Saturday, January 23, 2010

၁၄ ရက်နေ့အမှတ်တရ

၁၄ ရက်နေ့အမှတ်တရ



January 14th “Diary Day”



နှစ်သစ်တစ်ခုရဲ့ အစပိုင်းလဖြစ်တဲ့အတွက် ချစ်သူတွေက
တစ်နှစ်လုံးလုပ်ရမယ့်ကိစ္စတွေကို အစီအစဉ်ရေးဆွဲတဲ့ အထိမ်းအမှတ်အနေနဲ့
ဒိုင်ယာရီစာအုပ်လေးတွေ အဲဒီနေ့မှာ အပြန်အလှန်လက်ဆောင်ပေးလေ့ရှိပါတယ် ။



February 14th “Valentines Day”



ချစ်သူများနေ့ကတော့ အားလုံးသိကြပါတယ် ။ အဲဒီနေ့နဲ့ အဲဒီနေ့မတိုင်ခင်မှာ
ကိုယ်ချစ်ရတဲ့သူကို ချောကလက်လှလှလေးတွေနဲ့
နှင်းဆီပန်းပို့ပေးလေ့ရှိကြပါတယ် ။ တစ်နှစ်လုံးမှာ
ချစ်သူစုံတွဲအားလုံးလိုလို ကျင်းပလေ့ရှိတဲ့
ချစ်ဖို့ကောင်းတဲ့နေ့ရက်လေးတစ်ခုပါ ။



March 14th “White Day”



ဒီနေ့မှာတော့ ယောက်ျားတွေက သူတို့ချစ်ရတဲ့ အမျိုးသမီးတစ်ယောက်ယောက်ကို
ကန်ဒီ သို့မဟုတ် နှစ်သက်တဲ့ လက်ဆောင်ပေးကြတာပါ .. ။ ချစ်သူများနေ့လို
ချောကလက်နဲ့ပန်းစည်းတော့ မပေးရပါဘူး ။ တစ်ချို့ကတော့ ချစ်သူကို
ကဗျာဆန်တဲ့ညစာစားပွဲတစ်ခုခု လုပ်ပေးကြပါတယ် ။ ဒါမှမဟုတ် ကမ်းခြေတို့ ၊
ပျော်ရွှင်ပွဲနေရာတွေသွားပြီး အမှတ်တရတစ်ခုခု လုပ်တာလည်း ရှိပါတယ် ။



April 14th “Black Day”



အနက်ရောင်နေ့လို့ ခေါ်ဆိုရမည့် ဧပရယ်လ် ၁၄ရက်ကတော့ ချစ်သူစုံတွဲမရှိတဲ့
တစ်ကိုယ်တည်းသမားတွေ အတွက်ပါ .. ။ ထူးထူးခြားခြား တစ်ရက်တည်းသော နေ့ပေါ့
.. ။ အဲဒီနေ့မှာ စုံတွဲမရှိတဲ့သူတွေ အချင်းချင်း အပြင်ကို အတူတူသွားပြီး
`တစ်ကိုယ်တည်းဘ၀´ အထိမ်းအမှတ်လုပ်ကြပါတယ် ။ အကျီအနက်ရောင် ၊
အသုံးအဆောင်အနက်ရောင်အားလုံးနဲ့ တစ်ကိုယ်လုံးကို
အနက်ရောင်ဆင်ထားလေ့ရှိကြပါတယ် ။ အဲဒီနေ့မှာ စုံတွဲမရှိကြောင်း
အနက်ရောင်ဝတ်ဆင်ရင်း စုံတွဲရသွားတဲ့ တစ်ကိုယ်တည်းသမားတွေလည်း
အများကြီးပါ။





May 14th “Rose Day”



နှင်းဆီများနေ့မှာတော့ ချစ်သူကို နှင်းဆီပန်းလက်ဆောင်ပေးလေ့ရှိပါတယ်။
ယောက်ျားလေးတွေက မိန်းကလေးတွေကို နှင်းဆီပန်းလေးတွေသီးသန့်ပေးပြီး
သူ့အချစ်ကို ဖော်ပြတဲ့နေ့တစ်ရက်ပါ။



June 14th “Kiss Day”



အနမ်းများနေ့ကတော့ သိပ်တော့ မကောင်းပါဘူး ။ သူတို့ယဉ်ကျေးမှုမှာတော့
အဲဒီနေ့မှာ ကိုယ်နဲ့တွေ့တဲ့ ကိုယ့်အသိအားလုံးကို နမ်းလို့ရပါတယ်တဲ့ .. ။
ချစ်သူက ခွင့်ပြုရင်တော့ အနမ်းပေးခွင့်ရှိပါတယ် ။ ခွင့်မပြုရင်တော့
ကိုယ့်ချစ်သူကိုယ်ပဲ စိတ်ကြိုက်နမ်းလိုက်ပေါ့ ။



July 14th “Silver Day”



ချစ်သူစုံတွဲတွေ ၊ သူငယ်ချင်းတွေက ဒီနေ့မှာ ငွေထည်ပစ္စည်းအချို့
လက်ဆောင်ပေးလေ့ရှိပါတယ်။



August 14th “Green Day”



အစိမ်းရောင်နေ့မှာတော့ စုံတွဲတွေက သဘာဝအလှတွေရှိတဲ့နေရာကို
အလည်ပတ်သွားပြီး ချစ်ခင်ကြင်နာမှုအပြည့်နဲ့ အဲဒီရက်ကို ကုန်ဆုံးကြပါတယ် ။



September 14th “Photo Day”



ဓါတ်ပုံနေ့မှာတော့ ချစ်သူတွေ အချင်းချင်း ဓါတ်ပုံလှလှလေးတွေ
အတူတူရိုက်ကြပြီး အိပ်ခန်းစားပွဲပေါ်မှာ အမှတ်တရအနေနဲ့ ထားလေ့ရှိပါတယ်။



October 14th “Wine Day”



ဒီနေ့မှာတော့ ကိုယ့်ရင်ထဲက အချစ်ဆုံးသူနဲ့ ၀ိုင်အတူတူသောက်ပြီး
ကြည်ကြည်နူးနူးစကားလေးတွေ တေးသီကျူးကြတဲ့ နေ့ပါ ။



November 14th “Movie Day”



ချစ်သူစုံတွဲတွေက အချစ်ဇတ်လမ်းလှလှလေးတွေ အတူတူသွားကြည့်ကြတဲ့ နေ့ရက်ပါ။



December 14th “Hug Day”



နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်သလို ချမ်းအေးတဲ့ ဆောင်းရာသီဒီဇင်ဘာလမှာ
ကိုယ်ချစ်တဲ့သူကို နွေးထွေးမှုအပြည့်ပေးတဲ့အနေနဲ့ ကြင်ကြင်နာနာ ဖက်ပြီး
ချမ်းအေးမှုကို ဖြတ်ကျော်တဲ့ နေ့တစ်ရက်ပါ။



ချစ်သူတိုင်း ရင်ခုန်ခြင်း ပျော်ရွှင်ခြင်း ကဗျာဆန်ခြင်းများစွာနဲ့
ထာဝရအထိ ချစ်နိုင်ကြပါစေ။

0 comments:

Post a Comment

ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

 
Copyright© ညအလင်္ကာ