သွားကြည့်ကြဖို့ပြောသော်လည်း
“ ခုလည်းတွေ့နေရတာပဲ မောင်ရယ် အဲလိုမပိုအလုပ်တွေမလုပ်ပါနဲ့ ” ဟု ငြင်းဆန်ခဲ့စမြဲပင်။ အဲလိုပြောလိုက်တိုင်း မောင့်မျက်နှာပျက်သွားပီး စိတ်ကောက်တတ်စမြဲပင် ..
ဒါပေမယ့်လည်း ကျွန်မအနည်းငယ်ချော့လိုက်တိုင်း မောင်ကကျေနပ်စမြဲပင်တည့်။ အဲလိုချစ်စရာကောင်းသော ... အမျိုးသားကလေးကို ကျွန်မရင်နှင့်မဆန့်အောင်ချစ်ရပါသည်။
မောင်ရေ ... မောင့်ကိုစိတ်ညစ်စေခဲ့တဲ့အချိန်တွေအတွက် ... အခုမောင့်ကိုပြန်အလျော်ပေးပါ့မယ် ... မောင်နဲ့အတူတူနေကြဖို့ ကျွန်မအားလုံးပြင်ဆင်ပြီးခဲ့ပီ ... ကြိုနှင့်တော့ မောင်ရေ


ဆက်ရန် >>>
 
Copyright© ညအလင်္ကာ