အဖြေရှာရတာတွေ
ဝါသနာမပါတော့ဘူး
ရင်ထဲမှာ နာလွန်းလို့. . . ။
တခါတရံ
အထင်လွဲတာပါလို့
ဖြည့်တွေးမိပေမယ့်
ရှင်းပြဖို့ကျတော့
စကားလုံးတွေရှားပါး . . .။
ငါ့အတွက် ငါပဲ
ကြည့်တာ ကောင်းပါတယ်
ရှာမိတဲ့ အဖြေတွေကလည်း
ငါ့ကို နာကျင်စေလွန်းလို့. . . ။
အမှား အမှန်ကို
မခွဲခြားတော့ပါဘူး
ငါထင်တာပဲ ငါလုပ်တော့မယ်
ရူးမသွားချင်တော့လို့. . .။
Sunday, October 11, 2009
Subscribe to:
Post Comments (Atom)
1 comments:
ဖတ်၇င်းနဲ့ ကိုယ်တောင်ရူးချင်လာပြီ.... ဝမ်းနည်းစရာကောင်းပါ့..... ဟီး.....
တော်လိုက်တာ ဂယ်ပဲ....
Post a Comment
ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ