အလုပ်မှာ စိတ်ရှုပ်တယ်ကွာ
ခိုင်းစရာရှိတဲအခါ ငါက ရှေ့ဆုံးက၊ ရစရာရှိတဲ့အခါ ငါက ဘိတ်ချေး
လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ထိုင်ရင်း မျိုးသူက ရင်ဖွင့်ပါတယ်။။
ခိုင်းစရာရှိတဲ့အချိန်မှာ ကိုယ့်ကိုသတိရရင် ကျေနပ်လိုက်စမ်းပါ လို့
အလင်္ကာ က အားပေးတယ်
`ခင်ဗျားဟာက ဘယ်နှယ်ကြီးတုန်း´ လို့ လင်းနေက မျက်လုံးပြူးပြီး ပြန်မေးတယ်
`ခိုင်းတယ်ဆိုကတည်းက ကိုယ်တတ်မှန်း သိလို့ပေါ့၊ ကိုယ်တတ်တယ်ဆိုတာ အသိမှတ်ပြုဖော်ရတာပဲ ၀မ်းသာလိုက်စမ်းပါဆိုပြီး´
ညလကာင်္ က ပြောတယ်
`တို့ဌာနမှာ ငါနဲ့အဆင့်တူ လုပ်ငန်းတူတွေရှိတယ် တချို့ကောင်တွေက လုပ်ငန်းနဲ့ ပက်သက်ရင် ဘာမှ ကျွမ်းကျင်တာမဟုတ်ဘူး
သူတို့ ကျွမ်းကျင်တာက ဟ၀ှာလုပ်ဖို့ပဲ´
ကျွမ်းကျင်ရာလိမ္မာပေါ့ကွာ
`လက်တောင်မှ အတိုအရှည် ရှိသေးတာပဲကွာ လုပ်ငန်းခွင်ထဲမှာလံ လူစုံစရိုက်စုံ ရှိမှာပေါ့
မင်းတို့ကို အလုပ်တူလုပ်ရင်း ပြိုင်တဲ့ မြည်းနှစ်ကောင်အကြောင်း ပုံ ပြောပြမယ်
ဒီလိုကွ
တစ်ခါတုန်းက ခ၀ါသည်တစ်ယောက်မှာ မြည်းနှစ်ကောင်ရှိသတဲ့ အပြောရလွယ်အောင်
မြည်းအေ နဲ့ မြည်းဘီပဲ သုံးမယ်ကွာ၊
မြည်းအေက အင်မတန်ကြွတတ်သတဲ့
အလုပ်ကို သူများထက်သာအောင် အမြဲလုပ်သတဲ့ ၀န်စည်တွေကို သူများထက်ပိုသယ်တယ်၊
ပိုင်ရှင်ခ၀ါသည်ရှေ့မှာဆိုရင်လမ်းလျောက်တာတောင်မှ ခပ်သွက်သွက်
လျောက်ပြီး သူ့ကို အာရုံစိုက်အောင်လုပ်သတဲ့
`ရိုးရိုးအေးအေး မြည်းဘီကတော့ ပုံမှန်ပဲတဲ့၊ ခ၀ါသည်ခိုင်းသမျှ ပုံမှန်ပဲ လုပ်သတဲ့´
` တစ်ချိန်မှာတော့ ခ၀ါသည်က မြည်းဘီကို မြည်းအေလို အလုပ်လုပ်ဖို့ ဖိအားပေးတာပေါ့´
ဒါပေမဲ့ မြည်းဘီကတော့ လမ်းမြန်မြန်မလျောက်နိုင်လို့ ခ၀ါသည်က ဆောပလောတီးတာပေါ့´
့မြည်းဘီက ငိုကြွေးပြီး မြည်းအေကိုရင်ဖွင့်တာပေါ့။
`သူငယ်ချင်းရာ ဒီမှာအတူရှိနေကြတဲ့တို့နှစ်ကောင်ကို ဘာကြောင့်များ အချင်းချင်း ပြိုင်ခိုင်းနေတာလဲ၊ တို့ဟာပုံမှန်အမြန်နှုန်းနဲ့ဆိုရင်လည်း သယ်နိုင်တဲ့ ၀န်စည်ချင်းလဲ အတူတူပဲဟာတဲ့´
မြည်းဘိက ရင်ဖွင့်တာကို မြည်းအေအတွက် ပိုပြီး အစွမ်းပြဖို့ဖြစ်သွားတယ် နောက်နေ့မှာ မြည်းအေက သူဟာ ၀န်စည်တွေကို ပိုသယ်နိုင်ရုံမျှမက
ဝန်စည်တွေနဲ့ အမြန်လည်း ပြေးနိုင်တယ်လို့ ခ၀ါသည်ကို မျက်နှာလိုအားရ ပြောတယ်
`ဒီလိုပြောတော့ ခ၀ါသည်က ကျေနပ်အားရတာပေါ့
မြည်းဘီကိုတော့ ခြေထောက်နဲ့ ပိတ်ကန်တယ်
နောက်နေ့မှာတော့ မြည်းအေက မျက်နှာကလည်း ပြုံးချိုချိုနဲ့ ၀န်စည်တွေကို ပိုသယ်တဲ့အပြင် အမြန်တောင်မှ ပြေးသွားလိုက်သေးတယ်
အဲလိုလုပ်တာက မြည်းဘီအတွ့က်တော့ ရင်သပ်ရှုမောဖွယ်အနေထားပေါ့
သူက အဲလို မလုပ်နိုင်ဘူးလေ
ခ၀ါသည်ကတော့ မကျေနပ်စရာ ဒါကြောင့် မြည်းဘီကို နည်းမျိုးစုံနဲ့ ဒုက္ခပေးတော့တာပေါ့
နောက်ဆုံးမှာ မြည်းဘီဟာ မြေပြင်ပေါ ဗုန်းဗုန်းလဲကျသွားတယ်
မြည်းအေကတော့ အရမ်းကို ပျော်ရွှင်နေပြိး သူ့တာဝန်များကို အမြင့်ဆုံးစွမ်းဆောင်တာပေါ့
ဝန်စည်တွေကို ပိုသယ်တယ် တကယ်မြန်မြန်ကြီး ပြေးတယ် ခုချိန်မှာတော့ မြည်းဘီသယ်ခဲ့တဲ့ ၀န်စည်တွေကိုလည်း မြည်းအေကပဲ သယ်ရတော့တာပေါ့
ဒါတောင်မှ သူက အပြေးမြန်တုန်းပဲ
`အချိန်နည်းနည်းရလာတော့ မြည်းအေဟာ မောပန်းပင်ပန်းနွမ်းနယ်မှု ၊ နာကျင်မှုတွေ ခံစားလာရတော့တယ်´
ဒါပေမဲ့ ခ၀ါသည်က မြည်းအေဆိကပဲ ယခုရသလောက်ထက်ကို ပိုမျှော်လင့်တာတဲ့
သူလည်း အစွမ်းကုန်ကြိုးစားပါတယ်
ဒါပေမဲ့ ပိုင်ရှင်လိုချင်သလောက်တော့ နိုင်နိုင်နင်းနင်း စွမ်းဆောင်မပေးနိုင်တော့ဘူး
ခ၀ါသည်က ဒေါသထွက်လာပြီး မြည်းအေကို ၀န်စည်တွေပိုသယ်ခိုင်းပြီး ဒုက္ခပေးတော့တာပေါ့
မြည်းအေဟာ အချိန်တန်ကြာအောင် အော်ဟစ်ငိုကြွေးနေပေမဲ့ဖြစ်နိုင်သလောက်တော့ ကြိုးစားပြီး လုပ်တယ်
ဒါတောင်မှ ပိုင်ရှင်ရဲ့ အားရကျေနပ်မှုကိုတော့မရဘူး
နော်ကဆုံးတော့ ခ၀ါသည်က မြည်းအေကို သတ်လိုက်တော့တယ်.
ကိုလင်းနေက ` ပြီးရောလား´
မပြီးဘူးကွ
နောက်ထပ်မြည်းတွေထပ်ရှာပြန်တယ်
`မြည်းငဖားတွေ ပါလာပြီး ကျန်တဲ့ကောင်တွေ အနေမချောင်တဲ့ ဇာတ်လမ်း၊ လောဘနှုတ်ခမ်းမသတ်နိုင်လို့ အလုပ်သမားကောင်းတွေဆုံးရှုံးရတဲ့
ဇာတ်လမ်းတွေလည်း သံသရာလည်နေဦးမှာပဲ´
`လုပ်ဖော်ကိုင်ဖက် အချင်းချင်းဟာ တက်ညီလက်ညီ လုပ်ဖို့လိုတယ်
ရှိတဲ့-၀န်စည်တွေကို မျှဝေထမ်းရမယ် ၊ ဘော့ရှေ့မှာ ဘယ်သှူမှ လူတွင်ကျယ်လုပ်ပြီး လုပ်အားမပြသင့်ဘူး´
လို ပြောပြီး နိဂုံးချုပ်လိုက်တော့သတဲ့ကွယ်။။။။။။။။။။။။
မှတ်ချက်။ ။ လုပ်ငန်းမှာ ကြူံတွေခဲ့ရတဲ့ အဖြစ်ပျက်လေးပါ
Sunday, October 11, 2009
Subscribe to:
Post Comments (Atom)
1 comments:
ဖတ်လို့ အရမ်းကောင်းပါတယ် သူငယ်ချင်းရေ.... ကလောင်စွမ်းထက်တယ်ဟ..
Post a Comment
ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ