မအိမ်ကံ (march) 2008
ကဆုန်လဆန်း ၁၄ ရက်၊ ကြာသာပတေးနေ့ (ရက်ရာဇာ)။ မအိမ်ကံတို့ ရွာတွေမှာ နဘန်ပွဲ (နားပန်ပွဲ) တွေ ပြုလုပ်လေ့ရှိကြပါသည်။ နားပန်မည့် မိန်းကလေးများအတွက် အပျိုဖော် စာရင်းဝင်ပါပြီဟု ရွာကို အသိပေးသည့် ပွဲလည်း ဖြစ်သည်။ သားယောက်ျားကလေးကို ရှင်သာမဏေပြုပေးကြသကဲ့သို့ သမီးမိန်းကလေးများကိုလည်း
နားထွင်းမင်္ဂလာပြုလုပ်ပေးတတ်ကြသည်မှာ မြန်မာတို့၏ ရိုးရာအစဉ်အလာဖြစ်သည့်အတိုင်း ဇောင်ချမ်းကုန်းရွာတွင်လည်း သမီးမိန်းကလေးအရွယ်ရောက်ကြောင်း အသိအမှတ်ပြုသည့် နဘန်ပွဲကို မဖြစ်မနေကျင်းပလေ့ ရှိကြပါသည်။ မအိမ်ကံ နားပန်မည့်နေ့က ထူးထူးခြားခြား တိမ်တံခွန်တွေ ထွက်နေခဲ့သည်။ ကောင်းကင်ထက်မှာ တလိပ်လိပ်တက်နေသော တိမ်ဖြူတံခွန်ကြီးကို တအံ့တသြ ရှိကြရသည်။ လူတွေက တစ်ယောက်တစ်ပေါက် စကားကြိုးထုံးကြရာက တစ်ရွာလုံး ပြန့်သွားခဲ့၏။ အတိတ်နိမိတ် ကောက်တတ်သော အဘိုးပြိုင်းကတော့ အရှေ့တောင်က တိမ်တံခွန်ထွက်လို့ စစ်မက်ရောက်တတ်သည်ဟု နိမိတ်ဖတ်လေသည်။ သည်ကနေ့ ကြာသာပတေးနေ့ ဖြစ်သည့်အတွက် နားပန်မည့် မအိမ်ကံ ကလေးအဖို့မူ ကတော်ဆယ်ပါး တစ်ပါးအပါအ၀င် ဖြစ်လိမ့်မည်ဟု ဆိုလေသည်။
မအိမ်ကံ နားထွင်းမည့်နေ့ဆိုတော့ အိမ်မှာ လူတွေ တရုန်းရုန်း ရှိနေကြသည်။ ပွဲကြီးလမ်းကြီး မဟုတ်သော ပြုလုပ်မြဲ ရိုးရာဓလေ့ဆိုသော်လည်း တတ်နိုင်သူက တတ်နိုင် သလို ဘုရားအမှူးပြု၍ သံဃာတော်များအား ဆွမ်းလုပ်ကျွေး ကြသည်။ လူပရိသတ်ကို ဖိတ်ကြားကျွေးမွေးကြသည်။ အဝေးရွာက ဆွေမျိုးသားချင်းတွေလည်း ရောက်နေကြရပါ၏။
“အုံ၊ ဟဲ၊ နာ၊ ကျင်၊ စွာ နားထွင်းမပြုရာတဲ့။ တနင်္ဂနွေ၊ သောကြာ၊ စနေ၊ တနင်္လာ၊ အင်္ဂါနေ့များမှာ နားမထွင်းရဘူး။ ရွှေ၊ ပန်း ခေါ်ထ နေ့နှစ်ဝ ထွင်းကြနားကိုသာတဲ့။ ဗုဒ္ဓဟူး နဲ့ ကြာသပတေး နေ့နှစ်နေ့ပဲ ထွင်းကြရသယ်” နားဖောက်ဆရာ ပေးသည့် နှစ်ရက်ထဲက အခါပေး တတ်သူ အဘိုးပြိုင်းကိုယ်တိုင် ရွေးပေးသည့်ရက်မှာ ကြာသပ တေးနေ့ ဖြစ်၏။ ကဆုန်လမှာ ကြာသပတေး ရက်ရာဇာကျ သည်။ လဆန်းဆယ့်လေးရက် ဆိုတော့ မနက်ဖြန် ကဆုန် လပြည့်။ လဆုတ်ရက်ဆိုလျှင် ဆုတ်ယုတ်တတ်သည်ဟုလည်း အယူ ရှိကြပါ၏။ ရွာက နားထွင်းဆရာလည်း ခေါ်ကြ၊ နားဖောက် ဆရာလည်း ခေါ်ကြသည့် ဆရာသောင်းက သတ္ထုဘူး ကလေးကို ဖွင့်ပြသည်။ အထဲ မှာ ရွှေအပ်၊ ငွေအပ်၊ ဘော်အပ် ကလေးတွေ ပါသည်။ နဖား ပွင့်ဖူးဖူးကလေးတွေ ပါသော အပ်ချောင်း ရှည်ရှည်ကလေး တွေ ဖြစ်၏။ အဘိုးပြိုင်းပေး သည့်အချိန်က မနက်စက်နာရီ ကိုးနာရီခွဲဆိုတော့ မအိမ်ကံ တို့အိမ်က သံစုံ ချိန်သီးနာရီကြီးကို အောက်ထပ် ကျွန်းတိုင် ကြီးမှာ ပြောင်းချိတ်ထားရသည်။ အေးခုတင်နှစ်ချပ် ဆက် ခင်းကာ ကော်ဇောကြီးတွေ ခင်းထားသည်။ ကန်တော့ပွဲ တစ်ပွဲက ခေါင်းရင်းဘက်မှာ။ ဗျပ်တစ်ချပ် ထဲမှာတော့ ထမင်းပွဲ၊ ဟင်းပွဲ၊ မုန့်ဆီကြော် အဖြူအနီ၊ ငါးကြော်၊ ကွမ်း ယာ၊ လက်ဖက် စုံလှပါ၏။
ထိုမနက်က မအိမ်ကံ၏အလှကို ဇောင်ချမ်းကုန်းရွာသူ ရွာသားတို့ နောင်နှစ်ပေါင်း များစွာကြာအောင် ပြောလို့ပင် မဆုံးခဲ့ကြ။ ဆယ့်သုံးနှစ်သမီး ဆိုသော်လည်း မျက်နှာကလေး က ပွင့်လွန်းလှ၏။ နသယ်စပ်က ဆံနုကလေးတွေ ထိုးစ ဆိုတော့ နားရွက်ဝင်းဝင်းကလေးနှင့် လိုက်ဖက်လှပါသည်။ မျက်လုံးစိမ်းစိမ်း၊ မွေးညင်းရှိန်းရှိန်း၊ မျက်တောင်ရှည်ကြီး တွေက ညွှတ်ညွှတ်စင်းစင်း။ မျက်ခုံးနှစ်ဖက်က ဆန်းဦးစ သော်တာလို ရစ်ရစ်ငိုက်ငိုက်ကလေး ကွေးရုံသာ။ အပျိုသွေး ကလေး ဖက်လာတော့ အသားအရေက ၀ါဝင်းနုစိုလာသည်။ လည်တိုင်ကြော့ကြော့ရှင်းရှင်းကလေးမှာ ပြည့်တင်းသော ပခုံး နှစ်ဖက်ကြားက ၀င့်ဝင့်စားစားကလေး လှနေသည်။ နားကပ် ပန်ခြင်း မင်္ဂလာပြီးရင်တော့ သည်လည်တိုင်မှာ ရတနာလည် ဆွဲကလေးတွေ ယီးလေးခိုကြရော့မည်။ နားကို နားကပ် ဦးဦးဖျားဖျား မင်္ဂလာယူဆင်ယင်ပြီးလျှင် မအိမ်ကံကို ရွှေဆင် နိုင်ပြီ။ ပိုးသားနုနု အင်္ကျီလက်ရှည် ပန်းသွေးကလေးနှင့် တောင်မြို့ အချိတ်ထဘီ ပန်းဆီရောင်ကလည်း မအိမ်ကံ၏ အလှကျက်သရေကို မြှင့်ပေးသလို ရှိသည်။ ဆံရစ်ဝိုင်း ဆံထုံး ကလေးမှာတော့ စံပယ်ကုံးကလေး ရစ်ခွေပန်ထားပြန်၏။ ဆရာသောင်းက အခါတော်နီးသည်နှင့် အေးခုတင်ပေါ် တက်ကာ ဘုရားဝတ်ပြုသည်။ သတ္ထုဘူးကို ဖွင့်ကာ ဒေါ်ပန်းရုံ ရွေးပေးထားသည့် ရွှေအပ်ကို ဂွမ်းစပေါ် တင် သည်။ ပြီးမှ ကန်တော့ပွဲကို မြှောက်ကာ နယ်ရှင်ပယ်ရှင် တွေကို ပွဲအပ်သည်။
“သြောင်း ဇယတု ဇယတု...။ အောင်ဆုမင်္ဂလာ၊ ပေး တတ်စွာသား၊ ဆရာသမီးလှ၊ အဘ၀ိဿုကာ၊ က၀ါလမိုင်း၊ အကိုင်းအခက်၊ အရွက်မလွတ်၊ စောင့်နေတတ်သည်...။ ရှင်နတ်များတို့၊ နေ့ကားကောင်းစွာ၊ ရက်မှာသန့်လှ၊ ချိန်အကျ တွင်...။ ဖြူစွထမင်းပွဲ၊ ပြင်ဆင်ခင်း၍၊ များခြင်းစုံစီ၊ မုန့်ဆီ ငါးကြော်၊ စားတော်များစွာ၊ ကွမ်းယာလက်ဖက်၊ ထက်မြက် စွာလှ၊ မွန်ရသကို၊ ကြည်မြရွှင်သာ၊ ကျွေးမွေးပါ၏။ ဧဟိ... ဧဟိ... ဣမံ...သတ္တံ...ဘုဉ္စာဟိ.. ဘုဉ္စာဟိ”
မအိမ်ကံက မျက်လုံးကလေးတွေ မှိတ်ထားသည်။ တင်းတိမ်စောင်ကြီးတွေ ကာထား သည့်ဘက်က နေထိုးသဖြင့် မအိမ်ကံ၏ မျက်နှာပေါ်မှာ ပုစွန်ဆီရောင်တွေ ဟပ်နေသည်။ ဆရာသောင်းက မအိမ်ကံ၏ နားရွက်ဖျားကလေးတွေကို လက်နှင့် စမ်းကာ ဖျစ်ကြည့်သည်။ အခါတော် အချိန်မကျ သေး။ ရွာသူရွာသားတွေက မအိမ်ကံကို မျက်လုံးပေါင်း များစွာဖြင့် ငေးကြည့်နေကြ၏။ ဒိုးပတ်ဝိုင်းက ပွဲဆူအောင် တဗိန်းဗိန်း တီးကြလေပြီ။
“နဘန်ပွဲတွေ ကျုပ်တို့ ရောက်ရလှပါပြီတော်။ မအိမ်ကံ လောက် ချောသာဖြင့် ကျုပ်တစ်သက် ကြုံဖူးဘူး။ ဘုရား စူးရစေ့ အဟုတ်ပြောသာ” ရွာ့တောင်ဖျားမှာနေသည့် အမေကြီးညွန့်က တင်းတိမ်စ နားအထိ ကပ်လာကာ မျက်လုံးပေါ် လက်ဝါးကလေး ကာ ရင်းက ပြောနေခြင်း ဖြစ်သည်။ အားလုံးကလည်း ၀ိုင်းဝန်း ထောက်ခံသည့်သဘောဖြင့် မအိမ်ကံကို မြင်ရအောင် တိုးဝှေ့ ကြည့်ကြသည်။
“အဘိဝါဒနသီလိဿနိစ္စံဝုဎုာပစာယိနော၊ စတ္တာရော ဓမ္မ၀ဎုန္ထိ အာယုဝဏ္ဏောသုခံဝလံ။ ကျမ်းဂန်ပါဠိလာ ရှိသည် နှင့်အညီ သီလစသော ဂုဏ်အားဖြင့် ကြီးသောသူ၊ အသက် အရွယ်အားဖြင့် ကြီးသောသူတို့ကို ရိုသေမြတ်နိုး ရှိခိုးပူဇော် ဆိုတဲ့အတိုင်း ရတနာသုံးပါးနှင့်တကွ အမိ၊ အဘ၊ ဆရာ ဂုဏ၀ယ ဆွေမျိုးမိတ်သင်္ဂတို့ကို ငါ့သမီး ကန်တော့စမ်းကွယ့်” မအိမ်ကံက ဘုရားစင်ဘက်ကို လှည့်၍ ၀တ်ပြုသည်။ အဖေနှင့်အမေကို ကန်တော့သည်။ အိမ်ဦးခန်းမှာ ထိုင်လျက် ရှိနေကြသော ရွာမိရွာဖ သက်ကြီးဝါကြီး ဆွေဆွေမျိုးမျိုး များအားလုံးကို ရည်မှတ်၍ ဦးသုံးကြိမ်ချသည်။
“ဤသို့ပြုရ မြတ်ပုညကြောင့် သဗ္ဗဘေးဒဏ် ရန်မာန် မရှိ ပကတိ ကျန်းမာလန်းလန်းဖြာလျက် ချမ်းသာတိုးပွား၊ ကျွဲနွားဆင်မြင်း၊ ကျွန်သင်းေ>ခရွေ... အထွေထွေနှင့် ရွှေငွေ စိန်ကျောက် ထိန်ထိန်တောက်၍ သိမ်မောက်ဖြိုးခါ... မိုးသို့ ရွာသည် လိုရာ ကြံတိုင်းပြီးစေသော်...”
လူတွေက ညွှတ်ညွှတ်ကြီး ပြိုကျနေကြပြီ။ ချိန်သီးနာရီကြီးလည်း ဒင်ခနဲ ထိုးပြီ။ နားဖောက် ဆရာက ရွှေအပ်ဖြင့် ညာဘက်နားကို ဆတ်ခနဲ ထိုးဖောက်လိုက်လေပြီ။ မအိမ်ကံ က တစ်ချက်ကလေး မလှုပ်။ သိပင်မသိလိုက်သည့် ဟန်ဖြင့် ကျောက်ဆစ်ရုပ်ကလေးလို မလှုပ်မယှက် ရှိလေ၏။ မအိမ်ကံ ရုန်းလျှင် ဖေးမကြမည့် မိန်းမကြီးများပင် လှုပ်ချိန်မရလိုက် ကြ။ ဒိုးသံ၊ လူသံတွေက ပိုဆူညံလာခဲ့သည်။ အာဂဟဲ့၊ သတ္တိခဲဟဲ့၊ တစ်ချက်မတွန့်ဘူးဟဲ့ ဆိုကာ ကလေးမအေတွေက ရှေ့ကို တိုးသည်ထက် တိုးလာကြ၏။ ရွယ်တူမိန်းကလေး များကလည်း မအိမ်ကံကို အားကျစိတ်ဖြင့် ငေးနေကြသည်။ ဆရာသောင်းက နားပေါက်ထဲဝင်သွားသော ရွှေအပ်ကို ခေါက်ထားလိုက်သည်။ နောက် ဘယ်ဘက်...။
“ကိုင်း... အောင်ပါပြီ၊ အောင်ပါပြီ၊ အောင်ပါပြီ။ ဟော သည်ဆေးကို နေ့စဉ်ထည့်ပေး၊ ရွှေနားတောင်း ဗုံခေါင်း လောက် ပန်နိုင်ပဟဲ့။ နားတော့ ချဲ့ပေးရဦးမှာဗျား။ ရွှေကို လိပ်ပြီး ထိုးသွင်းထားရုံပ။ ကိုင်းပင်ရိုး၊ သက်ကယ်ရိုးများ လည်း ကောင်းပါရဲ့။ တမာနဲ့မြေဇာ ရောထိုးတော့လည်း တမာက ဟိုဘက်နည်းနည်းတိုးပါဦး၊ မြေဇာက ဟိုဘက် နည်းနည်းတိုးပါဦးနဲ့ ကျယ်ရပါသဗျား”
ဆရာသောင်းစကားကို အားလုံးက သဘောကျစွာ ရယ်ကြသည်။ ဇောင်ချမ်းကုန်းရွာမှာ တမာနှင့် မြေဇာ ဥပမာရှိ သမှုတ်လား။ တမာကလည်း “မြေဇာ မြေဇာ ယားလှသယ် ဟိုဘက်တိုးပါကွယ်”၊ မြေဇာကလည်း “တမာ တမာ ခါးလှ သယ် ဟိုဘက်တိုးပါကွယ်” ဟိုတိုးသည်တွန်း လုပ်ကြရင်း နားပေါက်ကျယ်သွားတတ်သည်ဟု အယူရှိကြသည်။
နားဖောက်သည့် ကိစ္စပြီးတော့ မအိမ်ကံ အေးခုတင်ကြီး ပေါ်က ဆင်းသည်။ မလှအုံ လာပေးသော ငွေဖလားကြီးကို ပိုက်လျက် အိမ်ကြီးဝင်ပေါက်က ခုံမြင့်မှာ ရပ်လိုက်သည်။ ငွေဖလားကြီးထဲက ဆန်ပန်းပေါက်ပေါက်များနှင့် ရောထား သော ငွေအကြွေစေ့တွေကို ကြဲချလိုက်သည်။ မအိမ်ကံ လက်ဆုပ်တွင်းက ဖွေးခနဲ၊ ဖွေးခနဲ ခုန်ထွက်လာသော ငွေ အကြွေစေ့တွေကို လူတွေက အယုတယက် ကောက်ကြသည်။ အမေပန်းရုံက သမီးချော မအိမ်ကံကိုပဲ ငေးနေမိလေ သည်။ အရွယ်ရောက်လာသော သမီးကလေးအတွက် ၀မ်းသာ ၀မ်းနည်း မျက်ရည်တွေ စီးကျလာသည်။ တံခါးဝမှာ နတ်သမီးကလေးတစ်ပါး ရပ်နေသာများလား။ သမီးကလေး မအိမ်ကံ ဟုတ်ကဲ့လား။ သူကြီးဦးသာထန်ကတော့ သူ့ဧည့် သည်များကို ဧည့်ခံဖို့ နေရာက ထသွားခဲ့ပြီ။
သည်အချိန်မှာတော့ အိမ်ဘေးက ထန်းလက်ကာ ထမင်း ရုံကို ဖွင့်လိုက်လေပြီ။ လူတွေကို ထမင်းစကျွေးပြီ။ မအိမ်ကံ နားပေါက်မှာ သွေးမစို့ပါ။ တချို့ဆိုလျှင် သွေးစိမ်းရှင်ရှင် ကျတတ်ကြသည်။ အော်ဟစ်ငိုယိုရှိကြသည်။ မျက်ရည်၊ နှာရည်တွေ ထွက်ကာ ထွန့်ထွန့်လူးတတ်ကြသည်။ မအိမ်ကံ မှာတော့ ဒါတွေမရှိပါ။ ထမင်းရုံထဲပင် ၀င်ကြည့်လိုက်သေး သည်။ ဒိုးပတ်ဝိုင်းက လူဝင်ကသည့် ခြင်းကြားရုပ်ကြီးကို ပင် ငေးနေခဲ့သေးသည်။
ထမင်းရုံ အပြင်ထွက်လာတော့ အပျိုကြီး၊ အပျိုလေး တွေ စုနေသည့် စားပွဲဝိုင်းကြီးရှေ့ကို ရောက်လာခဲ့သည်။ စားပွဲခုံကြီးပေါ်မှာ ရေနွေးပွဲ၊ လက်ဖက်ပွဲ၊ မုန့်ပွဲများ ပြင် ဆင်ပေးနေကြသော အပျိုတွေကြား မအိမ်ကံ ၀င်ရောလိုက် သည်။ သူလည်း ရွာမှာ သာရေး၊ နာရေးရှိတိုင်း ပါရတော့ မည်။ ရွာဓလေ့အရ ချမ်းသာဆင်းရဲမရွေး သာရေးနာရေး ကိစ္စကြီးငယ်မှန်သမျှ ၀ိုင်းဝန်းလုပ်ဆောင်ပေးတတ်ကြသည်။ ကာလသားခေါင်း၊ ကာလသမီးခေါင်းတွေ တာဝန်ချရာမှာ စိတ်ကြည်ကြည်၊ သဒ္ဓါဖြူဖြူ ဆောင်ရွက်ပေးကြမြဲ ဖြစ်၏။ တချို့က ပန်းကန်ဆေး၊ တချို့က ရေခပ်၊ တချို့က လက်ဖက် ချ၊ ကွမ်းချ၊ တချို့က ဧည့်ခံ၊ တချို့က ထမင်းရုံ စသည်ဖြင့် ယောက်ျားကလေးများနှင့် တွဲကာ ကုသိုလ်ယူကြရသည်။
“ချောလိုက်သာ မအိမ်ကံရယ်... ညည်းနှယ် တကယ်ပဲတော်” ရွှေမှုံက လက်သုတ် ပ၀ါကလေးတွေ ခေါက်ရင်းက မအိမ်ကံကို နှုတ်ဆက်တော့ မအိမ်ကံက ရှက်ပြုံးကလေးနှင့်။ ကြည့်စမ်း... ရွှေမှုံတောင် ရွှေနားဆွဲကလေး ၀တ်နေပြီ။ ဆံတောက်ကလေး မသိမ်းတသိမ်း ဆံစမတိုမရှည်တွေကို ပင့်တင်ကာ အုပ်လုံးသိမ်းနေပြီ။ ရွှေမှုံတို့က ရွာ့တောင်ဖျားမှာ ဆိုတော့ မအိမ်ကံနှင့် အတွေ့အဆုံ နည်းသော်လည်း တစ်ရွာ တည်းသူချင်းတွေ မှုတ်လား။ အတွေ့အထိ အဆက်အဆံ ရှိကြရတော့မည်။ ရွှေမှုံက တောင်သူကြီးသမီးမို့ ပစ္စည်းဥစ္စာ အတန်အသင့် ရှိသော်လည်း မအိမ်ကံလို နဘန်ပွဲတော့ မလုပ် ခဲ့ပါ။ ဘုန်းကြီးကျောင်းကို ဆွမ်းတစ်အုပ်ပို့ကာ နားဖောက် ခဲ့ခြင်းသာ ဖြစ်၏။ ဒါလည်း နားထွင်းမင်္ဂလာ အထမြောက် တာပဲ မဟုတ်လား။ အဓိကကတော့ အပျိုကလေး ဖြစ်လာ ခြင်းနှင့်အတူ နားဖောက်ထားနှင့်ပြီးသား ဖြစ်ရမည်။
ထိုနေ့က မအိမ်ကံ၏ နဘန်ပွဲ အောင်မြင်စွာ ပြီးမြောက် ခဲ့လေသည်။ အမေပန်းရုံက နားဖောက်ဆရာ ဆရာသောင်း ကို ငွေတစ်ရာ ကန်တော့လိုက်သည်။ သည်တုန်းက ဆရာ သောင်းရသည့် နားဖောက်ကြေးမှာ တစ်ဆယ် အများဆုံး ဖြစ်လေသည်။ ဆရာသောင်းက မအိမ်ကံကို ဆုတောင်းစာ တွေ ထပ်ရွတ်ပေးလိုက်သေး၏။ ဆရာသောင်း ပြန်သွားတော့ အမေပန်းရုံက မအိမ်ကံနားကို လိုလိုမယ်မယ် ဆေးလိမ်းပေး သည်။ ရွှေအပ်ကလေးနေရာမှာ ရွှေဖက်လိပ်ကလေး ထိုးပေး လိုက်သည်။ ဆေးက အဆီဆို တော့ ရွှေဖက်လိပ်ကလေးက လျှောခနဲ ၀င်သွားသည်။
“ကဲ... သမီး သည် ကနေ့ကစပြီး သမီး အိမ် အောက်ထပ်က အခန်းမှာ မနေ ရတော့ဘူး။ အပေါ်ထပ်မှာ ပြင် ထားသဲ့ အပျိုခန်းကို ပြောင်း ရမယ်။ သမီးအတွက် အဖော် ရအောင် ညညကျရင် ကျေးဥ လာအိပ်ပေးလိမ့်မယ်နော်”
မအိမ်ကံက ခေါင်း ကလေးကို ဆတ်ခနဲ ညိတ်ကာ အိမ်အပေါ်ထပ်ဆီ ပြေးတက်ခဲ့ သည်။ မအိမ်ကံ နင်းနေကျ လှေကားဆံမှာ ရိုက်ထားသည့် ဒင်္ဂါးစေ့တွေကို တစ်ထစ်ချင်း နင်းတက်လာခဲ့တာပေမယ့် သည်တစ်ခါ မအိမ်ကံ ခြေသံ ကလေးက ညင်သာလို့နေပါပ ကော။ အပျိုဖြစ်ပြီဆိုသည့် အသိကြောင့်များလား။ မအိမ်ကံ နူးညံ့သွားတာတော့ အမှန် ပင်။
x
ထိုညက မအိမ်ကံ တော်တော်နှင့် အိပ်မပျော်ပါ။ အိမ် ကြီးအပေါ်ထပ်က အပျိုခန်းကို ပြောင်းရွှေ့လာရတာကိုပဲ မအိမ်ကံ ဘ၀တစ်ခု ခြားသွားသလို ခံစားရသည်။ စင်စစ် အိမ်တွေမှာ အပျိုခန်းရယ်လို့တော့ သီးသန့်ဖွဲ့ထားတာမျိုး မရှိပါ။ အရွယ်ဝင်လာပြီဖြစ်သည့် မိန်းကလေးတစ်ယောက် အတွက် အနေအထိုင် လုံခြုံမှုရှိစေရန် ကောက်ကာငင်ကာ သတ်မှတ်ပေးလိုက်ရသော အခန်းတစ်ခန်းသာ ဖြစ်ပါ၏။ အခုလည်း အပျိုခန်းဆိုပေမယ့် အိမ်အောက်ထပ်မှ အိမ်အပေါ် ထပ် အခန်းပိုတစ်ခန်းရှိရာကို ရွှေ့လာရခြင်းသာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ခါတိုင်း ရှိချင်သလို ရှိခဲ့သည့် အခန်း တစ်ခန်းက သူမ ရွှေ့လာသည်နှင့် အပျိုခန်း ဖြစ်ရပြီ။ မအိမ်ကံမှာ ကလေးဘ၀တစ်လျှောက်လုံး နေခဲ့ရသော အောက်ထပ်က အခန်းကလေးကို လွမ်းမိတာ ပါသလို အမေ ပန်းရုံနှင့်လည်း တစ်စုံတစ်ရာ စည်းခြား သွားသလိုလို ခံစား ရပါ၏။ ခါတိုင်းတော့ အိပ်ချင်ပြီဆိုလျှင် မအေ့ရင်ခွင် ခေါင်းထိုးဝင်ပြီး အိပ်နေကျ။ မအိမ်ကံ တစ်ယောက်တည်း အိပ်သည့်ညတွေမှာလည်း တစ်ဖက်အခန်းမှာ အမေပန်းရုံအသံ က ကြားနေရတာ မဟုတ်လား။ စောစောစောပိုင်းတုန်းကတော့ အမေပန်းရုံနှင့် မလှအုံ တို့ အိမ်ကြီးအပေါ်ထပ်ကို ဘုရားတက်ကန်တော့ကြရင်း မအိမ်ကံ ခေါင်းက ဆံပင်ကလေးကို အမေက ဖြီးသင်ပေးခဲ့ သေးသည်။
ဓသည်တစ်ခါ ဆံရစ် ဆံတောက်ကလေး ရှည်လာရင် အမေ ညှပ်မပေးတော့ဘူး။ ဆံတောက်ဖားကလေးနဲ့ပဲ နေတော့ နော် သမီး။ ဒါမှ အုပ်လုံးသွင်းလို့ရမှာ။ သမီးက ဆံပင် ကောင်းသယ်။ နောက်နှစ်လောက်များဆိုရင် နောက်တွဲဆံတုံး တောင် ထုံးလို့ရလောက်သယ်” မအိမ်ကံက အမေ့ရင်ခွင်မှာ လှဲချလိုက်သည်။ အမေ ပန်းရုံကို မော့ကြည့်ရင်းက စကားတစ်ခွန်း မေးခဲ့သည်။ အမေပန်းရုံ ဘယ်လိုမှ ထင်မထားသည့်စကား။ ဖြေနိုင် သလောက်တော့ ဖြေခဲ့ပါ၏။
“အမေ အပျိုဆိုသာ ဘာလဲဟင်”
“သြော်... အပျိုဆိုသာ မိန်းကလေးသဘာဝ အရွယ် ရောက်ပြီလို့ ပြောသာပေါ့ သမီးရဲ့။ အရွယ်ရောက်ပြီ ဆိုတော့ အိမ်မှုကိစ္စ ဗာဟီရကအစ ရွာရေး ရပ်ရေးကိစ္စတွေမှာ ၀င်လို့ တင့်တယ်ပြီပေါ့။ မီးဖိုချောင်မှာလည်း သမီးလက် သမီးခြေ ၀င်လုပ်လို့ရပြီ။ စိုက်ခင်း ကိုင်းခင်းထဲလည်း လုပ်ချင်သပ ဆိုရင် ၀င်လုပ်လို့ရပြီ။ နောက်ဆို အမေတို့လို ဖြစ်လာမှာပေါ့ သမီးရဲ့”
မအိမ်ကံက အမေ့စကားကို နားထောင်ရင်း အတွေး ကလေး ၀င်လာသော်လည်း အမေ့ကိုတော့ မပြောဖြစ်ပါ။ မအိမ်ကံ အတွေးထဲတွင် အပျိုဖြစ်လာရင် ကွမ်းတောင်ကိုင် ဖြစ်ဖို့အရေးသာ ရှိနေသည်။ သို့သော် သည်ကိစ္စကို အမေ ဘာဖြစ်လို့ ထည့်မပြောတာပါလိမ့် ဆိုတာလည်း သတိထား လိုက်မိသည်။
မနက်တုန်းက နဘန်ပွဲမှာ မအိမ်ကံကို ချောကြောင်း လှကြောင်း တစ်ရွာလုံးက ၀ိုင်းချီးကျူးသံတွေ မအိမ်ကံ ငုတ်တုတ်ထိုင်ရင်း ကြားခဲ့ရသည်။ ရွာမှာ အချောဆုံးဆိုလျှင် သူသာလျှင် ကွမ်းတောင်ကိုင်ဖြစ်ရုံ ရှိတာပေါ့။ ဖြစ်ကို ဖြစ်ရ မှာပေါ့။ မအိမ်ကံ သည်လိုပဲ တွေးထားခဲ့သည်။
“ကဲ...ကဲ... အိပ်ချင် အိပ်ကြတော့။ ကျေးဥ တံခါး တွေ ဂလန့်သေချာအောင်ချ။ ဖိုးကူးက အပြင်ခန်းမှာ အိပ်လိမ့် မယ်။ လှအုံ သမီးအတွက် ရေတကောင်းဘူး ရေဖြည့်ထားရဲ့ လား။ မအိမ်ကံက တစ်ရေးနိုး ရေဆာတတ်သယ်”
“ရေဖြည့်ပြီးပါပြီတော့်။ ဖိုးကူး... ညဘက် မမကံ ခိုင်းရင် ထလုပ်ပေးလိုက်နော်”
ထိုညမှစ၍ မအိမ်ကံနှင့် အနီးဆုံးနေရာမှာ ကျေးဥနှင့် ဖိုးကူးတို့ ရောက်လာခဲ့ကြသည်။ ကျေးဥကို အမေပန်းရုံက မအိမ်ကံ အဖော်ရရုံမက အိမ်အတွက် ကူဖော်လောင်ဖက် အဖြစ် တစ်ခါတည်း ခေါ်ထားလိုက်ခြင်း ဖြစ်သည်။ ဖိုးကူး ကတော့ မအိမ်ကံနှင့် သွေးသားဆိုလည်း ဟုတ်သည်။ ကိုဖိုး ငွေနှင့် မလှအုံသားဆိုတော့ တစ်အိမ်တည်း တစ်ဝိုင်းတည်း အတူကြီးပြင်းခဲ့ရသူလည်း ဖြစ်သည်။ ဖိုးကူးနှင့် ကျေးဥတို့ နှစ်ဦးစလုံး၏ မိဘများကလည်း မအိမ်ကံတို့ တံစက်ရိပ်ကို ခိုလှုံနေကြရသူတွေ မဟုတ်လား။
အမေပန်းရုံတို့ ဆင်းသွားတော့ ကျေးဥက လှေကား အတက် တံခါးမကြီးကို ချက်ထိုးပိတ်လိုက်သည်။ တအောင့် နေတော့ လှေကားအဖုံး လျှောတံခါးကြီးကို အောက်မှ ဆွဲပိတ် သံ ကြားလိုက်ရတော့၏။ အောက်ထပ်က အဖေ့အသံသြသြ ကြီးကို တစ်ချက် တစ်ချက် ကြားနေရသော်လည်း ခါတိုင်း လို ဧည့်သည်တွေရော လူဝင်လူထွက်တွေပါ တရုန်းရုန်းနှင့် ဆူညံနေတာ မမြင်ရသည့်အတွက် မအိမ်ကံ တစ်မျိုးတော့ စိတ်ချမ်းသာရပါ၏။ အဖေ့သာ ပြောရတာ။ သူမကိုယ်တိုင် ပင်လျှင် လူနှစ်ယောက် ရံထားရသူ ဖြစ်နေပြီမဟုတ်လား။ ဖိုးကူးနှင့် ကျေးဥ။
“မမကံ... ကျုပ် ဘာလုပ်ပေးရဦးမတုန်း”
“မလုပ်ပေးပါရဘူးဟယ်။ နင် အိပ်ချင် အိပ်တော့လေ ဖိုးကူး”
မအိမ်ကံ စကားဆုံးသည်နှင့် ဖိုးကူးက အခန်းအလယ် မှာ ခင်းထားသော အိပ်ရာထဲ တိုးဝင်သွားတော့သည်။ မအိမ်ကံနှင့် ကျေးဥလည်း အပျိုခန်းထဲ ၀င်ခဲ့ကြ၏။ ကျေးဥ က လသာမှန်အိမ်ကလေးကို ခေါင်းရင်းတိုင်မှာ ချိတ်လိုက် ပြီး အခန်းတံခါးကို ချက်ချပိတ်လိုက်သည်။
“မှန်အိမ်ငြှိမ်းလိုက်တော့မယ်နော်”
“ငြှိမ်းလိုက်တော့လေ။ အပြင်မှာ လသာနေသားပဲ”
မှန်အိမ်မီးကလေး ငြှိမ်းလိုက်တော့ အခန်းထဲမှာ မှောင် သွားလို့လား မသိ။ အပြင်လရောင်က ပိုလင်းနေသည် ထင် ရ၏။ ကြမ်းကပ်ပြတင်းမှ လှမ်းမြင်ရသော လ၀န်းကြီးက ပြည့်ပြည့်တင်းတင်းကြီး။ မနက်ဖြန် ကဆုန်လပြည့်။ ခါတိုင်း လသာရက်တွေမှာ မအိမ်ကံ မြင်ရသော မြင်ကွင်းက ကလေး တစ်ယောက် မြင်ရသော မြင်ကွင်းမျိုးသာ ဖြစ်၏။ သည် တစ်ခါ အပျိုတစ်ယောက်က မြင်ရသည့် လသာညမျိုးပါ လား။ ကောင်းကင်တစ်ဆန့် လရောင်ပြင်ကျယ်ကြီးကို လှမ်း မြင်နေရသည်။ မအိမ်ကံကိုယ်တိုင်သည်ပင် လရောင်လွင်ပြင် ကျယ်ကြီးထဲ တစ်ယောက်တည်း လျှောက်သွားနေရသလို ခံစားနေရ၏။
မနေ့ တစ်နေ့ကပဲ သူမကို ကလေးတစ်ယောက်လို သဘောထားခဲ့ကြသည်။ အခုတော့ အပျိုလိုနေရပြန်ပြီ။ သေချာတာကတော့ သည်တစ်ခါ လရောင်က အပျိုတစ် ယောက်၏ လရောင်ဆိုသည်ပင်။
၁၁။ အညာရွာတွေဆိုတော့ ရာသီချိန်မိုးကလေး အုံ့ပြက် အုံ့ပြက်ရှိလာလျှင်ပင် ကောင်းကင်ကို မော့ကြည့်ကြရပြီ။ ရွာသော်ရှိ မရွာသော်ရှိ မိုးရိပ်မိုးဆင်ကလေး မြင်တော့ တအား ဖြစ်ရသည်။ တစ်ခါတလေတော့ တိမ်ပုပ်မိုးကလေး ဖျောခနဲ ကျပြီးသည်နှင့် မိုးမင်မိုးခဲတွေ ဘယ်ရောက်ကုန်ကြမှန်း မသိ။ စိုက်ချိန် ပျိုးချိန်ဆိုတော့လည်း တောင်သူတွေ မိုးမျှော်ကြရပြီ။
မိုးစနေ၊ လေရာဟု ဆိုသည့်အတိုင်း အနောက်တောင် အရပ် စနေထောင့်မှ မိုးတိမ်ညိုမည်းမည်းကြီးတွေ အုပ်ကြီး သင်းကြီး ဖွဲ့တက်လာလျှင် တောင်သူတွေ လက်ခမောင်း ခတ်ချင်ကြလေပြီ။ သည်တိမ်ညိုတွေသာ မိုးအဖြစ် ရွာချလိုက် လျှင် သစ်စေ့ မြေချလို့ရပြီမဟုတ်လား။ မိုးတစ်စက် ရေတစ် ရွက် ဆိုသကဲ့သို့ မိုးရေက နှူးလိုက်သည့် မြေနူးနူး၏ တန်ဖိုး က ကြီးပါဘိသနှင့်။ ရေတစ်အိုး မိုးတစ်ပေါက်လို့လည်း ဆိုကြပါ၏။ မိုးသားမိုးရိပ်တွေ ဆင်နေသည့် အုံ့မှိုင်းမှိုင်း ကောင်းကင်အောက်ဝယ် ဇောင်ချမ်းကုန်း တစ်ရွာလုံး ကသုတ် ကရက် ရှိနေကြသည်။ သည်မိုးကလေးသာ အောင်လျှင် မြေအစိုဓာတ်ကလေး ရနိုင်ကြပြီ။ အခင်းမြေထွန်မည့်သူက ထွန်သွား၊ ထယ်သွားပြင်ကြ ရသလို နောက်ချေးချမည့်သူက နောက်ချေးပုံကြ၊ ပျိုးကြဲမည့် မျိုးပဲ ရွေးသူက ရွေးကြနှင့် သစ်စေ့ကလေး မြေကျဖို့အရေး ခေါင်းမအေး နိုင်ကြပြီ။ သီတင်းကျွတ်အခါ မိုးကလေး ရွာပြီးလျှင်တော့ တစ်နှစ်တာအတွက် စိုက်ခင်းဝင်ဖို့ ပြင်ကြရ သည်။ အိမ်ကြီးဘေးမှာ အဖီကလေး ဆွယ်ထားသော ဇောင်း တဲကလေးထဲမှာ အမေပန်းရုံတို့နှင့်အတူ မအိမ်ကံပါ မျိုးပဲ ကူရွေးပေးနေခဲ့သည်။ မြေပဲစေ့ အဖျင်းအမှော်၊ ပိုးထိုးလောက် ကိုက်တွေ ရွေးပစ်ရခြင်း ဖြစ်၏။ အောင်ပေ့၊ ကြီးပေ့၊ လုံးဆံကြီးပေ့ ဆိုသည့် မြေပဲစေ့တွေကို တစ်စေ့ချင်း ရွေးထုတ် ရသည်။ မျိုးစေ့မှန်မှ ပင်သန်မည် ဆိုသမှုတ်လား။
“မအိမ်ကံရေ... မအိမ်ကံ”
ခြံပေါက်ဝဆီက မအိမ်ကံနာမည်ကို တကြော်ကြော် ခေါ်သံကြားလိုက်ရတော့ မအိမ်ကံပင် အံ့သြသွားမိရသည်။ ခါတိုင်းဆိုလျှင် အိမ်ကို လာကြသူတွေက သူကြီးမင်း၊ သူကြီးကတော်လို့ပဲ အသံပြုတတ်ကြသည်။ ကိုဖိုးငွေနှင့် မလှအုံကို ခေါ်ချင်ခေါ်ကြမည်။ သည်တစ်ခါ မအိမ်ကံကို အမည်တပ်ကာ ခေါ်နေပါပကော။ မအိမ်ကံ လည်ကလေး ဆန့်ကာ ခြံဝကို မျှော်ကြည့်လိုက်တော့ ရွာ့အပျိုခေါင်း မခင်တုတ်က ၀ါးခြင်းကလေး လက်ဆွဲကာ အသံပြုရင်း ၀င်လာတာ တွေ့လိုက်ရသည်။
“အေ... ခင်တုတ် သည်ကိုလာခဲ့၊ တို့ သည်ဘက်မှာ ဟေ့”
မလှအုံက ဇောင်းတဲထဲက ထွက်ကာ မခင်တုတ်ကို လှမ်း ခေါ်လိုက်သည်။ မခင်တုတ်က ရွာ့အပျိုခေါင်း၊ အပျိုကြီး ဆို သော်လည်း အသက်လေးဆယ် လောက်တော့ ရှိပြီ။ အပျိုကြီး ကလည်း ဖြစ်ပြန်၊ ကျယ်ကြီး ကျယ်လောင်ကလည်း ရှိပြန်ဆို တော့ အလိုလို ရွာ့အပျိုခေါင်း ဖြစ်ရဟန်တူပါ၏။ ရွာ့အပျို ခေါင်းက ရွာမှာ သာရေးနာရေး အကြောင်းကိစ္စရှိလျှင် အပျို စာရင်းပေါက်သူတွေကို ဦး ဆောင်ကာ တာဝန်ခွဲဝေပေးရ သည်။ အပျိုတွေကို ဆော်သြ ရသည်။ ဦးစီးပဲ့ကိုင် ပိုင်နိုင် ကျွမ်းကျင်ရသည်။ မှဲ့တစ် ပေါက် မစွန်းရလေအောင် အပျို ထိန်းတတ်ရသည်။ သြဇာရှိရ သည်။ ထ<က၀ီရိယ ရှိရသည်။ အပျိုတွေကလည်း သူ့စကား ကို ပယ်ရှားဝံ့ကြတာ မဟုတ်။
“ရွာပတ်လာရသာ သူကြီး ကတော်ရေ... မောချက်တော်”
“အင်း... ရွာရေးရပ်ရေး ဆောင်ရသာ ကုသိုလ်လည်း ရပါရဲ့။ ခင်တုတ်ကယ်... လက်ဖက်ကလေးတစ်ရိုး ၀ါးစမ်း ပါဦး။ ဒါနဲ့ အလှူက ဘယ့်နှယ်ကြောင့် တန်ဆောင်မုန်း ရွှေ့ လိုက်ရသာသဲ့တုန်း”
Thursday, October 15, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ