အလင်္ကာရေ ဒီဘဘကို လေဆိပ်လိုက်ပိှု့လိုက်ကွာ၊ နောက်ကျနေလို့ ဆိုပြီး ကျွန်တော် လူုကြီး GM က ပြောလို့
ဧည့်သည်ဘဘကို ကျွန်တော်လိုက်ပို့ခဲ့ပါတယ်၊
ကျွန်တော်တို့ကုမ္ပဏီက သစ်ထုတ်ရေး ကူုမ္ပဏီတစ်ခုပါ ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှု တစ်ခုဖြစ်တဲ့ Olympic Hotel မှာလာတည်းတဲ့ ဘဘ တစ်ယောက်ကို လိုက်ပို့
ရင်းဖြင့် ကျွန်တော်ဘ၀အတွက် အသိတရားတွေရရှိလာခဲ့ပါတယ်.........
၂၀၀၉ ခုနှစ် မေလ(၁၀)ရက်နေ့ နံနက် Olympic Hotel ကနေ လေဆိပ်သို့သွားရာလမ်းခ၇ီးမှာ ဧည့်သည်ဘဘ နှင့် ကျွန်တော်
ကိုယ့်အကြောင်းပြော ၊ သူအကြောင်းပြောရင်းနဲ့ စထွက်လာခဲ့ပါတယ်..
ကျွန်တော်အသက် အခု 24 ရှိပြီ ဘဘ၊ ကြီးပွားချမ်းသာရေးလမ်းကြောင်းပေါ်ကို မရောက်သေးပါဘူး ဘဘရယ်၊
အစိုးရသစ်တောမှာ(၁)နှစ်၊ ပြီးတော့ ပြင်ပသစ်တောကုမ္ပဏီတစ်ခုမှာ(4)နှစ်ရှိပြီ၊ ဘာဖြစ်အောင် ဘာလုပ်ရမယ်ဆိုတာ ခုထိမသိသေးပါဘူး ဘဘရယ်။
ဟုတ်တာပေါ့ ငါ့တူရယ်........ ဘဘတုန်းက အသက်(၂၀)တိတိမှာ ဘ၀ကို ထူထောင်ခဲ့တာ၊
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် လမ်းကြောင်းရှာလိုက်တာ အသက်(၄၅) ရောက်မှ လမ်းတွေ့တော့တယ်
ဟင်........ (၂၅)နှစ်တောင်ကြာသလား .....ဘဘရယ်
ဟုတ်တယ် ငါ့တူု
လမ်းပေါ်တက်လိုက်၊ လိမ့်ကျလိုက်၊ လမ်းပေါ်လျောက်လိုက်၊ ချော်လဲလိုက်၊ နဖူးပြဲ၊ ဒူးကွဲ အလဲလဲ အပြိုပြိုပါပဲကွာ၊ငတ်တလှည့် ပြတ်တလှည့်ဆိုတာကတော့
အသေးအမွှားလေးပါ
ဟာ.........ဒီလောက်တောင်ကြီးလား
ဒီထက်ပိုပါသေးတယ.်ကွယ်...........
တဖြည်းဖြည်းမောင်းလာရင်း မီးပွိုင့်မှာ မီးနီနဲ့ တိုးလေ၏။
နောက်ကျနေပါတယ်ဆိုမှ မီးပွိုင့်က လာမိနေသေးတယ်၊
မလောပါနဲ့ ငါ့တူရယ်၊ အနီပြီးရင် အစိမ်းလာမှာပေါ့
မီးစိမ်းသွားလေ၏
ကျွန်တော်တို့ရှေ့က ကားအစီး(၃၀)လောက်၏နောက်မှ အသာမှေးလိုက်ရင်း ဈေးတစ်ခုသို့အေ၇ာက် လူအုပ်ကြားထဲရှောင်ရင်း၊
တိမ်းရင်းဈ အရှိန်တင်လိုက်၊ လျော့လိုက်၊ ဘယ်ဘက်ကွေ့လိုက်၊ ညာကွေ့လိုက်.........
တော်တော်လေးကြာမှ လူအုပ်ထဲက ဖောက်ထွက်သွား.ဟူး......................... အခုမှပဲ အေးဆေးမောင်းလို့ရတော့တယ်ယယယယယယယယယယယယယယ
ကဲ ...ငါ့တူ ဘဘ ပြောမယ်။။။။။။။
ငါ့တူနဲ့ ဘဘ စတွေ့တာက ဟိုတယ်မှာ၊ ပြီးတော့ ကားပေါ်ရောက်လာတယ်မဟုတ်လား၊၊၊၊၊၊၊၊
ဟုတ်ပါတယ် ဘဘ....
မောင်းရင်းနဲ့ မီးနီ၊ မီးစိမ်းရှေ့က ကားတန်းကြီး ၊ နောက်ကမှေးလိုက်၊ ဖြတ်ဝင်၊ ကျော်တက်၊ လူအုပ်ကြီးကိုရှောင်၊ ပြိးတော့ ဖောက်ထွက်
တို့သွားနေတာ ဘယ်ကိုလဲ ငါ့တူ.........
လေဆိပ်ကိုပါ .........
လေဆိပ်တော့ ဟုတ်တာပေါ့ကွာ............ဒါပေမဲ့ တကယ့်တကယ့်မှာတော့ ဒါဟာ တို့ရဲ့ ဥိးတည်ရာ လေဆိပ်မဟုတ်လား ၊
တို့လိုချင်တာ လေဆိပ်ဆိုတဲ့ ဂိတ်ကြီးကိုရောက်ဖို့ပဲလေ။။။။။။။။။
ဟုတ်တယ် ဘဘ။။။။။။။။
ဥပမာကွာ...........မင်း မန္တလေးကိုသွားတယ်ဆိုပါတော့
မန္တလေးဟာ မင်းရဲ့ ဥိးတည်ချက် Target မဟုတ်ဘူးလား
ဟုတ်ပါတယ် ဘဘ............
မောင်းရင်းနဲ့ မိုးရွာရင် ရှေ့ကို မမြင်ရတော့တဲ့အတွက် ၀ိုက်ပါနဲ့ေ၇သုတ်ရမယ်
လူတွေ၊ စက်ဘီင်္း၊ ဆိုက္ကားတွေ၊ မြင်းလှည်း၊ ဆိုင်ကယ်တွေ ဟွန်းသံပေး ကျော်တက်ရှေ့က ကားကြီးခံနေရင် မှေးပြိးမှောင်း လမ်းတောင်းလို့
လမ်းရရင် ကျော်တက်၊ ညမှောင်လာရင် မီးထိုးမောင်း
အဲသည်လို မဟုတ်ဘူးလား
ဟုတ်ပါတယ် ဘဘ.......
စကားတပြောပြောနဲ့ ကျွန်တော်တို့ လေဆိပ်လမ်းထဲဝင်လာတယ်ဈ လေဆိပ်ဂိတ်ကိုရောက်တော့ တစ်ရာတန်တစ်ရွက်ထုတ်၍ ဂိတ်ဝင်ကြေး
ပေးလိုက်၏။
သဘောပေါက်ပြီလား ငါ့တူ။။။။။။။။။
ပေါက်သွားပြီး ဘလ
လမ်းကြောင်းရှာရမယ်.................
တွေ့တဲ့အခက်ခဲတွေ ကျော်ဖြတ်ရမယ်.............
ဦးတည်ချက် ပျောက်မသွားရဘူး...............................
ဘဘဆိုလိုချင်တာ ဒီလို မဟုတ်ဘူးလား ခင်ဗျာ
သိပ်ဟုတ်တာပေါ့ကွာ။။။။။။။။။။။။။။။။။။။။။။။။။
ဘဘဟာ ကျွန်တော့်ကို မျက်စိဖွင့်ပေးလိုက်ပါတယ်
ကျေးဇူးပါ ဘဘ
မှတ်ချက်၊ ။ လုပ်ငန်းတွေ့ကြူံခဲ့ရသော အဖြစ်ပျက်လေးပါ
ကိုယ်တိုင်ရေးပါသည်............................
Wednesday, October 14, 2009
Subscribe to:
Post Comments (Atom)
1 comments:
ဖတ်လို့ ကောင်း၏.... ရှင်းရှင်းလေးနဲ့ ထိမိ၏.. :)
Post a Comment
ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ