ဝန်ခံရဲတဲ့ စိတ်ထားပါ
ယနေ့ခေတ်တွင် Internet ဆိုတာကြီးက ကမ္ဘာတစ်ဝှမ်းလုံးမှာ တွင်ကျယ်စွာ အသုံးပြုနေကြပါသည်။ တစ်ဦးတစ်ယောက်တည်းအတွက် မဟုတ်ပဲ အများအတွက်ပါရည်ရွယ်ပြီး Sharing System ကို အသုံးပြုလာကျခြင်းကြောင့် အစစအရာရာမှာ လွယ်ကူလျှင်မြန်စွာ အကြောင်းအရာတစ်ခုကို ရှာဖွေသိရှိနိုင်လာကြပါသည်။ စာရေးသူတို့ ကိုယ်တိုင်ပင်လျှင် ကျောင်းသင်ခန်းစာများအတွက် Internet မှ လေ့လာဆည်းပူး၍ လုပ်ဆောင်ရခြင်းကြောင့် အလွန်တရာမှ အဆင်ပြောချောမွေ့လှပါသည်။ သို့သော်လည်း ပြသနာတစ်ချို့မှာ စာရေးသူတို့ ကျောင်းသင်ခန်းစာများသည် Internet မှ စာသားများကို တိုက်ရိုက်ကူးယူခြင်း ပြုလုပ်ခွင့်မပေးပါ။ နားလည်အောင် ဖတ်မှတ်လေ့လာပြီး မိမိနားလည်သလို ပြန်လည်ရေးသားရခြင်းဖြစ်ပါသည်။ ထိုသို့ မရေးသားပဲ တိုက်ရိုက် ကူးချပါက Plagiarism ငြိကာ စာမေးပွဲကျပါသည်။ စာရေးသူတို့ကတော့ လူငယ်ပီပီ ထိုကဲ့သို့ ပြုလုပ်ခိုင်းသည်ကို ရစ်သည်ဟုမြင်ပါသည်။ ဆင်ခြေအနေဖြင့် မိမိရေးသားသော ရေးသားချက်များသည် Internet တွင်ရှိနေသော စာသားများဖြင့် တူနေခဲ့လျှင်သော်လည်းကောင်းဟု ဆင်ခြေပေးတတ်ပါသည်။
စာရေးသူတို့ ဆရာပြောကြားဖူးသော စကားလေးကို နားထဲက မထွက်နိုင်ခဲ့ပါ။
ဆရာပြောကြားပုံက "တူနိုင်တယ်ဆိုတာ ဖြစ်နိုင်တယ်။ မင်းတို့တွေက Internet ကအကြောင်းအရာကို ဖတ်ပြီးပြန်ရေးတာဆိုတော့ ဒီ Site ကနေရေးတာဆိုရင် ဒီ site address ကိုသေချာစွာ REFERENCE ဆိုပြီး ဖော်ပြပေးထားရမယ်။ မင်းတို့ ကူးတယ်ဆိုတာကို ၀န်ခံထားရမယ်။ ၀န်ခံရဲတဲ့ သတ္တိလေးရှိကို ရှိရမယ်။ Site တစ်ခုက ပုံလေးဖြစ်ဖြစ် ဘာလေးဖြစ်ဖြစ်ကူးခဲ့ရင်တောင် မင်းတို့ ထို site ကို ဖော်ပြပေးရမယ်။ ဒီလိုလုပ်ဆောင်ပေးတာက မင်းတို့တွေ လုပ်ငန်းခွင်ဝင်တဲ့အခါ ကိုယ်ပိုင်လုပ်ဆောင်ချက်တွေ ရှိလာရင် Internet ကနေ အလွယ်တကူ ကူးချတာတွေ မလုပ်ဝံ့တော့အောင်။ ကျောင်းသားဘ၀မှာက ပြသနာမရှိပေမယ့် လုပ်ငန်းခွင်ရောက်တဲ့အခါ စီးပွားရေးလောကမှာ ပြသနာရှိနိုင်တယ်။ ဒါ့ကြောင့် ၀န်ခံရဲတဲ့ စိတ်တွေထားပါ။ ကူးချတဲ့စိတ်ကို တတ်နိုင်သမျှ ရှောင်ရှားပါ။ ကိုယ်ပိုင်ဥာဏ်ကို ထုတ်ပါ။"
ထို့ကြောင့် စာရှုသူများကို စကားလက်ဆောင်ပါးချင်တာကတော့ မိမိရေးသားဖော်ပြချက်များတွင် မှီငြမ်းကိုးကားမှုများ ရှိခဲ့လျှင်တောင် ထိုမှီငြမ်းကိုးကားသည့်အရာကို ဖော်ပြပေးခြင်းဖြင့် ၀န်ခံရဲတဲ့သတ္တိမွေးခြင်းဖြင့် မူရင်းရေးသား (သို့မဟုတ်) တင်ပြသူများကို လေးစားသမှု ပြုကြပါစို့။ ။
မူရင်း ပိုစ့်ကို ရေးသားသော ကိုYellow Cloud အားကျေးဇူးတင်ရှိပါတယ်။။။
(စာရေးသူ၏ အမြင်သည် မှားယွင်းနေသည်ဟု ယူဆပါက ကောင်းမွန်စွာ ပြန်လည် တင်ပြနိုင်ကြောင်း ပန်ကြားအပ်ပါသည်။)
ကျွန်တော်သည်
www.myanmarchatonline.com မှာ phannantaw နာမည်ဖြင့် ပိုစ်တင်ပါသည်။
www.myanmargalaxy.com မှာ လမ်းပြကြယ်နာမည်ဖြင့် ပိုစ်တွေတင်ပါသည်။
http://myanmaritresource.darkbb.com မှာ ET နာမည်ဖြင့် ပိုစ်တွေတင်ပါသည်။
http://forverfriends.ning.com မှာ Forever နာမည်ဖြင့် ပိုစ်တွေတင်ပါသည်။
ကိုယ်ပိုင်ဆိုက်အနေဖြင့်တော့
www.whitecloud.iblogger.com နှင့်
www.nyaalinkarr.blogspot.com တို့တွင့် ရေးသားပါသည်။
www,royalrose.nine.com တွင်ရေးသားသော မင်းချမ်းလွင်နှင့် ခင်မင်ရင်းနှီး၍ တစ်ချို့ပိုစ်များကို ယူ၍ တင်ပါသည်.။
Thursday, October 15, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ