Saturday, January 23, 2010

၁၄ ရက်နေ့အမှတ်တရ

၁၄ ရက်နေ့အမှတ်တရ



January 14th “Diary Day”



နှစ်သစ်တစ်ခုရဲ့ အစပိုင်းလဖြစ်တဲ့အတွက် ချစ်သူတွေက
တစ်နှစ်လုံးလုပ်ရမယ့်ကိစ္စတွေကို အစီအစဉ်ရေးဆွဲတဲ့ အထိမ်းအမှတ်အနေနဲ့
ဒိုင်ယာရီစာအုပ်လေးတွေ အဲဒီနေ့မှာ အပြန်အလှန်လက်ဆောင်ပေးလေ့ရှိပါတယ် ။



February 14th “Valentines Day”



ချစ်သူများနေ့ကတော့ အားလုံးသိကြပါတယ် ။ အဲဒီနေ့နဲ့ အဲဒီနေ့မတိုင်ခင်မှာ
ကိုယ်ချစ်ရတဲ့သူကို ချောကလက်လှလှလေးတွေနဲ့
နှင်းဆီပန်းပို့ပေးလေ့ရှိကြပါတယ် ။ တစ်နှစ်လုံးမှာ
ချစ်သူစုံတွဲအားလုံးလိုလို ကျင်းပလေ့ရှိတဲ့
ချစ်ဖို့ကောင်းတဲ့နေ့ရက်လေးတစ်ခုပါ ။



March 14th “White Day”



ဒီနေ့မှာတော့ ယောက်ျားတွေက သူတို့ချစ်ရတဲ့ အမျိုးသမီးတစ်ယောက်ယောက်ကို
ကန်ဒီ သို့မဟုတ် နှစ်သက်တဲ့ လက်ဆောင်ပေးကြတာပါ .. ။ ချစ်သူများနေ့လို
ချောကလက်နဲ့ပန်းစည်းတော့ မပေးရပါဘူး ။ တစ်ချို့ကတော့ ချစ်သူကို
ကဗျာဆန်တဲ့ညစာစားပွဲတစ်ခုခု လုပ်ပေးကြပါတယ် ။ ဒါမှမဟုတ် ကမ်းခြေတို့ ၊
ပျော်ရွှင်ပွဲနေရာတွေသွားပြီး အမှတ်တရတစ်ခုခု လုပ်တာလည်း ရှိပါတယ် ။

Friday, January 22, 2010

စကားတစ်ခွန်း ဘဝတစ်ခုကို ပြောင်းလဲစေသည်

 စကားတစ်ခွန်း ဘဝတစ်ခုကို ပြောင်းလဲစေသည်

်ကြက်ပျံမကျ စည်ကားတဲ့ ပွဲခင်းတစ်ခုမှာ မိခင်တစ်ဦးက ၃နှစ်သား ကလေးငယ်ကို
ရောင်စုံ kဝယ်ပေးခဲ့တယ်။ ကလေးငယ်က ပူစီဖောင်းက
ကြိုးသေးလေးကို ကိုင်ပြီး ပွဲခင်းထဲမှာ ခုန်ခွ ခုန်ခွနဲ့ ပျော်နေခဲ့တယ်။
ပွဲခင်းထဲမှာ ပြေးလွှားကစားရင်း မမျှော်လင့်ဘဲ လက်ထဲက ပူစီဖောင်း
လွတ်သွားခဲ့တယ်။

Monday, January 18, 2010

မြန်မာညွန့်ညှိုး မကုန်အောင် အမျိုးဂုဏ် ဆယ်ကြစို့လေး''




''ခေတ်ဆန်သူ တပည့်မတို့ သတိရပေရှာ၊ အဓိက စေတနာငယ်၊ မေကညာခင်ထွေး။ ဆရာမ လွန်ကြင်နာလျှင်၊ သွန်သင်တာ မှတ်တော့ မနှေး။ ကာလဖြင့် ပျက်ချင်ပြီ၊ ဖက်ရှင်တွေ ရှုပ်ထွေး၊ အရှက်တွင် အဟုတ်ဝေးပါပေါ့၊ လှုပ်လှုပ်ကလေး တုံတုံ။ ဖန်ပေါင်းချောင် ရေအတွင်း၊ ရွှေငါးကြင်း လွတ်သည်သို့ကြုံ။ အင်္ကျီက အပါးစုံသည်၊ အသား ပုံဝါဝင်းလို့၊ ကျပ်တင်းတင်းတရားကွာ၊ ခါးကတစ်ထွာ။ မောင်အဘ အားနာလျှင်၊ မှားတာကို ပြင်ကြစို့လေး။ မြန်မာညွန့်ညှိုး မကုန်အောင် အမျိုးဂုဏ် ဆယ်ကြစို့လေး''

Saturday, January 16, 2010

ဂျီတော့မှာ ဘာတွေလုပ်

ဂျီတော့မှာ ဘာတွေလုပ်

အင်တာနက် အကြောင်းပြောမယ်ဆိုရင်
ဂျီတော့အကြောင်းလေးတော့ ပါမှ ပြည့်စုံသွားမှာပါ။
ဂျီတော့ ကို လူကြီးတွေလည်းသုံးသလို လူငယ်တွေလည်း အသည်းစွဲပါ( ကျနော်ကိုယ်တိုင်လည်းပါမယ်ထင်တာပဲ...ဟီးဟီး)

နည်းပညာတိုးတက်လာတဲ့နောက်မှာ အန္တရာယ်ဆိုတာလည်း ကပ်ပါလာတတ်တာမို့ မိဘတွေအနေနဲ့ ကိုယ့်သားသမီးလမ်းမှားမရောက်အောင် သူတို့ အငိတာနက်မှာ ဘာတွေသုံးပြီး
ဘာတွေပြောနေကြနေတယ်ဆိုတာ သိဖို့လိုအပိပါတယ်...
ဒီတော့ မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေ ဂျီတောခ့်ထဲမှာ ဘာတွေပြောနေတယ်ဆိုတာသိနိုင်မဲ့ ဆော့ဝဲလ် တစ်ခုကို ပြောပြပေးချင်ပါတယ်

မထားသင့်သောမာန

မထားသင့်သောမာန

သူငယ်ချင်းနှစ်ယောက်လုံးကအခြားတစ်ယောက်ကအလုပ်များနေမှာဘဲလို့တွေးကြတယ်..

ပြီးတော့တစ်ယောက်နဲ့စခေါ်လိုက်ရင်သူ့ကိုအနှောက်အယှက်ဖြစ်စေမှာဘဲလို့တွေးမိကြပြီးမဆက်သွယ်မိကြဘူး…

အချိန်တွေကြာလာတာနဲ့အမျှ

နှစ်ယောက်စလုံးကအခြားသူကစပြီးဆက်သွယ်လာမှာကိုဘဲစောင့်နေကြတယ်..

အဲဒါပြီးတော့ တစ်ယောက်ခြင်းဆီက ငါကဘာလို့အရင်ဆက်သွယ်ရမှာလဲလို့တွေးမိကြတယ်…

ဒီအချိန်မှာအစပိုင်းက သူငယ်ချင်းအချစ်တွေကအမုန်းတွေအဖြစ်ကိုပြောင်းလဲသွားကြတယ်…

သူတို့နှစ်ယောက်ဟာတစ်ဦးနဲ့တစ်ဦးမေ့သွားကြတယ်…..

နော်ကတော့........................ဘာတွေဖြစ်လာမလဲ?

မြန်မာနိုင်ငံ၏ ငွေကြေးစနစ်ဖြစ်ပျက်လာပုံအကြောင်း

မြန်မာနိုင်ငံ၏ ငွေကြေးစနစ်ဖြစ်ပျက်လာပုံအကြောင်း

မင်းတုန်းမင်းလက်ထက် မြန်မာသက္ကရာဇ် 1227 ခုနှစ်တွင် မန္တလေးနေပြည်တော်၌ ဒင်္ဂါးစက်ရုံကို တည်ထောင်ခဲ့ပြီး တစ်ကျပ်၊ တစ်မူး၊ငါးမတ်၊ တစ်မတ်၊တစ်ပဲ၊ စသည်ဖြင့် စုစုပေါင်းငွေ(၅)မျိုးအားသွန်းလုပ်ခဲ့ပါသည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်မူ မြန်မာငွေကြေးစနစ်တွင် ကျပ်။ ပဲ၊ ပိုင်၊ စနစ်မှ ၊ ကျပ်၊ပြား စနစ်သို့ ပြောင်းလဲ ခဲ့ခြင်းဖြစ်သည်ဟူ မှတ်တမ်းများအရ သိရသည်.



Saturday, January 2, 2010

မအိမ် ကံ(44)

မအိမ်ကံ ဒီဇင်ဘာ-09 ဒုတိယပိုင်း
အခုတော့ မအိမ်ကံတို့ အိမ်ကြီး ဆူဆူဝေဝေ မရှိတော့။ အိမ်ဦးခန်းမှာ ထိုင်ပြီး အကြောင်း အကျိုးအကောင်း အဆိုးကို ဝေဖန်ပိုင်းခြား ပေးတတ်သည့် အမေ ပန်းရုံလည်း ငုတ်တုတ် မည်းတည်း မရှိရှာတော့ပြီ။ အမေ့ ဆေးတောင်းကလေးကို မြင်တိုင်း ရင်လှိုက်ရ လွန်းသဖြင့် အိမ် အပေါ်ထပ်က အခန်းထဲ သိမ်းထားခဲ့ရသည်။ မလှအုံ မရှိတော့သဖြင့် ခါတိုင်းလို အိမ်မှာ သောသောညံညံ ဗျစ်တောက်ဗျစ်တောက် မရှိတာကပင် ခြောက်ကပ် သွားသလို ခံစားရသည်။ မုဆိုးဖို ကိုဖိုးငွေကတော့ လူအေးသလောက် ရိုးရှာ လွန်းသဖြင့် သနားရပါ၏။ ရက်ကန်း ရုံကလေးဘက်ရောက်တော့လည်း အရီးကြာညွန့်ကို သတိရ မိရပြန်သည်။ တူဝရီးနှစ်ယောက် ခေါင်းချင်းဆိုင်ကာ ရက်ကန်း အဆင် ဆန်းကလေးတွေ အကွက်အသွေး ဖော်ခဲ့ကြပုံ တွေ။ သည်လူသည် လူတွေရဲ့ နေရာမှာ မအိမ်ကံ ကိုယ်တိုင် ထဘီ ခါးစောင်း တင်ခဲ့ရပြီ။ မီးဖိုချောင်ကို ကျေးဥ ဝင်ရပြီ။


မအိမ် ကံ(43)

(nov 09)ယခင်လမှအဆက်.....

၁၃၁၇ ခုနှစ်၊ နယုန်လ။
ညောင်ရေသဘင်၊ပွဲစဲလျှင်ကား၊
ထက်ခွင်မိုးလ၊
ကြယ်ဇေဠနှင့်
ပြည့်ဝစင်ကြယ်၊
စံပယ်မြတ်လေး၊
ပင်တိုင်း မွှေး၍၊
တွေးတွေးမောင်းနီ၊
ညွန့်ချင်းစီသို့၊
ရာသီမေထုန်။
လ နယုန်မူ၊
မြူးခုန်သာရွှင်၊
မိုးလုလင်လည်း၊
ရွာကျင်ခြိမ့်မျှ၊
ရေးငန်းပြလျှက်...”

ကဆုန်လ ညောင်ရေသွန်းပွဲ ပြီးလေပြီ။ ဇောင်ချမ်းကုန်းရွာ ကျောင်းရှိ ဗောဓိ ညောင်ပင်ကြီးမှာ ရေသွန်းလောင်းကြသည်။ ညောင်ရေပွဲကတော့ တိုင်းပြည်အခါ မကောင်းသည့်ကြားက စည်စည်ကားကား ရှိခဲ့ပါ၏။ မအိမ်ကံတို့ အိမ်ဝိုင်းတိုက်ထဲက စံပယ်ရုံ၊ မြတ်လေးရုံတို့ ပန်းရေးပြကြသည်ပင် ခူးလို့၊ ကုံးလို့ မကုန်နိုင်ခဲ့။ အိမ်တိုင်းဆီက စံပယ်ပန်းနံ့၊ မြတ်လေးပန်းနံ့တွေ ထုံသင်းလှပါ၏။ မိုးကတော့ ဟန်ရေး တပြပြပင်။ ယာတောင်သူတို့ မိုးကို မျှော်ကြသော်လည်း ကဆုန် လပြည့်ကျော်လို့ နယုန်လပြည့် ရောက်သည့်တိုင် မိုးတစ်ပေါက် မရွာဘဲ ရှိခဲ့သည်။


 
Copyright© ညအလင်္ကာ