Saturday, October 10, 2009

လောကမှာ အစားထိုးလို့ မရတဲ့အရာ (၃) ခု

လောကမှာ အစားထိုးလို့ မရတဲ့အရာ (၃) ခု ရှိပါတယ်။
မိဘ၊ အချိန်၊ အတွေ့အကြုံ
ဟုတ်ပါတယ်
လောကမှာ မိဘဆိုတာ နှစ်ယောက်တည်းရှိပါတယ်။ ဘာနဲ့မှလည်း
အစားထိုးလို့မရနိုင်တဲ့ အဖိုးတန်ဆုံး ရတနာ နှစ်ပါးပါ။ အခြားအရာတွေကိုသာ
အစားထိုးလို့ရပေမဲ့ မိဘနှစ်ပါးကိုတော့ ဘယ်နေရာမှ အစားထိုးလို့ မရပါဘူး။
သူတို့ရဲ့ မေတာ စေတနာ ဂရုဏာတွေဟာ ဘာနဲ့မှ တန်ဘိုးဖြတ်လို့မရပါဘူး။
သူငယ်ချင်းတို့ရေ .....မင်း တို့ စဉ်းစားမိရဲ့လား။ မိဘတွေရဲ့ မွန်မြတ်တဲ့
မေတာတွေကိုလေ။
ငွေရေးကြေးရေးကိုပဲ အကြမ်းဖျင်းတွက်ကြည့်အုံး။
မွေးစကနေ ဒီအရွယ်ထိ (20နှစ်) တွက်ကြည့်ရင်
သန်းပေါင်းများစွာကုန်ကျခဲ့တာနော် ........
ရင်းနှီးမြုပ်နှံမှုက နည်းတာ မဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် ပြန်စဉ်းစားကြပါ ...
ငါတို့ကို ရင်းနှီးရကျိုးနပ်လားလို့လေ....
ချစ်သူတွေက ပြောကြတယ်။ လောကမှာ မင်းကိုအချစ်ဆုံး၊ ရင်ခွဲပြမယ်၊
အသည်းထုတ်ပြမယ်၊ မိဘထက် ပိုချစ်တယ် လို့ပြောတတ်ကြတယ်နော် ..အဲဒါတွေဟာ
လက်တွေ့မှာ အလကားပဲ..
မိဘထက်ပိုချစ်တယ်လို့ပြောလာရင်တော့ အဲဒီလူကို သတိထားတော့...အဲဒီလူဟာ
ကြောက်စရာ အကောင်းဆုံး လူတစ်ယောက်ပဲလို့သာ သိထားလိုက်တော့......
ပိုပြီးသိထားသင့်တာက လောကမှာ အမေနဲ့ အဖေ ဆိုတာ ဘာနဲ့မှ
တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာနှစ်ပါးဆိုတာပါပဲ ...............
"Time and Tide wait for no men "တဲ့။
အချိန်နှင့်ဒီရေသည် လူကို မစောင့်တဲ့. ကြားဖူးတယ်မဟုတ်လား။ ဟုတ်တယ်
အချိန်ဆိုတာလဲ အစားထိုးလို့ မရတဲ့ အရာတွေထဲမှာ တစ်ခု အပါဝင်ပေါ့ ...
အချိန်က ရပ်နားခြင်းမရှိပဲ သူ့ဘာသာသူ လည်ပတ်နေတယ်။ လူတွေကသာ အချိန်ကို
လိုအပ်သလို အသုံးပြုနေရတယ်။ အချိန်ကို ငွေနဲ့လည်း ၀ယ်လို့ မရဘူး။
ပြောကြတယ် အချိန်က လူကို ကုစားသွားမှာပါတဲ့။ တကယ်တော့ လူကပဲ အချိန်ကို
အသုံးချသွားရတာ။ အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်ရင် အချိန်ဟာ
တန်ဖိုးရှိတဲ့ အရာဖြစ်သွားတတ်တယ်။ အချိန်ဟာ ငွေ ပါပဲ။
သုံးတတ်တဲ့သူတွေအတွက်ပေါ့လေ။ အချိန်ကို နောက်ပြန်လှည့်လို့ မရဘူး။
နောက်ပြန်လှည့်လို့ မရတဲ့ အချိန်ကို လက်ရှိ ကိုယ်သုံးနေတဲ့အချိန်ကိုပဲ
တန်ဖိုးရှိအောင် သုံးတတ်နိုင်ဖို့ အရေးကြီးပါတယ်။နောင်တဆိုတာ နောက်မှ
ရတဲ့ အရာတစ်ခု ဆိုတာလည်း မေ့ထားလို့ မရဘူးနော်...
အချိန်ကိုစောင့်မနေပဲ လုပ်စရာရှိတာကို အကျိုးရှိအောင် လုပ်တတ်ကြပါစေနော်
...............
သူငယ်ချင်းတို့ရေ ..............မင်းတို့လည်း အချိန်ကို မစောင့်နဲ့နော်
..အချိန်ဆိုတာ ကိုယ့်ရဲ့ အလုပ်သမားလို့ပဲ သဘောထားတတ်ပါစေနော်
...........သူ့နောက်ကိုမလိုက်ပဲ ကိုယ်ကပဲ ဦးဆောင်တတ်ပါစေနော်
...........
အတွေ့အကြုံ
လူတစ်ယောက်စီတိုင်းမှာ ကိုယ်ပိုင် ဘ၀ဆိုတာ ရှိတတ်ကြတယ်။
ကိုယ်ပိုင်အတွေ့အကြုံဆိုတာရှိတတ်ကြတယ်။
အဲဒါကို အစားထိုးလို့လည်း မရဘူး။ တန်ဖိုးဖြတ်လို့လည်း မရဘူး။
အဲဒီ အတွေ့ အကြုံထဲကပဲ ယူသင့်တဲ့ သင်ခန်းစာ၊ ရှောင်သင့်တဲ့ အချက်တွေ ကို
ရှောင်သင့်ရှောင် ဆောင်သင့်ဆောင်ရပါတယ်။ ဘ၀ဆိုတာ လူကပဲ လုပ်တာပါ။
ကိုယ်အသုံးမကျတိုင်း ကံကြမာကို အပြစ်မတင်သင့်ဘူး။ ဘ၀အတွေ့အကြုံထဲကပဲ
အဆိုးအကောင်း ကို ခွဲခြားတတ်လာတယ်လေ ....
ကိုယ်ကြုံရတဲ့ အတွေ့အကြုံကိုလည်း တန်ဖိုးထားတတ်ရမယ်။
သင်ခန်းစာယူတတ်ရမယ်....
အကောင်းဆုံးဖြစ်အောင်ကြိုးစားရမယ်။
နောင်တရနေမဲ့အစား ဘယ်လိုကောင်းအောင် ပြန်ကြိုးစားရမလဲဆိုတာကိုပဲ
အလေးနက်ထား ကြိုးစားသင့်ပါတယ်...........

0 comments:

Post a Comment

ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

 
Copyright© ညအလင်္ကာ
e
m
o
h
e
v
o
l
y
m
m
o
r
f
e
m
o
c
l
e
w