၁၄ ရက်နေ့အမှတ်တရ
January 14th “Diary Day”
နှစ်သစ်တစ်ခုရဲ့ အစပိုင်းလဖြစ်တဲ့အတွက် ချစ်သူတွေက
တစ်နှစ်လုံးလုပ်ရမယ့်ကိစ္စတွေကို အစီအစဉ်ရေးဆွဲတဲ့ အထိမ်းအမှတ်အနေနဲ့
ဒိုင်ယာရီစာအုပ်လေးတွေ အဲဒီနေ့မှာ အပြန်အလှန်လက်ဆောင်ပေးလေ့ရှိပါတယ် ။
February 14th “Valentines Day”
ချစ်သူများနေ့ကတော့ အားလုံးသိကြပါတယ် ။ အဲဒီနေ့နဲ့ အဲဒီနေ့မတိုင်ခင်မှာ
ကိုယ်ချစ်ရတဲ့သူကို ချောကလက်လှလှလေးတွေနဲ့
နှင်းဆီပန်းပို့ပေးလေ့ရှိကြပါတယ် ။ တစ်နှစ်လုံးမှာ
ချစ်သူစုံတွဲအားလုံးလိုလို ကျင်းပလေ့ရှိတဲ့
ချစ်ဖို့ကောင်းတဲ့နေ့ရက်လေးတစ်ခုပါ ။
March 14th “White Day”
ဒီနေ့မှာတော့ ယောက်ျားတွေက သူတို့ချစ်ရတဲ့ အမျိုးသမီးတစ်ယောက်ယောက်ကို
ကန်ဒီ သို့မဟုတ် နှစ်သက်တဲ့ လက်ဆောင်ပေးကြတာပါ .. ။ ချစ်သူများနေ့လို
ချောကလက်နဲ့ပန်းစည်းတော့ မပေးရပါဘူး ။ တစ်ချို့ကတော့ ချစ်သူကို
ကဗျာဆန်တဲ့ညစာစားပွဲတစ်ခုခု လုပ်ပေးကြပါတယ် ။ ဒါမှမဟုတ် ကမ်းခြေတို့ ၊
ပျော်ရွှင်ပွဲနေရာတွေသွားပြီး အမှတ်တရတစ်ခုခု လုပ်တာလည်း ရှိပါတယ် ။
ရွှေစင်ဦး ကြိုက်၏ မကြိုက်၏
4 weeks ago