Wednesday, February 17, 2010

ကုသိုလ်လုပ်ပေမဲ့ ကုသိုလ်မရဘူး . “ ဒါဆို ဘာလုပ်ရင် အကောင်းဆုံးလဲ? ”




ကုသိုလ်လုပ်ပေမဲ့ ကုသိုလ်မရဘူး .
“ ဒါဆို ဘာလုပ်ရင် အကောင်းဆုံးလဲ? ”

တစ်နေ့ အဲ……..အတိအကျပြောရရင် မနေ့ ကလို့ ပြောရင် မှန်မယ်ဗျ
ကျနော် ရယ် အလုပ်က ဆရာတစ်ယောက်ရယ်  ကိစ္စရှိလို့ ဖျာပုံကို ကားနဲ့ သွားကြ ပါတယ်………….
သွားရင်းနဲ့ လမ်းမှာ ကျောင်းသွားတတ်ကြတဲ့ ကလေးတစ်စုကို တွေ့ရတယ်
သူတို့တွေ ကျောင်းတတ်ကြတာလည်း ပင်ပန်းလှပါတယ်
အိမ်နဲ့ ကျောင်းကလည်း ဝေးတာကို …………
ရွာတွေဆိုတော့ လိုင်းကားမရှိ………ဘာမရှိနဲ့……………..
အဲ့ဒါနဲ့ ကျနော်က လမ်းဘေးကားချရပ်ပြီး ကလေးတစ်အုပ်စုလုံးကို
ကားပေါ်တင်ခေါ်လာခဲ့တယ်…………………….
ကျောင်းဆိုတာကလည်း ဖျာပုံ…………ဒေါ်ညိမ်းကားလမ်းပေါ်မှာပဲဆိုတော့
ကျနော်က လမ်းလည်းကြုံတယ်………ကုသိုလ်လည်း ရတယ်ဆိုတဲ့ အမြင်နဲ့ တင်ခေါ်ခဲ့တာပါ………….
ကျနော်နဲ့ အတူပါလာတဲ့ ဆရာကတော့ ဘာမှမပြောပါဘူး …….ခေါင်းလေး တဆက်ဆက်ညိမ့်လို့ပေါ့……………

ကျောင်းရှေ့ရောက်တော့
ကားရပ်ပြီး ကလေးတွေကို ချပေးပါတယ်
အဲ့ပြီးတော့ ဆက်ပြီး ဆက်မောင်းလာခဲ့တယ်

လမ်းရောက်တော့ ဆရာက စပြီးစကားပြောလာတယ်……….

အလင်္ကာ ……….
“ မင်း ကလေးတွေကို ကားနဲ့တင်ခေါ်လာတာ ကောင်းပါတယ် ကုသိုလ်လည်းရပါတယ်”

ဒါပေမဲ့ မကောင်းဘူး ဘာလို့လဲဆိုတော့။……………
ကလေးရဲ့ မိဘတွေက အိမ်က လွှတ်တာနဲ့ ဘယ်အချိန်ကျောင်းကိုရောက်မယ်…..
 လမ်းလျောက်ရတာ ဘယ်လောက်ကြာမှာလဲ တွက်ပြီးလွှတ်လိုက်တာ………

ကလေးတွေက ကျောင်းကို အရင်ရောက်တဲ့နေ့ထက် ကြိုရောက်နေတော့
ကစားမယ်.။………
ကစားရင်းနဲ့ ရန်ဖြစ်ကြတာရှိမယ်…………
ယုတ်စအဆုံး………..အသက်အန္တရယ်တစ်ခုခုဖြစ်ပြီဆိုပါတော့……………

လူတွေက မင်းရဲ့ကားပေါ်ကို ကလေးတွေ တင်ခေါ်လာတာပဲ မြင်ကြမှာ………….
ကလေးတွေ ကားပေါ်က ချပေးခဲ့တာကိုလည်းမြင်ချင်မှမြင်မှာ မြင်လည်း ဘယ်နှစ်ယောက်ချပေးခဲ့လည်းသိမှာမဟုတ်ဘူး
အဲ့……အဲ့မှာ ပြသာနာတွေဖြစ်လာပြီ…ရုံးတွေ ဂတ်တွေ ရှင်းရတော့မယ်

အဲ့ဒီတော့…………………….
မင်းကတော့ စေတနာနဲ့ တင်ခေါ်လာတယ်…………….
 ငါအမြင်ကတော့
ကုသိုလ်လုပ်ပေမဲ့ ကုသိုလ်ရချင်မှရတာ
အကောင်းဆုံးကတော့
“ ကိုယ့် အလုပ်ကိုယ်လုပ်တာ အကောင်းဆုံးပဲလို့”
ထင်တယ်ဆိုပြီး ပြောခဲ့တယ်

ကျနော်ကတော့ ဟုတ်ကဲ့ လို့သာပြောပြီး ဘာမှဆက်မပြောပေမဲ့ စဉ်းစားစရာတွေဖြစ်လာခဲ့တယ်

ညအလင်္ကာ (Forever)
×××××××××××××××××××××××××××××××××××××××

ကျနော် အခုရေးတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး နည်းနည်းပြောပြချင်ပါတယ
အနောက်နိုင်ငံက ဒသနိကဆရာကြီးရဲ့ စကားကို သွားသတိရမိတယ်…………..
၁)…….စေတနာ အဓိက ၀ါဒ
၂)…….အကျိုးသက်ရောက်မှု အဓိက ၀ါဒ နှစ်မျိုးရှိတယ်လို့ ဖတ်ဖူးခဲ့တယ်

ဘယ်လိုလဲဆိုတော့
ကျနော်အနေနဲ့ စေတနာ အဓိက ပဲလို ထင်ပြီးလုပ်တယ် ဘာပဲဖြစ်လာလာပေါ့
နံပတ်(၁) အတွက်
ကျနော်တစ်ခုနဲ့ပဲ ဥပမာပေးချင်ပါတယ်
ကျနော် တင်ထားတဲ့ ပိုစ်တစ်ခုထဲက  “ ဒေါ်ညိမ်းရဲ့ ငွေကြေးသတ်မှတ်မှုအကြောင်း ” ဆိုတဲ့ခေါင်းစဉ်ပါ
ကျနော်ရေးခဲ့တာက ဒီနယ်မှာ ဒီလိုဖြစ်နေကြောင်းကို ဗဟုသုတအနေနဲ့ ရေးလိုက်တာပါ
ရွာသားတွေအတွက် ဝေဒနာဖြစ်သွားပါတယ် ( အကြောင်းအရာတော့ မပြောချင်တော့ပါဘူး…နိုင်ငံေ၇းနဲ့ပတ်သက်နေလို့ပါ)

ကောင်းတဲ့ စေတနာလား၊ ဆိုးတဲ့ စေတနာလား?
ကောင်းရင် ကောင်းသွားမယ်၊ ဆိုးရင်လည်းဆိုးသွားနိုင်တယ်။။။။။။။။။။။။။။
ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်ချင်မှာဖြစ်လာမှာပါလားဆိုတာ  ကျနော် နားလည်သွားတယ်

နံပတ်(၂) အတွက်……………….
ဒီလို လုပ်ရင် ဘာဖြစ်လိမ့်မလဲ……
လိုချင်တဲ့အဖြေကို စဉ်းစားပြီးမှ လုပ်တာ…………..

စာဖတ်သူတွေလည်း သိနားလည်မယ်လို့ထင်ပါတယ်
ဖတ်မိသွားရင်လည်း အမှတ်တရအနေနဲ့ မှတ်ချက်ကလေးပြုသွားပါလို့ မေတ္တာရပ်ခံပါတယ်ဗျာ
ညအလင်္ကာ(Forever)
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××-




6 comments:

မောင်မိုး said...

ကုသိုလ်လုပ်ပေမဲ့ ကုသိုလ်မရဘူးဆိုတာ မှန်တော့မှန်ပါတယ်။ ဒါပေမယ့် ကိုယ့်ဘက်က စိတ်စေတနာသန့်သန့်နဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမှာပါပဲ။ အဲဒီလို အပျက်ဘက်ကသာ တွေးနေမယ်ဆိုရင် ဘယ်သူမှ ကုသိုလ်လုပ်ကြမှာ မဟုတ်တော့ဘူး။ ကုသိုလ်လုပ်တယ်ဆိုတာ အကျိုးကိုလည်းမမျှော်နဲ့ အပြစ်ကိုလည်း မမြင်နဲ့။ အစွန်းနှစ်ဘက်လွတ်အောင် လုပ်တာ အကောင်းဆုံးပါ။ ဒါမှ မြတ်သော ကုသိုလ်ဖြစ်မှာပါပဲ။

ခင်မင်စွာဖြင့်

နွေဦးလွင် said...

ဘ၀ဆိုတာ ကသောင်းကနင်းဖြစ်စဉ်တစ်ခုလို့ဆိုကြတယ်လေ ..

အဲသည်တော့ စေတနာအဓိက၀ါဒ ကိုပဲအားပေးချင်ပါတယ် ..

ကိုယ်ဘယ်လောက်သေချာနေပါတယ် ပြောပြော ကသောင်းကနင်းဖြစ်ချင်ဖြစ်တာပဲဆိုပြီးတော့ မလုပ်ပဲနေရင် လုပ်တဲ့စေတနာအကျိုးမရရုံးပဲရှိမယ်လေ ..

မပြုလုပ်ခင် စေတနာ
ပြုလုပ်နေဆဲ စေတနာ နဲ့
ပြုလုပ်ပီးစေတနာ တွေနဲ့ပြည့်စံနေရင် ပီးတာပဲလို့ထင်ပါတယ် ..

နွေဆူးလင်္ကာ said...

ဗုဒ္ဓဘာသာ အလိုအရတော့ စိတ်ဟာ အဓိကပါဗျာ။ ကုသိုလ်လုပ်နေပေမယ့် စိတ်စေတနာ တကယ်မပါရင် ကုသိုလ်မရတာတွေ အများကြီးပါ။

Unknown said...

စေတနာသာအဓိကပါ လေ

Khyl said...

အဆိုးမြင်ဝါဒရှိသူတွေ အတွက် ဘာပဲလုပ်လုပ် အနှုတ်လက္ခဏပဲ မြင်မှာပါ သူငယ်ချင်းရေ... ကောင်းကွက်နဲ့ ဆိုးကွက်ကိုချိန်ဆလို့ရပါတယ်နော်...

ဟိုလေ... ဘကြီး အမွေပေးမယ့် လယ်ကွက်ကတော့ အကောင်းဂျုံးပေါ့လေ.... ဟဲဟဲ

shwezinu said...

ဒီလောက်ကိစ္စလေးမှာ အဲဒီလောက်ထိ စဉ်းစားစရာမလိုဘူး ထင်တယ် စောရောက်တဲ့ အတွက် စာလည်းကျက်နိုင်တာဘဲ တခြားကျောင်းကိစ္စတွေ လုပ်နိုင်တယ်လို့လည်း တွက်လို့ရတာပေါ့

Post a Comment

ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

 
Copyright© ညအလင်္ကာ