Thursday, October 15, 2009

မအိမ့်ကံ(5)

အစ်ကိုစာရေးလိုက်ပါ၏။ အစ်ကိုလည်း မြင်းခြံနှင့် ရန်ကုန်မြို့ကို အိမ်ဦးကြမ်းပြင် ကူးလူးနေရပါသည်။ တလောက အင်္ဂလိပ်အစိုးရ အကြည်ညိုပျက်အောင် တရားဟောမှုနှင့် ထောင်ထဲဝင်ရပါသေးသည်။ နှမလေးတို့လည်း သည်သတင်း ကြားပြီးရောပေါ့။ စိတ်မချမ်းမသာ ဖြစ်မှာကိုလည်း အစ်ကို သိပါ၏။ သို့သော် အစ်ကိုတို့လို မျိုးချစ်စိတ်ဓာတ်ရှိသူများ အဖို့တော့ သိပ်တော့လည်း ဆန်းလှသည် မဆိုနိုင်ပါ။ ရွာကို အစ်ကိုပြန်မလာနိုင်တာကို ခွင့်လွတ်ကြစေချင်ပါသည်။ အဖေ့ကို စိတ်အနှောင့်အယှက် မဖြစ်စေချင်တာလည်း ပါပါ၏။

အခုစာကတော့ ကံလေးတစ်ဦးတည်းကို ရေးလိုက်သည့် စာပါပဲ။ အကြောင်းမှာ အစ်ကိုတို့ လုပ်နေသည့် အလုပ်အတွက် ငွေကြေးလိုအပ်နေတာကြောင့် ကံကလေးအနေနဲ့ တိုင်းချစ်ပြည် ချစ်စိတ်ကို အရင်းခံလျက် တတ်အားသလောက် အလှူငွေ ထည့်ဝင်လိုက်စေလိုပါသည်။ အိမ်ကပစ္စည်းကို မရိုးမဖြောင့် ခိုးယူသည်လည်း မဖြစ်စေချင်ပါ။ ကံကလေးပိုင် ငွေကြေးကိုသာ တတ်စွမ်းသမျှ သန့်ရှင်းစွာ လှူဒါန်းစေချင်ပါသည်။ နောင်အခါ အစ်ကိုနှင့်တွေ့မှ အကြောင်းစုံကို ပြောပြပါမည်။

သည်စာကို ယူဆောင်လာသူ မောင်သာအောင်မှာ အစ်ကိုတို့၏ အလွန်ယုံကြည်ရသော ရွာခံလူကောင်းတစ်ယောက် ဖြစ်သည့်အတွက် ကံကလေးကလည်း ယုံကြည်စွာ လက်ရောက်ပေးအပ်လိုက်နိုင်ပါသည်။
အဖေနှင့်တကွ အမေပန်းရုံ၊ ကံကလေးတို့ ကျန်းမာကြပါစေ။

သခင်မျိုးဟေ့ ဒို့ဗမာ
သခင်မြတ်သာ”

မအိမ့်ကံ(4)

မအိမ်ကံ (May) 2008

၁၆။ တပို့တွဲလဆုတ်ရက်များ၏ ရွာညသည် ပိန်းပိန်းကြီးမှောင်မည်းနေသည်။ မအိမ်ကံက ကောင်းကင်ရောင်မြင့်မြင့်ရသော သစ်ပင်ရိပ်မည်းမည်းကြီးတွေကို ဘာရယ်မဟုတ်ဘဲ ငေးနေမိ၏။ သည်ကနေ့ လပြည့်ကျော် ၁၁ ရက်။ မနက်ဖြန်ဆို ၁၂ ရက်။ အတိအကျပြောရလျှင် မနက်ဖြန် ၁၃၀၀ ပြည့်နှစ် တပို့တွဲလဆုတ် ၁၂ ရက်။ မအိမ်ကံ ၁၈ နှစ်ပြည့် မွေးနေ့။ မအိမ်ကံ ၁၈ နှစ်ပြည့်သွားတာ မြန်လွန်းလှသည်ဟု ထင်နေမိ၏။ လွန်ခဲ့သော ၁၈ နှစ်က သည်လို မှောင်ကြီးမည်းမည်း ညတစ်ညမှာ သူ့ကိုမွေးခဲ့သည်။ တပို့တွဲလဆိုတော့ လက်တွေ၊ ခြေတွေ ထုံခဲအောင် အေးစက်သော သည်လိုညမျိုးပဲ ဖြစ်လိမ့်မည်။ မအိမ်ကံ မီးထွန်းလိုက်မယ်လေ။ ပြတင်းပေါက်က လေတွေစွတ်နေသာ မအေးသဲ့အတိုင်းဘဲ။ ဖျားနေပါဦးမယ် မအိမ်ကံရယ်။ မနက်ဖြန်ဆွမ်းကပ်မှာ နှာစေးနေလိမ့်မယ် ကျေးဥဆီက အသံကြားရခြင်းဖြစ်သည်။ ဟုတ်တော့ဟုတ်ပါ၏။ တပို့တွဲလ ဆောင်းလေက အေးစက်လွန်းလှပါသည်။ သည်အအေးဓာတ်လေထဲမှာ ဆပ်သွားဖူးနံ့တွေ သင်းသင်းကလေးပါနေတာကိုပါ ခံစားရသည်။ မအိမ်ကံကို မွေးသည့်ညက နှစ်ပေါင်းများစွာ အပွင့်မပြဘဲ မြုံနေခဲ့သည့် ဆပ်သွားဖူးရုံကြီး အနံ့တသင်းသင်း အပွင့်တွေ ပြလာခဲ့သည်။ တစ်ဆောင်းတွင်းလုံးရေမရှိခဲ့သော ရွာဦးကျောင်းရိပ်က သောက်ရေကန်ကြီးသည်လည်း အခါမဲ့ မိုးရေကြောင့် ပြည့်လျှံသွားခဲ့သည်။ သည်အဖြစ်တွေက မလှအုံပြောသလို အတိတ်နမိတ်တွေများလား။ မလှအုံက မအိမ်ကံ မွေးဖွားသည့်ညက အကြောင်းတွေ ပြန်ပြောပြတိုင်း ရင်ကလေးဖိုခဲ့ရသည်ချည်း ဖြစ်ပါ၏။ အခုလည်း ဆပ်သွားဖူးပန်းနံ့တွေ ညဦးကတည်းက မွှေးနေခဲ့သည်။

မအိမ့်ကံ(3)

မအိမ်ကံ (april) 2008

၁၄။ မအိမ်ကံ၏အလှက ကြည်တော်ကုန်းသူ ကြည်တော်ကုန်းသားများမှတစ်ဆင့် ဝေးနီးရွာတွေအထိ တောမီးလောင်သလို ပြန့်နှံ့သွားခဲ့လေသည်။ ကြည်တော်ကုန်း နို့ဆွမ်းလောင်းလှူပွဲကို မောင်နှမနှစ်ယောက်ရောက်လာကြသည့် အကြောင်းမှစ၍ မအိမ်ကံက နှဲဆရာကြီးနှင့် မင်းသမီးကလေး အပါအ၀င် မောင်းဆိုင်းအဖွဲ့ကို ဆုငွေချခဲ့သည်ကအစ ရွာမှဆင်းရဲသူ ဆင်းရဲသားအချို့ကို တတ်စွမ်းသလောက် သဒ္ဒါကြည်ဖြူပေးကမ်းစွန့်ကြဲသွားခဲ့သည်အဆုံး မအိမ်ကံ၏ ရုပ်အဆင်းလှခြင်းနှင့် စိတ်အချင်းလှခြင်းတွေကို စကားရောက်တိုင်း ပြောဖြစ်နေကြသည်ဆို၏။

မအိမ့်ကံ(2)

မအိမ်ကံ (march) 2008

သူကြီးကတော် ဒေါ်ပန်းရုံက လက်ဖက်အစ်ကလေး ထိုးပေးရင်းက မေးသည်။ ရွာမှာ အလှူရှိမှန်းတော့ မအိမ်ကံ လည်း သိပါ၏။ ရွာ့အရှေ့ပိုင်းမှာနေသည့် ကြီးတော်ဆံကြော် ၏မြေး ဖိုးပေါက်ကို သင်္ကန်းဆီးပေးဖို့ ရွာကို တိုင်ပင်တုန်း ကတော့ တပေါင်းလထဲလုပ်ဖို့ ရက်သတ်ခဲ့ကြသည်။ ရွာတွေ မှာက စိုက်ခင်း သစ်ခင်း သိမ်းပြီးချိန် တပေါင်း၊ တန်ခူးလ တွေမှာ အလှူပွဲ ကျင်းပတတ်ကြမြဲ ဖြစ်သည်။ အလှူ့ရှင် လည်း အား၊ အလှူကူကြသူတွေလည်း အားမည့်အချိန်ကို ရွေးကြခြင်း ဖြစ်သည်။ သို့သော် ရွာကို တိုင်ပင်ပြီးကာမှ တန်ဆောင်မုန်းလထဲ ရက်ရွှေ့လိုက်ပြီ ဆိုတော့ ရက်လိုပါသေး တယ် ဆိုသူတွလည်း ခါးတောင်းထကျိုက်ကြရတော့သည်။

“သည်လို သည်လို သူကြီးကတော်ရေ... ကိုမဲတူတို့ မိသန်းတို့ သဘောကတော့ သူ့သား ငပေါက်ကို သည်တစ်မိုး ရုန်းလိုက်စေချင်သေးသာပေါ့။ ဒါပေသိလို့ ကြီးတော်ဆံကြော် ခမျာ နဲ့တဲ့တဲ့ မဟုတ်လား။ တော်ကြာ မြေးဦးကလေး သင်္ကန်း ၀တ်နဲ့ မြင်မသွားရရင် ခမျာ ဘ၀ကူးကောင်းရှာမှာ မဟုတ် ဘူး။ သွားလေသူ ဘကြီးမှတ်မလဲ တစ်သက်လုံး ရှာဖွေသွား သမျှ သမီးမိန်းကလေးချည်း မွေးခဲ့သာဆိုတော့ သားရဟန်း မဖူးဖူးလိုက်ရှာဘူးလေ။ သူတို့ ရှာဖွေထားသမျှ ဥစ္စာ သည်အလှူမှ မဦးလိုက်ရင် မဖြစ်ချေဘူးဆိုပြီး မိသန်းက ဆရာတော် သွားလျှောက်ရသာကော။ သဟာနဲ့ ဆရာတော်က ရက်ပြင်ရွေးပေးလိုက်ရသာပဲ တော်ရေ့။ ပေးစမ်းဟဲ့ လှအုံ ရေတစ်ခွက်”

စာရေးဆရာမ ခင်ခင်ထူး ၏ မအိမ်ကံ အခန်ူးဆက်ဝတ္တုရှည်

မအိမ်ကံ (march) 2008

ကဆုန်လဆန်း ၁၄ ရက်၊ ကြာသာပတေးနေ့ (ရက်ရာဇာ)။ မအိမ်ကံတို့ ရွာတွေမှာ နဘန်ပွဲ (နားပန်ပွဲ) တွေ ပြုလုပ်လေ့ရှိကြပါသည်။ နားပန်မည့် မိန်းကလေးများအတွက် အပျိုဖော် စာရင်းဝင်ပါပြီဟု ရွာကို အသိပေးသည့် ပွဲလည်း ဖြစ်သည်။ သားယောက်ျားကလေးကို ရှင်သာမဏေပြုပေးကြသကဲ့သို့ သမီးမိန်းကလေးများကိုလည်း

နားထွင်းမင်္ဂလာပြုလုပ်ပေးတတ်ကြသည်မှာ မြန်မာတို့၏ ရိုးရာအစဉ်အလာဖြစ်သည့်အတိုင်း ဇောင်ချမ်းကုန်းရွာတွင်လည်း သမီးမိန်းကလေးအရွယ်ရောက်ကြောင်း အသိအမှတ်ပြုသည့် နဘန်ပွဲကို မဖြစ်မနေကျင်းပလေ့ ရှိကြပါသည်။ မအိမ်ကံ နားပန်မည့်နေ့က ထူးထူးခြားခြား တိမ်တံခွန်တွေ ထွက်နေခဲ့သည်။ ကောင်းကင်ထက်မှာ တလိပ်လိပ်တက်နေသော တိမ်ဖြူတံခွန်ကြီးကို တအံ့တသြ ရှိကြရသည်။ လူတွေက တစ်ယောက်တစ်ပေါက် စကားကြိုးထုံးကြရာက တစ်ရွာလုံး ပြန့်သွားခဲ့၏။ အတိတ်နိမိတ် ကောက်တတ်သော အဘိုးပြိုင်းကတော့ အရှေ့တောင်က တိမ်တံခွန်ထွက်လို့ စစ်မက်ရောက်တတ်သည်ဟု နိမိတ်ဖတ်လေသည်။ သည်ကနေ့ ကြာသာပတေးနေ့ ဖြစ်သည့်အတွက် နားပန်မည့် မအိမ်ကံ ကလေးအဖို့မူ ကတော်ဆယ်ပါး တစ်ပါးအပါအ၀င် ဖြစ်လိမ့်မည်ဟု ဆိုလေသည်။

မအိမ်ကံ နားထွင်းမည့်နေ့ဆိုတော့ အိမ်မှာ လူတွေ တရုန်းရုန်း ရှိနေကြသည်။ ပွဲကြီးလမ်းကြီး မဟုတ်သော ပြုလုပ်မြဲ ရိုးရာဓလေ့ဆိုသော်လည်း တတ်နိုင်သူက တတ်နိုင် သလို ဘုရားအမှူးပြု၍ သံဃာတော်များအား ဆွမ်းလုပ်ကျွေး ကြသည်။ လူပရိသတ်ကို ဖိတ်ကြားကျွေးမွေးကြသည်။ အဝေးရွာက ဆွေမျိုးသားချင်းတွေလည်း ရောက်နေကြရပါ၏။

ချစ်သူအတွက်

ငါဟာ...တခါတခါ
အဖော်မဲ့....ငှက်တစ်ကောင်အလား.....
တမ်းတခြင်း....အလွမ်းတေးကို
အဆက်မပြတ်...ငါ အော်ညည်းနေမိတာ
မင်းကြားနိုင်ပါ့မလား....။

ငါဟာ...တခါတခါ
ကာရံမဲ့....သံစဉ်တစ်ခုအလား
ချစ်ခြင်း...တေးသွားတစ်ပုဒ်ကို
တိုးတိုးလေး...ငါ ဆိုညည်းနေမိတာ
မင်းကြားနိုင်ပါ့မလား.......။။

ဆုံဆည်းခြင်းကို......မျှော်လင့်ခွင့်မရှိတဲ့...ငါ..
တမ်းတခြင်း.....အလွမ်းတေးကိုတော့...
အထပ်ထပ်ဆိုညည်းခွင့်ရှိတယ်.....။။။

ပိုင်ဆိုင်ခြင်းကို...ဖမ်းဆုပ်ခွင့်မရတဲ့...ငါ..
ပေးဆပ်ခြင်း....အချစ်တစ်ခုကိုတော့
ရင်ထဲမှာ...ထာဝရ....သိမ်းဆည်းခွင့်ရှိတယ်.......။။။။

မင်းကိုချစ်ခွင့်ရရုံနဲ့…ကျေနပ်နေတဲ့ငါဟာ
ဘာကိုမှလဲ မမျှော်လင့်ချင်တော့ပါဘူး…
ဒါပေမယ့်…….
အသက်မဲ့နေတဲ့....ငါ့ရဲ့ အိမ်မက်ပန်းချီကားတစ်ချပ်...
အသက်ဝင် တောက်ပလာအောင်…
ရေးဆွဲခွင့်တော့…ရချင်တယ်…....။။။။။

အချောဆုံး၊အလှဆုံး

အချောဆုံး၊အလှဆုံး

ဟှိုရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါး ရှိခဲ့တယ်

တစ်နေ့တော့ ဘုရင်ကြီးဟာ တိုင်းခန်းလှည့်လည်တော် မူသတဲ့….

အဲ့ဒီမှာ သူဟာ မြင်ကွင်းတစ်ခုကို သွားတွေလိုက်တယ်
ဘာလဲဆိုတော့

`ညစ်ပတ်ပေေ၇နေပြိး အရုပ်ဆိုးအကျည်းတန်လှတဲ့ ကလေးတစ်ယောက်ကိုအမျိုးသမီးတစ်ယောက်က ယုယုယယမြတ်မြတ်နိုးနိုး နမ်းရှိုက်နေတာကို ´တွေ့လိုက်တာ

အဲ့ဒီတော့ ဘုရင်ကြိးက စဉ်းစားမိတယ်၊
`အင်း ဒီလောက်ညစ်ပတ်နေတာ ဘာကြောင့်ဒီအမျိုးသမီးက ကလေးကို နမ်းရတာလဲပေါ့´

ဒီလိုနဲ့ တိုင်းခန်းလှည့်လည့်ပြီးတော့ နန်းတော်ကို ပြန်ေ၇ာက်တော့ လမ်းမှာတွေ့ခဲ့တဲ့ မြင်ကွင်းကို သတိရလို့ ပညာရှိအမတ်ကို ရှေ့တော်သို့ ဆင့်ခေါ်လိုက်တယ်လေ

ပညာရှိအမတ်ရောက်လာတော့
အမတ်ကြီး
`ကျုပ် တိုင်းခန်းလှည့်လည်တော့ ဒီလိုကိစ္စ ကိုတွေ့ခဲ့တယ် အဲ့ဒါဘာကြောင့်လဲပေါ့´

ပညာရှိကြီးက ချက်ချင်းပဲ ဘုရင်ကြီးကို ပြန်လျှောက်လိုက်တယ်

`ဘုရင်ကြီးပေါ့
ဒါဟာ သူရဲ့ မွေးမိခင်ဖြစ်လို့ပါ…ဘုရား
ဘယ်မိဘမဆို ကိုယ့်ရဲ့ ရင်နဲ့လွယ်ရတဲ့ သားသမီးတွေ ကို ဘယ်လောက်ပဲရုပ်ဆိုးဆိုး၊ ညစ်ပတ်နေနေ ရင်နှင့်သည်းစွာ ချစ်ခင်တော်မုပါတယ်
အဲ့ဒါမို့ ကိုယ့်ရဲ့ သားသမီးတွေဟာ အချောဆုံးအလှဆုံးပါ ဘုရား

အဲ့ဒါကြောင့် အရှင်ဘုရားတွေ့ခဲ့တဲ့ အမျိုးသမီးဟာ အချောဆုံးအလှဆုံးဖြစ်လို့ ယုယကြင်နာစွာနမ်းရှိုက်တာပါ ဘုရား´ လို့ လျောက်တင်လိုက်တော့
ဘုရင်ကြီးက `အော် ဟုတ်ပေတာပဲပေါ့´

ဒီလိုနဲ့ ပြီးသွားတော့

တစ်နေ့မှာ ဘုရင်ကြီးက သူ့ရဲ့ရဲမက်တစ်ယောက်ကို

တိုင်းပြည်မှာရှိတဲ့ အချောဆုံး၊အလှဆုံးကလေးတစ်ယောက်ကို ငါကိုယ်တော်မြတ်ရှေ့တော်သို့ရောက်အောင် ခေါ်ဆောင်လာရမည်

တိုတိုပြောရရင်
မရရင်သေဒဏ်၊ ရရင်တော့ ဆုကြေးပေါ့.ဟဲဟဲ

အဲ့ဒီလိုပြောတော့

ရဲမက်လည်း စိတ်ညစ်စွာနဲ့ အိမ်ပြန်သွားကော။။။

အဲ့ဒါနဲ့ မိန်းမက ယောက်ျားမျက်နှာမကောင်းတော့
ဘာဖြစ်တာလဲလို့မေးကော

ယောက်ျားကလည်းဖြစ်ကြောင်းကုန်စင်ရှင်းပြသတဲ့
အဲ့ဒီတော့ မိန်းမက ယောက်ျားရယ် မခက်ပါဘူး
လွယ်လွယ်လေးပါဆိုပြီးပြောသတဲ့

ရဲမက်က ဟုတ်လားပေါ့ အဲ့ဒါဆိုဘာလည်းပေါ့
မိန်းမက ………….ပြောပြလိုက်တယ်
မိန်းမ ပြောစကားကိုကြားတော့ ရဲမက်လည်း စိတ်အေးသွားသတဲ့

နောက်တစ်နေ့ ညီလာခဲ့ဝင်တော့
ဘုရင်ကြိးကို ရဲမက်က ၀င်တွေ့ကော
ဘုရင်ကြီးက
` ဟဲ့ ရဲမက်တော် .ငါကိုယ်တော်ရှာခိုင်းတာ ရပြီလားပေါ့

အဲံဒီမှာရဲမက်ကလည်း မှန်လှပါ ရှေ့တော်သို့ ခေါ်လာခဲ့ကြောင်းပါပေါ့

ဘုရင်နဲ့တကွ ကျန်တဲ့ မှူးကြီးမတ်ရာတွေလည်းဝိုင်းကြည့်ကြတာပေါ့

`ကလေးက အရုပ်ဆိုးလိုက်တာ´ ဆိုပြိးတစ်ယောက်တစ်ပေါက် ၀ိုင်းပြောကြကော

ဘုရင်က ငါရှာခိုင်းတာ အချောဆုံး၊အလှဆုံးကို ရှာခိုင်းတာ
မင်းရှာလာတာက ရုပ်ဆိုးလိုက်တာကွားလို့ မိန့်တော်မှုကော

အဲံဒီတော့ ရဲမက်က
` မှန်ကြောင်းပါ ………..ဘုရား၊ ဒီကလေးက ကျွန်တော်မျိုးတို့ရဲ့ ရင်သွေးပါ
ကိုယ့်ရဲ့ ရင်သွေးဖြစ်တာကြောင့် ကျွန်တော်မျိုးရဲ့ ကလေးသာ အချောဆုံးအလှဆုံးဖြစ်ကြောင်း အချက်ကျကျ တင်ပြလိုက်သတဲ့

မောင်မင်းက ဘယ်လို့သိလဲလို့ ဆက်မေးတော့

ကျွန်တော်မျိုးရဲ့ အမျိုးသမီးက ပြောပြကြောင်း ကို အကြောင်းစုံရှင်းပြလိုက်တယ်

ဘုရင်ကြီးလည်း သဘောကျသွားပြီး ဆုတော်လဒ်တော်တွေ ပေးကမ်းလိုက်သတဲ့

ပုံပြင်လေးကတော့ပြိးပါပြီ
……………..


ကျွန်တော်ပြောချင်တာက
အခုခေတ်မှာ တစ်ချို့မိဘတွေက အဲလိုမဟုတ်တာတွေ တွေ့ရ မြင်ရ ကြားရတာတွေကြောင့် ဒီပိုစ်ကို တင်ပါတယ်
 
Copyright© ညအလင်္ကာ