Monday, January 18, 2010

မြန်မာညွန့်ညှိုး မကုန်အောင် အမျိုးဂုဏ် ဆယ်ကြစို့လေး''




''ခေတ်ဆန်သူ တပည့်မတို့ သတိရပေရှာ၊ အဓိက စေတနာငယ်၊ မေကညာခင်ထွေး။ ဆရာမ လွန်ကြင်နာလျှင်၊ သွန်သင်တာ မှတ်တော့ မနှေး။ ကာလဖြင့် ပျက်ချင်ပြီ၊ ဖက်ရှင်တွေ ရှုပ်ထွေး၊ အရှက်တွင် အဟုတ်ဝေးပါပေါ့၊ လှုပ်လှုပ်ကလေး တုံတုံ။ ဖန်ပေါင်းချောင် ရေအတွင်း၊ ရွှေငါးကြင်း လွတ်သည်သို့ကြုံ။ အင်္ကျီက အပါးစုံသည်၊ အသား ပုံဝါဝင်းလို့၊ ကျပ်တင်းတင်းတရားကွာ၊ ခါးကတစ်ထွာ။ မောင်အဘ အားနာလျှင်၊ မှားတာကို ပြင်ကြစို့လေး။ မြန်မာညွန့်ညှိုး မကုန်အောင် အမျိုးဂုဏ် ဆယ်ကြစို့လေး''

4 comments:

Khyl said...

အိုး.... မက်ကျိကျိန်းလိုက်တာ... ဘလား.. ဘလား... အဲလိုတွေ ဖစ်ကုန်ကျပီလား.... တို့ဆီက ကျန်တာနှေးရင်နှေးမယ်... ဒါမျိုးဆို အတုယူတာမြန်ပါ့.....
ကဗျာထဲမှာ ဆက်ရေးသင့်တာကျန်သေးတယ်....
ဖင်တုန်းတွေ ပေါ်ကုန်ပါပြီဗျာ... ယင်ကောင် တလောင်းလောင်းနဲ့လေး.... ဟေးဟေး...

ရီရဒယ်နော်..ဗြဲ

kiki said...

အစစ အရာရာ ရှားပါး နေတဲ့ ဒီခေတ်ကြီးမှာ ပိတ်စ ခြွေတာရေးလုပ်ကြတာ နေမှာပေါ့ ကွယ် .. အကောင်းဖက်က တွေးယူကြည့်လိုက်တယ် လေ ..ဟဲ ဟဲ...

suburbanian said...

ဒီကောင်မလေးတွေ ဘားလမ်းမှာ မုန်းဟင်းဂါး ထိုင်စားရင် ကာတွန်းဆြာရှေ့ မှောက်ရပ်လဲတာပဲ... ဟားဟား...မုန့်ဟင်းခါးစားတာ အဲဒီဖက်ရှင် ဝတ်စရာလား.... ပြောတော့ဘူး... ခွိးးးးး

နွေဦးလွင် said...

အကောင်းဖက်ကလှည့်တွေးတယ်ဆိုတာ ကောင်းတယ်လို့ လက်ခံလိုက်တာကိုပြောတာလားသိဘူး .. အကောင်းဘက်ကိုလှည့်တွေးပေးတာတွေများများလာလို့ ဒီလိုဖြစ်လာတာလို့ထင်တယ်း) ကိုယ်တိုင်အကောင်းလို့ထင်သွားရော ..

Post a Comment

ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

 
Copyright© ညအလင်္ကာ