ကျမ်းကိုးစာရင်း
သမ္ဗာန်သမားတစ်ယောက်သည် ကူးတိုဆိပ်မှာ ခရီးသည်ကို မျှော်နေသည်။ ခဏအကြာတွင် သားသားနားနားဝတ်စားပြိး
လက်ဆွဲအိတ်တစ်လုံးဆွဲထားသော လူတစ်ယောက်ရောက်လာသည်။
တစ်ဖက်ကမ်းသို့ ပို့ပေးဖိုငှားရမ်းသည်။ သမ္ဗာန်ထွက်ခွာစတွင် ထိုသူကမေး၏ ။
“ မင်း အင်္ဂလိပ်စာတတ်သလား”
သမ္ဗာန်သမားက
“ရက်စ်နဲ့ နိုးနဲ့ကလွဲရင် လာမှမတတ်ဘူးခင်ဗျာ”
ခရီးသည်က ခေါင်းကိုယမ်းခါလိုက်ပြီး
“အင်း ခုခေတ်မှာ အင်္ဂလိပ်စာမတတ်ရင် လူဖြစ်ရှုံးတာပဲကွ”
မြစ်လယ်သို့ ရောက်သောအချိန်မှာပင် ကောင်းကင်တစ်ပြင်လုံး အုံ့မှိုင်းပြီး နီရဲလာတာတွေ့ရ၏ ။
သမ္ဗာန်သမားက
“မုန်တိုင်းတိုက်တော့မယ်ဗျ”
ခရီးသည်လည်း ထိတ်လန့်တကြား
“ဒုက္ခပါပဲ၊ ငါရေမကူးတတ်ဘူးကွ ။ ဘယ်လိုလုပ်ကြမလဲ”
သမ္ဗာန်သမားက ကောင်းကင်ကို မော့ကြည့်ပြီး
“လေမုန်တိုင်းက အင်္ဂလိပ်လို မတတ်တော့လည်း ခက်သားကလားဗျ” ဟု ရေရွတ်လိုက်၏ ။
ယုတ္တိဗေဒသမားတစ်ယောက်သည် ဘတ်စ်ကားစောင့်နေ၏ ။ သူစီးရမည့် အမှတ်(48)ကားသည် အချိန်တော်ကြာအောင် ရောက်မလာခဲ့။
ထိုအခါ သူသည် မှတ်တိုင်သို့ ဆိုက်လာသော အမှတ်(47)ကားကို တတ်စီးလိုက်သည်။ လမ်းဆုံမှတ်တိုင်မှာဆင်းပြီး အမှတ်(1) ကားကို ပြောင်းစီးသည်။
(47) နှင့်(1) နဲ့ပေါင်းတော့ (48) ဖြစ်သွားတာပေါ့ ဟု သူက သတ်မှတ်သည်။ နောက်ဆုံးတော့ သူသည် သွားလိုရာခရီးနှင့် ဆန့်ကျင်ဘက်အရပ်သို့ ရောက်သွားလေသည်။
စာပေတစ်မားတစ်ယောက်သည် ကားတစ်စီးငှားပြီး ခရီးထွက်လာခဲ့သည်။ ထမင်းစာချိန်ရောက်သောအခါ မြို့ငယ်တစ်မြို့ရှိ ထမင်းဆိုင်တစ်ဆိုင်ရှေ့မှာ ကားရပ်လိုက်ပြီး
ဒရိုင်ဘာက
“ထမင်းစားရအောင် ဆရာ။ ဒီဆိုင်က ဟင်းတွေ သိပ်ကောင်းတယ်”
စာပေသမားက ဆိုင်ကိုလှမ်းကြည့်ပြီး ခေါင်းခါလိုက်သည်။
“ဆိုင်းဘုတ်ကိုကြည့်စမ်း၊ ထမင်းဆိုတဲ့စာလုံးကို “ထဆင်ထူး” နဲ့ “မ”ကို နှစ်လုံးဆင့် ရေးထားတယ်။ “သတ်ပုံမှားနေတယ်” ဟု မနှစ်မြို့ဟန်ဖြင့် ပြောသည်။
ထိုအခါ ဒရိုင်ဘာက
“ဆရာ ထမင်းစားမှာလား၊ သတ်ပုံစားမှာလား” ဟု ပြန်မေးလိုက်လေသည်။
ပညာရှိကြိးက စာအုပ်ပုံကို လက်ညှိုးထိုးပြပြီး
“ဟောဒိစာအုပ်တွေဟာ ငါ့ရဲ့ အတွေးအခေါ်တွေပဲ” ဟုဆို၏ ။
“အဲ့ဒီအတွေးအခေါ်တွေ ပေါင်းလိုက်ရင် အချိန်တစ်ဆယ်လောက်တော့ရှိမယ်နော် ဆရာကြီး” ဟု ဘော်တယ်ကုလားက ပြန်ပြောလိုက်၏ ။
သစ်ပင်အရိပ်ကောင်းကောင်းအောက်မှာ ထိုင်ရင်းငေးမောနေသော အလုပ်လက်မဲ့တစ်ယောက်နားသို့ ဘောဂဗေဒပညာရှင်တစ်ယောက်ရောက်ရှိလာ၏ ။ သူက
“မင်းအလုပ်တစ်ခုခုကို ကြိုးကြိုးစားစားလုပ်သင့်တယ်။ ဒါမှ အသက်ကြီးလာတဲ့အခါမှာ ဇိမ်နဲ့နေနိုင်မှာပေါ့” ဟု အကြံပေးညွှန်ကြားသည်။ ထိုအခါ အလုပ်လက်မဲ့က ပြန်ပြော၏ ။
“ဒါဆို ဘာလုပ်နေစရာလိုတော့လဲဗျာ။ အခုလည်း ကျွန်တော်ဇိမ်နဲ့ထိုင်နေတာပဲ“
သင်္ချာသမားတစ်ယောက်သည် အပြင်သွားခါနီးတွင် သတင်းစာထဲက မိုးလေ၀သသတင်းကို ဖတ်ကြည့်သည်။
“ယနေ့ မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာခိုင်နှုန်း ငါးဆယ်” ဟု ခန့်မှန်းချက်ပေးထားသည်။ ထို့ကြောင့်သူသည် မိုးကာအင်္ကျီဝတ်ပြီး နေကာမျက်မှန်တပ်လျက် ထွက်သွားလေသည်။
“ယောင်္ကျားတွေ အမှားကြီးမှားပြီဆိုရင် အသက်တစ်ချောင်းဆုံးရှုံးရတဲ့အထိဖြစ်သွားတတ်တယ်” ဟု ရှေ့နေတစ်ယောက်က ပြောသောအခါ ဆရာဝန်တစ်ယောက်က
“မိန်းမတွေအမှားကြီးမှားပြီဆိုရင်တော့ အသက်တစ်ချောင်းကို မွေးထုတ်ပေးရတတ်တယ်ဗျ” ဟု ပြန်ပြောလိုက်သည်။
Wednesday, October 14, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ