Sunday, November 22, 2009

ပုသိမ်တက္ကသိုလ်က ဖူးစာ(ဇာတ်သိမ်း)

ပုသိမ်တက္ကသိုလ်က ဖူးစာ(ဇာတ်သိမ်း)
ပိုဖို့လည်း စိတ်မကူး ၊ နန္ဒာကပဲ ရိုးလွန်းခဲ့တာ ဖြစ်နိုင်သည်။ အချွဲအနွဲ့ ၀ါသနာမပါသူ နန္ဒာလှိုင်ကို မောင်လို့ ခေါ်ခိုင်းတာ မခေါ်ပဲ စိတ်ကျေနပ်ရုံ လင်္ကာလို့ပဲ ခေါ်တတ်ခဲ့တဲ့သူပါ
ချစ်လား……..ချစ်လား လို့ ခဏ ခဏ မေးတော့
မေးမနေနှင့် ဒီမေးခွန်းမျိုးအမြဲတမ်းမဖြေချင်ဘူး လို့ တားမြစ်ခဲ့သည်။
အဲ့ဒီတုန်းက သူမျက်နှာပျက်သွားပေမဲ့ စိတ်ပျက်သွားလိမ့်မယ်လို့ မထင်ခဲ့တာတော့ အမှန်ပဲ.


ကန်သုံးဆင့်ကို သွားရအောင် နန္ဒာ ရာနော်
ဒီပိတ်ရက်လေးနော်
တောင်ပေါ်မှာ အကြော်သွားစားရအောင်၊ ပြီးတော့ လေယာဉ်ကွင်းထဲ စက်ဘီးသွားနင်းရအောင်နော် လို့
ကျွန်တော်က ပြောတိုင်း

နန္ဒာလည်း
` ဘုရားလောက်ပဲ သွားပါ လကာင်္ရာနော်၊…………အဲ့ဒါတွေပါ လျောက်သွားရင် တစ်နေကုန်မှာ လင်္ကာရ´
စာမေးပွဲအတွက်လည်း စာကျက်ကြရဦးမှာလေ။…………

ကျွန်တော်က သွက်သွက်လက်သွက်လည်ပတ်နေချင်သူ။…………..
နန္ဒာက အေးဆေး နေချင်သူ…………

နောက်တော့ ကျွန်တော်လည်း လိုလိုလားလား မခေါ်တော……………….. ကျွန်တော်လည်း စာဖတ်ချိန် စာကျက်ချိန်ထဲ အချိန်ပိုတွေ ထပ်ထည့်ခဲ့သည်……..

စာမေးပွဲ ဖြေပြီးချိန်မှာတော့ ကိုယ်မြှိုကိုယ့်ရွာ ပြန်သွားကြတော့မဲ့ အချိန်မှာ ကျွန်တော်က နန္ဒာကို လိုက်ပို့ခဲ့ပါသည်…………….
စာရေးရန်၊ အဆက်အသွယ်မပြတ်ရန် ခဏခဏ ကျွန်တော်ပြောပေမဲ့ သူကတော့ နှုတ်ဆက်ရုံမှတပါး ဘာမှ မပြော………… သူငယ်ချင်းတွေ အတွဲကိုယ်စီနှင့် ကြည်ကြည်နုးနူး နှုတ်ဆက်နေကြပေမဲ့ ကိုယ်ကတော့ ငေါင်းစင်းစင်းကြီး ………………………………..သူမပြန်ခင်တော့ တစ်ခွန်းပြောသွားခဲံပါသည်
ဒီလောက်ပြတ်သားလိမ့်မယ်လို့တောင် မထင် …….နန္ဒာလိုင် ထားရစ်ခဲ့တော့ ကျွန်တော်ကလည်းမာနတွေနှင့် ကျန်ရစ်ခဲ့သည်။

မာနနှင့် ခံပြင်းနေသောလည်း ကျွန်တော့် စာကြည့်စားပွဲပေါက မှန်ပေါင်နှင့်တင်ထားတော့ နန္ဒာရဲ့ ဓါတ်ပုံလေးကို ငေးကြည့်ပြီး လွမ်းဆွတ်နေမိသည်။

`နင်နဲ့ နန္ဒာ ဘယ်လိုဖြစ်တာလဲ´ မေးလာတဲ့ သူငယ်ချင်းတိုင်းကို ပြတ်သွားပြီလို့ ခပ်တင်းတင်းပြန်ပြောခဲ့ပေမဲ့ တကယ်တမ်း မတင်းမာနိုင်တာကိုတော့ ၀န်ခံရပါမည်……..
ဓါတ်ပုံထဲက နန္ဒာကို လက်ချောင်းကလေးတွေနှင့် တို့ထိရင်းကြေကွဲမိသည်။ မြ၀တီအဆောင်ရှေ့က Kiss me အပင်လေးတွေဝိုင်းပတ်ထားတဲ့ အုတ်ခုံတန်းမှာ နန္ဒာ ထိုင်နေကြ နေရာကို သင်တန်းပြန်ချိန်တက်ချိန် မှာ ငေးမောကြည့်မိတိုင်း လွမ်းဆွတ်မိသည်။
ဒါပေမဲ့ `ငါ့ကိုမေ့လိုက်တော့ ဆိုတဲ့ သူရဲ့ စကားအပြီးမှာ ကျွန်တော်ရဲ့ ချစ်ခင်ရသမျှ ၊ တွယ်တာ မြတ်နိုးခဲ့ရသမျှ တန်ဖိုးထားပေးဆပ်ခဲ့ရသမျှ အားလုံးဟာ နိဂုံးချုပ်သွားခဲ့ပြီဖြစ်ပါသည်…..
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
xxxxxxxxxxxxxxxxxxxxxxxxxxxxx
ကျွန်တော် ဘ၀ငြိမ်သက်သွားပြီဟု ယူဆမိသောအချိန်ကျမှ ဆုမွန်ကျော်နှင့် ထပ်ဆုံရပြန်ပါသည်။
သူကချောတယ်လို့လည်း မဟုတ်ဘူး
လှတယ်လည်းမဟုတ်ပါဘူး ကြည့်ကောင်းတဲံအထဲမှာပါ ပါတယ်
ကျွန်တော် ညအလင်္ကာအဖို့အတွက်တော့ သူရဲ့ ကလေးဆန်တဲ့ အမူအရာတွေက နှစ်သက်စရာကောင်းပါသည်။။။။။။။။။။
ဆုမွန်ရောင်းတဲ့ ဆေးပစ္စည်းဆိုင် ကို ရောက်သွားတိုင်း တံခါးကို ထုခါ နိုးရတတ်သည်……..
ဆုမွန် နှိုးတိုင်း အိပ်ချင်မူးတူးနှင့် ထလာပြီး


`ဟာ…….လင်္ကာ…….. ခဏလေးဆိုပြီး မျက်နှာပြန်ဝင်သစ်နေကြ။။။။။။။။။။´
`ဆုမွန်က သိပ်ပြင်းတာပဲ´ ကျွန်တော်လာတိုင်းနိုးရတယ်

ဆုမွန်က ` ညဆို ဆယ်နှစ်ရာ၇ီ တစ်ချက်မှ အိပ်ရတာ လင်္ကာရ´
`ဖေ့ဖေ့ လူနာတွေက တော်တော်နှင့် ပြီးတာ မဟုတ်ဘူး….အလုပ်ပြီးတော့ စားတာသောက်တာနှင့် ညည့်နက်ရော´

`ကျွန်တော်ပေးတဲ့ စာအုပ်တွေရော ဖတ်ရဲ့လား´

` ဘယ်ဖတ်ရဦးမှာလဲ´ ပြောပြီး အားပါးတရ အော်ရယ်နေသေးသည်.
ကျွန်တော်ရယ်တော့လည်း ပြုံးရင်းငဲ့ကြည့်သည်။
ကျွန်တော်ဆုမွန်ဆိုင်ရောက်တိုင်း ဆုမွန်ကြိုက်တတ်တဲ့ အကြော်ဆိုင်မှ အကြော်ဝယ်ခဲ့ဖို့ ဘယ်တော့မှမမေ့၊။။။။။။။။။။ ဆုမွန်ကလည်း ကျနော်ကြိုက်တဲ့ လိမ္ဓော်သီး ၀ယ်ထားဖို့သတိရသည်ပင်……..
ဒီလိုနဲ့ပဲ ကျွန်တော်နှင့် ဆုမွန် သံယော်ဇဉ်တွေ ပိုခိုင်မြဲလာသည်။။။။။။။

ခါတိုင်းလိုပင် ကျွနိတော်သည် ဆုမွန်စားဖို့ အကြော်ဆိုင်မှ အကြော်ဝင်ဝယ်သည်. အငွေ့မိပြီူး အကြော်ပျော့သွားမှာဆိုး၍ လေသလပ်ထားရင်း ဆုမွန်ကို လွမ်းဆွတ်မိသည်။
ဆုမွန်ဆီ မရောက်တာ အတော်ကြာသွားပြီး
ခါတိုင်းဆို ဘတ်ကားမှတ်တိုင်မှာစောင့်ရတာ သိပ်မကြာ ………..တွေ့ချင်ပါတယ်ဆိုမှ စောင့်ရတာအကြာကြီး

တွေ့ရကာနီးမှ ပိုတွှေု့ချင်လာသည်။။။။။။။။။။။ မတွေ့ရတာ ကြာပြိလေ
ကျွန်တော် ပုသိမ်ကို ခရီးထွက်နေတာ နှစ်ပတ်နီးပါး…………. ကျနော်အပေါင်းအသင်းတွေနှင့် ပုသိမ်က ခြေရာတွေပြန်ရှာခဲ့ကြသည်………
တက္ကသိုလ်ဝင်းထဲက စိန်ပန်းပင်တွေ အပွင့်တွေနီရဲနေအောင် ပွင့်နေကြပြီ…….. သြရေးရှားအပင်တွေက ကျွန်တော်ကို ငုံကိုင်းကြည့်နေကြပြီ
တက္ကသိုလ်ကျောင်းကြီးကိုမြင်တော့အရာရာ လွမ်းစရာ
နန္ဒာနဲ့ ထိုင်ခဲ့တဲ့ ရွှေမောဓေါ ဘူရားပေါ်က တန်ဆောင်းက အရင်အတိုင်း မပြောင်းလဲ………..
သင်္ဘောဆိပ်မှာ နန္ဒာ ကျနော်ကို ထားခဲံတဲ့ ပုသိမ် သင်္ဘောဆိပ်ကလည်း ထည်ထည်ဝါ၀ါနဲ့…..

ကျွန်တော်တို့ကသာ အားလုံးပြောင်းလဲသွားခဲ့ကြတာသည်.
`အားလုံးမိသားစုတွေနဲ့ြ့ဖစ်ကုန်ပြီ လင်္ကာ နန္ဒာလည်းသားလေးတစ်ယောက်ရနေပြီတဲ့။။။
မင်းပဲကျန်တော့တယ်´
`ဘာလဲ…..တပင်တည်းရင်ထဲကနွယ်လား´

`တော်ပါကွာံ …မင်းတို့တွေကလည်း ထင်ရာတွေ လျောက်ပြောမနေကြပါနဲ့´
` သူလည်း သူဘ၀နဲ့သူ အခြေကျနေပြီ အရာအားလူုံးပြီးဆုံးသွားပြီပဲ´
`ဟေ့ကောင်………….လင်္ကာ…မင်းဟာက အလွမ်းတောင်မပျယ်သေးဘူး…. ပြန်ချင်နေပြီလား.
ဘာလဲ ရန်ကုန်မှာ တွေ့နေပြီလား´
ဒီကောင်တွေပြောမှ ကျွန်တော်ပိုလို့ လွမ်းဆွတ်လာမိသည်. ကျွန်တော်ပြုံးသောအခါ အားလုံးက လက်သီးတပြင်ပြင်နဲ့……..
`ဟုတ်ပါတယ်……….တွေ့နေပါပြီ ဘယ်သူလဲ ပြောစမ်း´
`ဘယ်က တွေ့ရမှာလဲကွ´
ဆုမွန်အကြောင်းလည်း ကျနော် မပြောဖြစ်။။။။။။။။။အချစ်မှာ ခံစားချက်လည်း တစ်စိတ်တစ်ပိုင်းပါဝင်နေတာ ပြောပြလို့လည်း အိမ်ထောင်သည်တစ်ပိုင်းဖြစ်နေပြီး စီးပွားရေးတွင်အောင်မြင်နေသူများကို နားလည်ပေးမည်မထင်…… ဆုမွန်ကိုရှုတ်ချပြီး ကျနော်ကို အပြစ်တင်မှာ အသေချာ.။။။။။။။

ဆုမွန်ဆိုင်ရှေ့ရောက်တော့ ညနေစောင်းနေပြီ
`ဆုမွန်အိပ်နေတယ် အကို…..´
သူဆိုင်ဘေးက ကောင်မလေးက ကျနော်ကို မှတ်မိစွာ လှမ်းပြောသည်။။။။
`သူလည်း မနေ့ကမှ ဆိုင်ပြန်ဖွင့်တာ´
`ဟုတ်လား´ လင်္ကာ ရောက်တယ်လို့ သွားနှိုးပေးပါလား

ကျွန်တော် အသံက ခပ်မြုးမြုး ကျွန်တော် ပျော်ရွင်နေမိသည်……….
အိပ်ချင်မူးတူးနှင့်ထွက်လာသော ဆုမွန်က ခါတိုင်းလို `ခဏနော် လင်္ကာ လို့ ပြောပြီး´ ပြန်ဝင်မသွားပဲ ကျနော်ကို ခပ်ငေးငေး စိုက်ကြည့်နေသည်…….
`ဆူမွန် နေမကောင်းဘူးလား။။။
`မနေ့ကမှ ဆိုင်ပြန်ဖွင့်တာ ၊ နေမကောင်းလို့ မဟုတ်လား´
ကျနော်က တဖွဖွ မေးဆဲ ဆုမွန်က ခုံပုလေးမှာထိုငိပြီး ခေါင်းငုံနေခဲ့သည်။။

တိတ်ဆိတ်ငြိမ်သက်တဲ့ ဆုမွန်ပုံစံက ကျနော်ကို အနေရ ခက်စေခဲံသည်…….
ဆုမွန်ဟာ နှစ်ပက်အတွင်း ဒီလောက် ပြောင်းလဲသွားရတာလဲ

ဘာဖြစ်လို့ လဲ မေးတာ ဖြေဦးလေ……….
ကျနော်မှာတော့ အပြေးအလွား လာခဲ့၇တာ
ပုသိမ်သွားတာ ဆုမွန် ကို မပြောခဲ့/ရလို့ မျှော်နေမှာပဲလို ထင်နေတာ
ပုသိမ်က ဟာလ၀ါကို မနက်ဖြန်မှ ယူလာခဲ့တော့မယ်………….ပြောပါဦး……..ကျွန်တော်ကို မျှော်မနေဘူးလား?
`မျှော်ပါတယ် ……..ဒါပေမဲ့ လင်္ကာ……………….အင်း…´
`ပြောလေ..ဘာဖြစ်လို့လဲ´

ဆုမွန် အိမ်ထောင်ကျသွားပြီ………….လင်္ကာ

`လမ်းပေါ်မှာ တရိပ်ရိပ်ပြေးနေသည့် ကားတွေ အားလုံး ကျနော်မြင်ကွင်းမှာ လုံးဝပျောက်ကွယ်သွားသည်…..
အရာအားလုံးမှောင်အတိ…..
အားလုံးလေဟာနယ် ဟင်းလင်းပြင် တွေချည်းဖြစ်ကုန်သည်။
ကျွန်တော် ဘယ်လိုမှ မျှော်လင့်မထားတဲ့စကား…….
မထင်မှတ်ထားတဲ့ ဖြစ်ရပ်……………….

``အာ….ဟုတ်လား´
`အဲ့ဒီကိစ္စအတွက် ဆုမွန်ပြောစရာမရှိဘူး လင်္ကာ၊ ပြောချင်စိတ်လည်း လုံးဝမရှိတဲ့အတွက် ခွင့်လွတ်ပါ။။။။´
သူ့အသံဆုံးမှာ တိုးတိတ်ငြိမ်သက်သွားသည်။ ကျွန်တော် မတ်တပ်ထရပ်မိတော့ သူက ဖြည်းညည်းစွား မော့ကြည့်သည်။ ကျနော် ယူလာတဲ့ အကြော်ထုပ်ကိုမြင်သည်။

ဟယ်ကြော်တွေ ဆုမွန်ဖို့လား လင်္ကာ………….
မြူးကြွ ချင်ယောင်ဆောင်ထားသော ဆုမွန်အသံက နာကျင်အက်ကွဲနေတယ်လို့ ကျနော်ထင်သည်……..
ဖက်ကနဲ အေ၇ာင်းပြောင်းတတ်တဲ့ ဆုမွန်မျက်ဝန်းတွေကို သရုပ်ခွဲကြည့်ဖို့ မလိုတော့ဘူးထင်ပါရဲ့…..
အင်းပေါ့……ယူထားလိုက်လေ .ခုနကပေးမလို့ မေ့နေတာ ဆုမွန်ရ´

ကျနော်လက်ထဲက အကြော်ထုတ်ကိုယူပြီး ကောင်တာပေါါ်တင်သည်.. စားဖြစ်မှာမဟုတ်ဘူးလို့ သိနေတဲ့ ကျနော်ကတော့ ၀မ်းနည်းလွှန်းလှသည်….

ကျနော်သွားတော့မယ်နော် ဆုမွန်………….
`ကားပေါ်က နောက်ဆုံးလှမ်းကြည့်လိုက်သောအခါ ငေးနေသော ဆုမွန်အကြည့်တွေကို ကြေကွဲစရာမြင်နေရသည်… ကျွန်တော် မျက်လုံးတွေကို မှိတ်ချလိုက်မိသညိ……….
ထင်မှတ်မထားခဲ့သော မျက်ရည်တွေက ဝေ့၀ဲကျလာသည်…..

ကောင်းကင်မှာ အိပ်တန်းပြန်ငှက်များကို မြင်နေရသည် ……………အနီရောင်မှိုင်းမှိုင်း ကောင်းကင်မှာ အုပ်စုလိုက် ပျံသန်းသွားတဲ့ ငှက်အုပ်နောက်မှာ ငှက်ကလေးတစ်ကောင်……

အဲ့ဒီ ငှက်ကလေးက ကျနော်ပဲ ဖြစ်လိမ့်မယ်…………….

ကျနော်သည် အမြဲတမ်းတစ်ယောက်တည်းပဲ ဖြတ်သန်းသွားရဥိးမှာ အသေချာ နောက်ထပ်ကွဲစရာအသည်းလည်း ကျနော်မှာမရှိတော့

ဒါပေမဲ့။။။။။။။။။
နှလုံးသားဆိုတာ
မျက်ရည်တစက်
တေးတပုဒ်နဲ့အတူ
ပေးဆပ်ရတဲ့ အရာသာဖြစ်ပါတယ်။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ညအင်္ကာ

1 comments:

Khyl said...

ဖတ်လို့ကောင်းတယ်....

Post a Comment

ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

 
Copyright© ညအလင်္ကာ