Monday, February 8, 2010

နမ်းရှိုက်ခွင့်

ခင်မင်မှုနဲ့ အစပျိုးပြီး

အချစ်ကို ခိုးယူဘို့
မကြိုးစားတော့ပါဘူး
ဝင်းဝါနုပျိုနေတဲ့
မင်း ပါးပြင်ထက်က
နူးညံ့ဖြူလွင့်
ရိုးရှင်းတဲ့ သနပ်ခါးပွင့်လေးရယ်....
ရင်ခုန်သံ မှန်စေဘို့
မင်းရဲ့
သင်းပျံ့တဲ့ ချွေးရနံ့လေးရယ်....
သန့်ရှင်းတောက်ပြောင်
ပိတုန်းရောင် ဆံကေသာလေးရယ်ကို
နမ်းရှိုက်ခွင့်ရရင်
ဘ၀မှာ
အရာရာ ပြည့်စုံပါပြီကွယ်.....။

 

0 comments:

Post a Comment

ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

 
Copyright© ညအလင်္ကာ