နှလုံးသား ၃၈၀/၅၄
လူတစ်ယောက်ရဲ့ နှလုံသားကို ထိုသူမသိအောင် တိတ်တဆိတ်ခိုးယူဖို့ဆိုတာ လွယ်ကူသော ကိစ္စတော့ မဟုတ်။ သို့ရာတွင် ဖြစ်အောင်လုပ်ရမည်။
ကိုယ့်ကို စိတ်ဆင်းရဲစေခဲ့သူ၊ ရင်ထဲမှာ တစစ်စစ်နာကျင်အောင်လုပ်ခဲ့သူ၊ဖျပ်ဖျပ်လူးမျှ ခံစားရအောင် ရက်စက်ခဲ့သူ။ ထိုမိန်းမတစ်ယောက်ကို သက်သာခွင့်ပေးမပေးနိုင်၊
ထိုက်တန်သော တုံ့ပြန်မှုကိုသာ ပေးရမည်။ ညီမျှသော စိတ်ဒုက္ခကို ပြန်လည်ခံစားစေရမည်။ရင်နာမှုဖြစ်ဒဏ်ကို ပြန်လည်ပေးဆပ်စေရမည်။ အနည်းဆုံး စိတ်ကူးထဲမှာပဲဖြစ်ဖြစ် လက်စားချေရမည်။
ထို့ကြောင့်……
…………………………………………………..
ညဘက်အိပ်မောကျချိန်လောက်ကိုမှန်းပြီး သူ့အိမ်ထဲဝင်လာခဲ့သည်။ အပေါ်ထပ်ကိုတတ်သည်။ အိပ်ခန်းထဲဝင်သည်။ ခပ်မှိန်မှိန်ထွန်းထားသော ပြာလဲ့လဲ့မီးရောင်ကြောင့်
အခန်းထဲမှာ မြင်သာထင်သာလောက်တော့ရှိ၏ ။
သူသည် အိပ်ရာပေါ်တွင် ပက်လက်အနေအထားဖြင့် အိပ်မောကျနေသည်။ ထိုအချက်သည် ကံကောင်းသွားခြင်းဖြစ်၏ ။ တကယ်လို့ သူသာ ဘေးစောင်းအိပ်နေလျှင်
အနေအထား ပြင်ပေးရဥိးမည်။ အခုတော့ အဆင်သင့် အနေအထားပဲ။ သူသည် အပူပင်ကင်းစွာ စိတ်ချလက်ချအိပ်နေတာ သိတာ၏ ။
သူ့နှုတ်ခမ်းကလေး အနည်းငယ်ဟနေတာကို မီးရောင်မှိန်မှိန်မှာမြင်ရသည်။ ထိုမြင်ကွင်းကိုမြင်ရသောအခါ ဟိုယခင်အခါဆီက ရုပ်ရှင်ထဲမှာ ပိတ်ကားမှရောင်ပြန်ဟပ်သော
အလင်းရောင်ကြောင့် မှုန်မှုန်ရေးရေးမြင်ရသော မျက်နှာကို သတိရစေသည်။ ထိုစဉ်ကလည်း သူ့နှုတ်ခမ်းသည် ခုလိုခပ်ဟဟကလေးပါပဲ။ သို့ရာတွင် ခုချိန်မှာတော့ နှုတ်ခမ်းသည်
အရေးပါသော အနေထားမှာမရှိ။
သူ့ကိုယ်အပေါ်ပိုင်းမှာ လွှမ်းခြုံထားသောစောင်ကို အသာဆွဲလှပ်လိုက်သည်။ ည၀တ်အင်္ကျီ၏ အောက်မှာ သူ့ရင်သညိ နိမ့်ချည်မြင့်ချည်ဖြစ်နေ၏ ။ စည်းချက်မှန်မှန် အသက်ရှူနေသည့်သဘော။
ရှေ့ဆက်လက် ဆောင်ရွက်ရမည့်ကိစ္စက အရေးကြီးသည်။ နည်းနည်းလေးမှ တုံ့နှေးလို့မရ။ တိမ်းစောင်းသွားလို့မဖြစ်။ ဆရာဝန်တစ်ယောက်လို တည်ငြိမ်ပြီး ခါးပိုက်နှိုက်တစ်ယောက်လို လျင်မြန်ရမည်။
လက်ချောင်းများကို ခပ်တင်းတင်းပူးကပ်၍ လက်ဖ၀ါးနှင့်တစ်တန်းတည်းနေအောင်ထားပြီး သူ့ရင်ခေါင်းအသွင်းသို့ ဆက်ခနဲ ထိုးသွင်းလိုက်သည်။ပူနွေးသောအရာတစ်ခုကို
စမ်းမိသောအခါ ဆုပ်ကိုင်ပြီးလက်ကို အလျင်မြန်ပြန်ဆွဲထုတ်လိုက်၏ ။
ရေထဲကအရာဝတ္တုတစ်ခုကို နှိုက်ယူလိုက်သောအခါ ရေပြင်ပေါ်တွင် ကွဲရာအက်ရာ ကျန်ရစ်ခဲ့ခြင်းမရှိသလို သူ့ရင်အုံ၏ လက်ဝဲဘက်ယွန်းယွန်းမှ အရေပြားသည်လည်း
ဘာဒဏ်ရာမှမဖြစ်ဘဲ ပကတိအတိုင်းရှိနေ၏ ။ ကိုယ့်လက်ထဲမှာတော့ သူ့နှလုံးသားသည် တဆတ်ဆတ်ခုန်ရင်း ပါလာသည်။
……………………………………
သူ့နှလုံးသားကို ကြွပ်ကြွပ်အိတ်ထဲထည့်ဆွဲပြီး အိမ်အပြင် ပြန်ထွက်လာခဲ့၏ ။
သူ့နှလုံးသားကို ထုတ်ကြည့်သည်။ ဒုတ်ကနဲ ဒုတ်ကနဲ ခုန်နေတုန်းပင်ရှိ၏ ။
စိတ်ထဲမှာ ရုတ်တရက်မြူးကြွလာသည်။ ကစားစရာအသစ်တစ်ခုရလာသော ကလေးငယ်တစ်ယောက်သည် အိမ်ပြန်ရောက်သည်အထိ
မစောင့်နိုင်သလိုပင်ဖြစ်၏ ။ သူ့နှလုံးသားကို မြေပေါ်ပစ်ချလိုက်သည်။ မြေပြင်နှင့်ထိသောအခါ တင်းနစ်ဘောလုံးတစ်လုံးလိုပင် ခုန်ပြီး
ပြန်တက်လာသည်။ သူ့နှလုံးသားကို ဘတ်စ်ကက်ဘောလို ပုတ်ကစားနိုင်၏ ။
“အဲဒီမျာ ကျွန်တော်တို့ကို ခဏငှားပါလား၊ ကျွန်တော်တို့ ကန်နေတဲ့ ဘောလုံးပေါက်သွားလို့”
ကောင်လေးတစ်ယောက်က လာပြောသည်။ သူတို့သည် မာကျူရီမီးရောင်အောက်က ကွန်ကရစ်လမ်းပေါ်မှာ ဘောလုံးကန်နေကြခြင်းဖြစ်၏ ။
“ကဲ..... ရော့ .....စိတ်ရှိလက်ရှိသာ ကန်ကြစမ်းကွာ”
ဆိုပြီး သူ့နှလုံးသားကို ပစ်ပေးလိုက်၏ ။ ကောင်လေးသည် နှလုံးသားကို တစ်ချက်နှစ်ချက် ပုတ်ကြည့်ပြီး သဘောကြဟန်ဖြင့်...............
“တော်တော် ကန်လို့ကောင်းမှာပဲ” ဟု ပြောသည်။
ဟုတ်လည်း ဟုတ်သည်။ သူ့နှလုံးသားမှာ တွန်းကန်အားအလွန်ကောင်းသည်။ ဖြည်းဖြည်းလေးကန်လိုက်ရုံနဲ့ အဝေးကြီးပြေးနိုင်သည်။
သူ့နှလုံးသားသည် ကလေးတွေကြားမှာ ဟိုမှဒီမှ ခုန်ပေါက်လူးလားနေသည်။ “ဟင်း....ဒီလောက်မာနကြီးတဲ့ နှလုံးသား၊ ခုတော့
သူများခြေထောက်ကြား လှိမ့်အကန်ခံနေရပြီမဟုတ်လား” ဟု တွေးရင်းကျေနပ်စွာကြည့်နေမိ၏ ။
ချာတိတ်နှစ်ယောက်သည် ၀မ်းတူးရိုက်ရင်းသယ်လာသည်။ ပြီးတော့ တစ်ဖက်မှ လွတိနေသော ရှေ့တန်းဘူဆီ ထိုးပေးလိုက်သည်။ ရှေ့တန်းမှ
ကောင်လေးက ကျုံးကန်ထည့်လိုက်၏ ။ နှလုံးသားသည် ဂိုးတိုင်ဆီ တန်းကနဲ ပြေးသွားသည်။ ဂိုးသမားက ဖမ်းဖို့ကြိုးစားသည်။ သို့ရာတွင်
အရှိန်က မြန်လည်း မြန် ၊ ပြင်းလည်းပြင်းလွန်းလှသဖြင့် မဖမ်းနိုင်ဘဲ နှလုံးသားက သူ့ရင်ဘတ်ကို ဒိုင်းကနဲဝင်ဆောင့်လိုက်သည်။
ဂိုးသမားလေးသည် နောက်ကို ဆယ်ပေလောက် လွင့်စဉ်ထွက်သွားပြီး မြေပေါ်မှာ ပုံလျက်သား ကျသွား၏ ။
“ဟာ ...ဆိုပြီး သူ့ ဆီချာတိတ်တွေ ၀ိုင်းအုံပြေးသွားသည် ။ တစ်ယောက်ကပွေ့ ထူပြီင်္း ခေါ်ကြည့်သည်။ ကောင်လေးမှာ ပြန်မထူးနိုင်၊ သတိလစ်
မေ့မြောနေပြီ။
ဆေးရုံအမြန်ပို့နိုင်သောကြောင့် သက်သာရာရသွားခြင်းဖြစ်သည်ဟု နောက်ပိုင်းကျမှ သိရသည်။
.....................
သူ့နှလုံးသားကတော့ အရှိန်မသေသေးဘဲ မြေကြီးပေါ်မှ ခုန်ဆွခုန်ဆွလုပ်နေသည်။ ထို့ကြောင့် ကြွပ်ကြွပ်အိတ်ထဲ အမြန်ကောက်ထည့်ပြီး
ထွက်လာခဲ့ရ၏ ။ တော်တော် ကောင်းကျိုးမပေးတဲ့ နှလုံးသား၊ အိမ်ရောက်မှ ရေရေလည်လည်ဆုံးမပြီး ပညာပေးရမယ်ဟု တေးထားလိုက်ပြီး
ဆက်လျောက်လာခဲ့၏ ။
တိုက်တန်းတွေကြားက ဖြတ်လျောက်လာသည်။ တစ်နေရာတွင် ခွေးလေးခွေးလွင့် တစ်ကောင် သည် အမှိုက်ပုံကြားမှာ နှုတ်သီးဖြင့် ထိုးဆွ ရင်း
စားစရာ တစ်ခု တွေ့ လို့ တွေ့ ညား ရှာဖွေ နေသည်။
စိတ်ကူးတစ်ခုပေါ်လာသည် . ဒါသည် လက်ဖျောက်တီးပြီး ခွေးကို ခေါ်လိုက်သည်။ ခွေး က ကြွပ်ကြွပ် အိတ်ကို မြင်တော့  သဘောပေါက်
သွားဟန်တူ၏်။ အမြှီး နှန့် ပြီး အနားကိုပြေးလာသည်။ ကြွ့ပ်ကြွ့ပ်အိတ် ထဲက နှလုံးသား ကို ထုတ်ပြီး ခွေး ရှေ့ မှာ ချပေးလိုက်သည်။
ခွေးက အနံခံကြည့်သည်။ စားလို့ ရမှန်းသိသွားသောအခါ အငမ်းမရ ထိုးဟပ်လိုက်၏။ ဆတ်ခနဲ တုန်သွားပြီးနောက် ပြန်လွှတ် ချလိုက်သည်။
အီ ခနဲ တစ်ချက် ဖြစ်သွားသည်။ ထို့ နောက် တအိုင်အိုင် အော်ပြီးကြောက်လန့် တအားထွက်ပြေးသွား၏။
သူ့ နှ့ လုံးသားကို ကောက်ယူကြည့်လိုက်တော့  ပွန်းရာ ခြစ်ရာ လေး တောင် မရှိ။ မြေပြင်ပေါ်မှာတော့  ခွေး ၏ အစွယ် တစ်ချောင်းပြီး ကျ
ကျန်ရစ်ခဲ့ တာ တွေ့ ရသည်။
.......................................
အတော် မာရေကျောရေ နိုင်တဲ့  နှလုံးသား ပဲ ဟု မှတ်ချက် ချရင်း ဆက်လျှောက်လာခဲ့ သည်။
တိုက်တန်းလျားတွေလွန်သောအခါ လမ်းက နည်းနည်း မှောင်ရိပ်ကျနေသည်။ ခဏကြာသောအခါ ရှေ့ဘက်မှ စက်ဘီးနှစ်စိးလာနေတာတွေ့ရသည်။ ကင်းလှည့်လာသော ရဲတပ်ဖွဲ့ဝင်နှစ်ဦးပင် ဖြစ်လေ၏ ။ အနားရောက်လာတော့ စက်ဘီးကိုရပ်ပြီး ဆင်းလာသည်။ တစ်ယောက်ကမေးသည်။
“ဘယ်ကလာတာလဲ”
“အလုပ်ကလာတာပါ” ဟူ ပြီးစလွယ် ဖြေလိုက်သည်။
လက်မှာဆွဲထားသော ကြွ့ပ်ကြွပ်အိတ်ကို မသင်္ကာသလိုကြည့်ပြီး “အဲ့ဒီ အိတ်ထဲက ဘာလဲ”
“နှလုံးသားပါ” ဟု ဖြေသောအခါ အဖော်ဖြစ်သူက
“ပေါက်ကရတွေ ပြောနေတယ်။ အရက်မူးလာတယ်ထင်တယ်” ဟု ခပ်တိုးတိုးပြောသည်။ ကျန်တစ်ယောက်က
“ဘာပဲဖြစ်ဖြစ် စစ်ဆေးကြည့်ရမှာပဲ။ အိတ်ကို ဖွင့်ပြစမ်း”ဆိုသဖြင့် ဖွင့်ပြလိုက်သည်။ သူကလက်နှိပ်ဓါတ်မီးနှင့် ထိုးကြည့်ပြီး အံသြဟန်ဖြင့်.....
“ဟာ.............ရွှေတုံးကြီးပဲ”
“ဗျာ...............မဟုတ်ပါဘူး နှလုံးသားပါ”
“ဒီမှာ.......လက်ပုးလက်ကြပ်တွေ့နေတာတောင် ငြင်းနေရသေးလား။”
ကြွပ်ကြွပ်အိတ်ထဲကို ငုံ့ကြည့်လိုက်တော့ ဟာ တကယ်ပါပဲ။ နှလုံးသားလို ပုံစံမျိုးဖြစ်နေသော ရွှေတုံးကြီးတစ်တုံးသည် လက်နှိပ်ဓါတ်မီးရောင်အောက်မှာ ၀င်းလက်တောက်ပြောင်နေတာတွေ့ရသည်။ အမယ်................နိုင်တီနိုင်း........ပွိုင့် နိုင်းနိုင်း(99.99)ဆိုသော ဂဏန်းလေးတောင် ရိုက်နှက်ထားသေးသည်။
“ ဟာ..........ဘယ်လိုဖြစ်တာလဲ ကျွန်တော်ယူလာတူန်းက နှလုံးသားစစ်ပါ”
“အူကြောင်ကြောင် လုပ်မနေနဲ့၊ စခန်းလိုက်ခဲ့”
....ဆိုပြီး ခေါ်သွားသဖြင့် ပါသွားရ၏ ။ စခန်းထဲရောက်တော့ တာဝန်မှူးစားပွဲရှေ့သို့ ခေါ်သွားသည်။
“ဘာဖြစ်တာလဲဟေ့”
တာဝန်မှူးက မေးသည်။
“ရွှေတုံးကြီးတစ်တုံး သယ်လာတာတွေ့လို့ မသင်္ကာတာနဲ့ ဆွဲလာတာ ဆရာ”
“ပြစမ်းပါဦး”
ရဲတပ်ဖွဲ့ဝင်တစ်ယောက်က ကြွပ်ကြွ့ပ်အိတ်ကို စားပွဲပေါတင်ပေးလိုက်သည်။ တာဝန်မှူးက ကြွပ်ကြွပ်အိတ်ကိုဖွင့်ပြီး ငုံ့ကြည့်သညိ။ မျက်မှောင်ကုတ်လိုက်ပြီး အိတ်ထဲကို လက်နှိုက်သည်။ လက်ပြန်ထုတ်သောအခါ စတီးချိုင့်လေးတစ်လုံးပါလာသည်။
“ဘယ်မှာလဲကွ ရွှေတုံး”
ရဲတပ်ဖွဲဝင်နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက်ကြည့်ုပြီး နားမလည်သလိုပုံမျိုးဖြစ်နေသည်။။ တာဝန်မှူးက စတီးချိုင့်ကို ဖွင့်ကြည့်သည်. အထဲမှာ ငါးရိုးအစအနများနှင့် ထမင်းကျန်အနည်းငယ်သာရှိသည်။
တာဝန်မှူးသည် သူ့လူနှစ်ယောက်ကို မော့ကြည့်ြုပီး....
“မင်းတို့နှစ်ယောက်မူးနေလား”
ဟာ .............ဆရာရယ် ၊တာဝန်ချိန်ကြီးမှာသောက်ရဲ့ပါ့မလား
မင်းတိှု့ကို သေသေချာချာ မှာထားတယ်။ အလုပ်ကိုစေ့စေ့စပ်စပ်လုပ်ပါ အခုတော့ အလုပ်က ပြန်လာတဲ့ လူတစ်ယောက်ကို သက်သက်စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တယ်။သူ့ခင်ဗျာ. အိမ်ပြန်နောက်ကျနေရတဲ့ကြားထဲ ပြောရင်း ဒီဘက်လှည့်ပြီး ............
စိတ်မရှိပါနဲ့ ညီလေးရာ၊ ကိုယ့်ကောင်တွေဝီရိယ ပိုသွားလို့ပါ.....ကဲကဲ သွားနိုင်ပါပြီ ဆိုပြီး စီးကရက်တောင် တိုက်လိုက်သေးသည်။
စခန်းထဲက ထွက်လာစဉ် ကျွန်တော်တို့ သေသေချာချာမြင်တာပါဆရာဟု ပြောနေသော အသံသဲ့သဲ့ကြားလိုက်ရသည်.
......................................
ရဲစခန်းအပြင်ရောက်တော့ ကြွပ်ကြွပ်အိတ်ကို အသာဖွင့်ကြည့်တော့ သူ့နှလုံးသားသည် ပင်ကို အတိုင်းပြန်ဖြစ်ပြီး တဒူတ်ဒူတ်ခုန်နေတာ တွေ့ရ၏ ။ အတော်ပြသာနာ ရှာတဲ့ နှလုံးသား....တွေ့မယ်ဟု စိတ်ထဲက ကြိမ်းရင်း ဆက်လျောက်လာခဲ့၏ ။
ထိုစဉ် ဟိုးခပ်လှမ်းလှမ်းမှ မောင်းလာနေသော ကားတစ်စိး၏ မီးရောင်ကို တွေ့ရသည်. စိတ်ကူးတစ်ခုဖျက်ကနဲ ပေါ်ပေါက်လာ၏ ။ နှလုံးသားကို အိတ်ထဲထုတ်ပြီး လမ်းပေါ်ချထားလိုက်သည်။ ကားသည် အရှိန်နှင့်မောင်းရင်း ဖြတ်သွားသည်. နှလုံးသားကို မနငိးမိဘဲ ခွကျော်သွား၏ ။
ဟင်း..............ကံကောင်းလို့ပေါ့ကွာ....ဟုတွေးပြီး နှလုံးသားကို ပြန်ကောက်ယူမည်ပြုစဉ် နောက်ထပ်ကားတစ်စင်းလာနေတာတွေ့ရသဖြင့် လမ်းပေါ်ပြန်ချထားပြီး စောင့်ကြည့်နေလိုက်သည်.ဒီတစ်ခါလာတဲ့ကားက ပိုကြီးသည်။ ကွန်တိန်နာကားကြီးဖြစ်၏ ။
ကုန်တန်ချိန် အတော်များဟန်တူသည်။ စက်သံငအတော်ပြင်းသည်။ကားရှင်းသောကြောင့်အရှိန်ကိုလည်း တင်မောင်းလာသည်။ ခဏအတွင်းမှာပင် နီးကပ်လာ ။ ရှေ့ဘီးက လမ်းပေါ်မှာချထားသော နှလုံးသားကို မနင်းမိဘဲ လွဲသွားသည်။ နောက်ဘီးတွေကတော့ နှလုံးတွဲတွေဖြစ်သောကြောင့် မလွဲချောနိုင်။ တည့်တည့်ကြိးပင်ဖြတ်ကြိတ်ပစ်လိုက်၏ ။
ဒုန်းခနဲ မြည်ပြီး ကားကြီး သည် မြောက်တတ်သွားသည် ။ ပြန်ဆောင့် အကျတွင် နောက်မြီးပိုင်းက ယမ်းခါပြီး ပလက်ဖောင်းပေါ် တစ်ခြမ်းတင်သွား၏ ။ ဒရိုင်ဘာသည်
ခက်ခက်ခဲခဲ ထိန်းလိုက်ရပြီး ကားကို ရပ်လိုက်သည် ။ ပြတင်းပေါက်မှ ခေါင်းပြူထွက်လာပြီး နောက်ကို လှည့်ကြည့် လိုက်သည် ။ သူ့ မျက်နှာထားမှာ ဒီလောက်ညီညာ ပြန့် ပြူး
နေတဲ့  လမ်းပေါ်မှာ ဘယ်လို ဖြစ်သွားတာ ပါလိမ့်  ဆိုပြီး ဇဝေဇ၀ါဖြစ်နေပုံပေါ်သည် ။ပြီးမှ ကားကို ပလက်ဖောင်းပေါ်မှ ပြန်မောင်းချပြီး ထွက်သွား၏ ။
နှလုံးသား ကို သွားကြည့်လိုက်တော့  ကတ္တရာလမ်း ထဲမှာ မြှုပ်ဝင်နေတာ တွေ့ ရတယ် ၊၊ ဆွဲထုတ်ယူလိုက်သောအခါ ကတ္တရာလမ်းမှာ ချိုင့် ဝင်နေသောတွင်းငယ် တစ်ခု ဖြစ်ကျန်
ခဲ့ ၏၊၊ သူ့ နှလုံးသားကတော့  ပုံစံလုံးဝမပျက် ။ တဒုတ်ဒုတ် ခုန်နေတုန်း။
....................................
သာမာန် အသွေးအသားဖြင့် တည်ဆောက်ထားပြီး လက်ညိုး နှင့် ခပ်ဆပ်ဆပ်ထိုးဖောက်လိုက်လျှင်
ဖောင်းခနဲ့ ပေါက်ထွက်သွားလိမ့်မည် ထင်ရသော သူ့ နှလုံးသားသည် ဒီလောက်ထိ ခံနိုင်ရည် ရှိနေတာ အံ့သြစရာ ပင် ဖြစ်၏ ။ ဘာ ပဲ ဖြစ်ဖြစ် ခံနိုင်ရည်အားဆိုသည် မှာ အကန့် အသတ်
တစ်ခုတော့  ရှိစမြဲ ။
ထို့ ကြောင့် အိမ်ပြန်ရောက်သောအခါ သူ့ နှလုံးသားကို အသားကြိတ်စက်ထဲ သို့ ဖိသိပ်ထည့်ပြီး ခလုတ်ဖွင့် လိုက်သည်။ ကြိတ်စက် သည် ရုတ်တရက် မလည်နိုင်ဘဲ တင်းခံနေသည်။
ပြီးတော့ မှ တအားရုန်ကန်းပြီး ကြိတ်ဆွဲလိုက်သည် ။ပွတ်တိုက်ကြိတ်ဝါးနေသည့် အသံတွေထွက်လာသည် ။ ထိုအသံများမှာ မော်တာ လည်သံ နှင့် ရောနှော ပြီး ဆူညံနေတာ အူယားစရာကောင်းလှသည်။
ခဏအကြာတွင် တစ်ဖက်ထွက်ပေါက်ထဲမှ အပိုင်းအစကလေးတွေ ထွက်လာသည်။ ဘာတတ်နိုင်သေးလဲ ဟု ရေရွတ်မည်ပြုစဉ်မှာပင် တစ်စုံတခု မှားယွင်းနေကြောင်း သတိပြုမိ၏ ။ အပိုင်းအစ လေးများသည် အသွေးအသားတုံးကလေးများ
မဟုတ်ဘဲ သံတွေ သံခဲ ကလေးတွေ ဖြစ်နေခြင်းပါပဲ ။
လည်နေသော မော်တာ ရပ်သွား၏။ သူ့ နှလုံးသားသည် စက်ထဲမှ အလုံးအထည်မပျက် ဘဲ ခုန်ထွက်လာသည်။ စက်ထဲကို ငုံ့ ကြည့်လိုက်သော အခါ သံမဏိရိုလာ ဓါးသွားများမှာ လုံးဝကြွေမွ ပျက်စီးနေတာ တွေ့ လိုက်ရ၏။
ဒီလောက်တောင် ဖြစ်လှတာ သိကြရောပေါ့.။
သူ့ နှလုံးသား ကို ပလက်တီနမ် ဆန်ခါ ပေါ်တင်လိုက်သည်။ ပြီးတော့  ထောင့် ငါးရာဒီဂရီ စင်တီ ဂရိတ်ရှိသော အောက်ဆီ အဆက်တလင်း မီး လျှံဖြင့် အပူပြင်းတိုက်လိုက်သည်။ ခံနိုင်လျှင် ခံပေရော့ ။
သူ့ နှလုံးသားသည်
့ သူ့ နှလုံးသားသည် နစ်ခရုန်း သတ္တုစပ်လို ရဲရဲတောက်လာ၏ ။ ဒီအတိုင်းဆိုလျှင် မိနစ်ပိုင်းအတွင်းမှာပင် ပြာကျသွားလိမ့် မည်။ ကိုင်း မှတ်ပြီလား ။
ထိုစဉ်မှာပင် သူ့ နှလုံးသားထံမှ အခိုးအငွေ့ များထွက်လာသည်။ အနံ က စိမ်းရွှေ ရွှေ ။ ထို အနံ များ ကို ရှုရှိုက်မိသော အခါ ရင်ထဲက တလိပ်လိပ် ဖြစ်လာသည်။ စိတ်အာရုံ တက်ကြွလာသည်။
တဖြည်းဖြည်း အူမြူးလာသည်။ နောက်ဆုံး ဘယ်လိုမှ ထိန်းချူပ်လို့ မရတော့ ဘဲ အူလိုက် သည်းလှိုက် တခစ်ခတ် တဟားဟား ရယ်မောလိုက်မိလေသည်။
လက်စသတ်တော့  သူ့ နှလုံးသားမှ ထွက်ပေါ်လာသော အခိုးအငွေ့ များမှာ ရှုရှိုက်မိလျှင် လူကို ရယ်မော စေတတ်သော လပ်ဖင်းဂက် ခေါ် နိုက်ထရပ်စ်အောက်ဆိုဒ် ဓါတ်ငွေ့ တွေ ဖြစ်နေတာကိုး။
နောက်ဆုံးမတော့  ထို အာဂ နှလုံးသား ကို ပိုင်ရှင်ထံသို့ သာ ပြန်ပို့ ပေးလိုက်ရတော့ သည်။
..................................................
နောက်တစ်နေ့ ကျတော့  ထိုမိန်းမ သည် နှလုံးအထူးကု ဆရာဝန်ဆီ သွားပြသည်ဟု သတင်းကြားရသည်။ သူ့ ရောဂါ က အခြား နှလုံးရောဂါသည် တွေ လို ရင်ဘတ်အောင့် ခြင်း ၊ အသက်ရှုမ၀ခြင်း
၊ မောပန်းခြင်း စသည် တို့ လို မဟုတ် ။ နှလုံးသားထဲက မခံမရပ်နိုင်လောက်အောင် ယားကျိကျိ ဖြစ်နေလို့ ဆိုပဲ။
( မှတ်ချက် ။ ။ ပုဒ်မ ၃၈၀ / ၅၄ = ခိုးမှု မသင်္ကာ )
စာရေးဆရာမင်းလူ၏ ၀တ္တူတိများ
Wednesday, October 14, 2009
Subscribe to:
Post Comments (Atom)
1 comments:
ဟီးဟီး.... ဘာများလဲလို့ ဖတ်လိုက်ရတာ အူတောင်တုန်တယ်..... ကောင်းတယ်..
Post a Comment
ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ