Saturday, October 10, 2009

လိပ်ပြာလေး


တစ်ခါက လူတစ်ယောက်ဟာ လိပ်ပြာဖြစ်လာမယ့်ပိုးအိမ်လေးတစ်လုံးကို ကောက်ရခဲ့ပါတယ်။ တစ်နေ့တော့ ပိုးအိမ်လေးမှာ အပေါက်သေးသေးလေးတစ်ခုပေါ်လာပါတယ်။ ပိုးအိမ်လေးကိုယူလာတဲ့သူကလည်း အဲဒီအပေါက်လေးကနေ လိပ်ပြာလေး တိုးထွက်နေတာကို စိတ်ဝင်တစားနဲ့ နာရီပေါင်းများစွာ ထိုင်ကြည့်နေမိပါတယ်။ ကြည့်နေတုန်းမှာဘဲ လိပ်ပြာလေးအပေါက်ကနေ ဆက်မထွက်နိုင်ရှာတော့ဘဲ ရပ်သွားပါတယ်။ သူ့ကိုကြည့်ရတာ အစွမ်းကုန်ကြိုးစားခဲ့ပြီး အပေါက်ကနေ ဆက်ထွက်နိုင်စွမ်း မရှိတော့တဲ့ပုံပါဘဲ။

ထိုင်ကြည့်နေတဲ့သူလည်း လိပ်ပြာလေးကို ကူညီဖို့ ဆုံးဖြတ်လိုက်ပြီး ကတ်ကြေးနဲ့ ပိုးအိမ်လေးကို ညှပ်ပြီးခွဲပေးလိုက်ပါတယ်။ အဲဒီအခါမှာ လိပ်ပြာလေးပိုးအိမ်ထဲကနေ အလွယ်တကူဘဲ ထွက်လာနိုင်ပါတယ်။ လိပ်ပြာလေးရဲ့ ကိုယ်ခန္ဓာဟာ နုနယ်တင်းရင်းလွန်းနေပြီး အတောင်ပံလေးတွေဟာလည်း တုန်ရိချိတဲ့နေပါတယ်။ အဲဒီလူလည်း လိပ်ပြာလေးရဲ့ ကိုယ်ခန္ဓာ အချိန်တန်ရင် အနေတော်ကျုံ့သွားပြီး အတောင်ပံတွေကလည်း ကိုယ်ခန္ဓာကို ထိန်းနိုင်တဲ့အထိ ကြီးလာမည့်အချိန်ကို ဆက်ပြီးစောင့်ကြည့်နေပါတယ်။ ဒါပေမယ့် တစ်ခုမှ ဖြစ်မလာခဲ့ပါဘူး။ ဖြစ်မလာဘဲနဲ့ လိပ်ပြာလေးဟာ ဒီလိုနုနယ်တင်းရင်းတဲ့ ကိုယ်ခန္ဓာလေးရယ်၊ ချိနဲ့နဲ့တောင်ပံလေးရယ်နဲ့ဘဲ အသက်ထက်ဆုံး နေသွားရရှာပါတယ်။ သူဘယ်တော့မှ ပျံနိုင်စွမ်း မရရှိခဲ့ရှာပါဘူး။



လိပ်ပြာလေးကို ကြင်နာသနားတာကြောင့် ခပ်မြန်မြန်ကူညီလိုက်တဲ့လူ နားမလည်ခဲ့တဲ့အချက်က လိပ်ပြာလေးအပေါက်က တိုးထွက်နေစဉ်မှာ အားစိုက်ထုတ်လိုက်တိုင်း အားစိုက်ထုတ်လိုက်တိုင်း သူ့ကိုယ်ခန္ဓာထဲကထွက်လာတဲ့ အရည်တွေဟာ အတောင်ပံ တွေဆီကို ရောက်သွားကြပြီး အတောင်ပံတွေကို ပိုပြီးသန်စွမ်းလာစေပါတယ်။ ဒါပေမယ့် ပိုးအိမ်ရဲ့အပေါက်က သေးသေးလေးဖြစ်နေရခြင်းနဲ့ အဲဒီအပေါက်သေးသေးလေးက တိုးထွက်နိုင်ဖို့ လိပ်ပြလေးရဲ့ ရုန်းကန်အားစိုက်ထုတ်ရမှုတွေဟာ လိပ်ပြာလေး ပိုးအိမ်ထဲက အောင်အောင်မြင်မြင် ထွက်လာနိုင်တဲ့အချိန်မှာ အဆင်သင့် ပျံသန်းနိုင်စွမ်းရှိတဲ့ အတောင်ပံတစ်စုံ ရဖို့အတွက်ပါဘဲ။

တစ်ခ့တစ်ရံမှာ ပင်ပင်ပန်းပန်း ရုန်းကန်ကြိုးစားရမှုတွေဟာ ကျွန်တော်တို့ရဲ့ဘ၀မှာ လိုကို လိုအပ်တဲ့အရာတွေပါ။ ဘ၀ကို အခက်အခဲ မရှိဘဲ ဖြတ်သန်းသွားရတယ်ဆိုရင် ကျွန်တော်တို့တစ်တွေ ချိနဲ့အားနည်းသူတွေ ဖြစ်သွားကြမှာပါ။ ကိုယ်တကယ် သန်စွမ်းသင့်သလောက် သန်စွမ်းလာမှာမဟုတ်တော့ပါဘူး။ လိပ်ပြာလေး ဘယ်တော့မှ ပျံသန်းနိုင်စွမ်း မရရှိတော့သလိုမျိုးပေါ့။

အခက်အခဲတွေက ကျွန်တော်တို့တတွေကို တကယ်ဘဲပိုမိုပြီး ရင့်ကျက်သန်မာစေပါတယ်။ အခက်အခဲတွေကြုံတွေ့စဉ်မှာ အစွမ်းကုန် စိုက်ထုတ်ခဲ့တဲ့ အင်အားတွေကလည်းနောင်မှာ တန်ဖိုးမဖြတ်နိုင်တဲ့ စွမ်းရည်တွေအဖြစ်ပြောင်းလဲသွားပြီး ကိုယ့်ဘ၀မှာ အမြဲအထောက်အကူ ပြုနေတော့မှာပါ။ ပြဿနာတွေ အတားအဆီးတွေကြုံနေစဉ်မှာ ဖြတ်ကျော်ချင်ဇောနဲ့ အစွမ်းကုန် ကြိုးစားရုန်းကန်ပြီး အောင်မြင်သွားတဲ့အခါမှာ အသီးအပွင့်ခံစားရတဲ့ အတွေ့အကြုံကို အားလုံးလည်း ခံစားတွေ့ကြုံဖူးကြမယ်ထင်ပါတယ်။ လူ့ဘ၀မှာ ရုန်းကန်လှုပ်ရှားနေရသရွေ့ အခက်အခဲနဲ့ကတော့ ကင်းနိုင်ကြမယ်မထင်ပါဘူး။ အားလုံး အသန်မာဆုံး အတောင်ပံတွေနဲ့ ပျံသန်းနေတဲ့ လိပ်ပြာလေးတွေ ဖြစ်ကြပါစေလို့ ------------------

2 comments:

Khyl said...

အဓိပ္ပါယ်တွေ နဲ့ ပြည့်နေတဲ့ စာစုလေးပဲ.. ရေးတတ်လိုက်တာနော်.... တို့နဲ့ တခြဲစီပဲ.... ရှက်တောင်ရှက်သယ်... :P

ice-cube said...

ဒီ post ကိုဖတ်လိုက်ရတာတခုနဲ့ ဒီလိုလာတာတန်သွားပြီဗျို့  ... အောင်မြင်မှုတွေနဲ့ပြည့်စုံပါစေလို့  ဆုတောင်းခဲ့ပါတယ် မိတ်ဆွေကြီးရေ..

Post a Comment

ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

 
Copyright© ညအလင်္ကာ
e
m
o
h
e
v
o
l
y
m
m
o
r
f
e
m
o
c
l
e
w