Friday, February 12, 2010

မိုက်တယ်ဆိုတာ


 
မိုက်တယ်ဆိုတာ

သာယာဝတီသားတွေ   မိုက်တယ် ဆိုတဲ့ စကား ငယ်ငယ်တုန်းက ခဏခဏကြားဖူးတယ်…
ကျနော် ကိုယ်တိုင်လည်း သာယာဝတီသားတစ်ယောက်ပါ

မိုက်တယ်     ………..ဗျာ  ဆိုတဲ့စကား ဘယ်လောက် တွင်ကျယ်သလဲ မသိ……..
ကလေးတွေကတောင်………………………..ဟေ့ကောင်……မိုက်လား တဲ့

တစ်ခြာမြို့နယ်က လူတွေကလည်း ပြောကြပါတယ်
သာယာဝတီသားတွေ မိုက်ကြတယ်ဗျ
ဆရာစံနယ်ကို……..ဟီးဟီး
သာယာဝတီသားတွေကို အဲလိုပြောကြတော့ မခံချင်ဘူးဗျ (ပြန်ချရင်လည်း နီုင်ချင်မှ နိုင်မှာမို့လို့ …အဲ့လောက်သတ္တိရှိတာ)
အဲလို…ကြားရဖန်များလာတော့ မိုက်တယ်ဆိုတာကို ဘယ်လို ဖြေရှင်းပေးရမှန်းမသိပဲ
မိုက်တယ်    ဆိုတဲ့စကားကတော့  ဖြေရှင်းမရတဲ့ ပုဒ်စာတစ်ပုဒ် အဖြစ်ကျန်ရစ်ခဲ့လေတာပေါ့

ရာသီတွေပြောင်းလို့ ကျနော်လည်း တဖြည်းဖြည်းကြီးပြင်းလာ
ပုသိမ်တက္ကသိုလ်နယ်ပယ်ထဲ ရောက်လို့တောင်လာပါပြီ
အဲ့ဒိမှာမှ ကျနော် အဓိပ္ပါယ် ဖော်ချင်တဲ့ ……….မိုက်တယ်…………ဆိုတဲ့ စကားအဖြေကို သိရှိလိုက်ရတယ်

တစ်နေ့ ကျနော် ကျောင်းထဲ သွားတော့ ကျောင်းသားတစ်သိုက် လှမ်းအော်ပြောလိုက်တာကို ကြားလိုက်တယ်
ဟာ……..ဟိုကောင်မလေး ရေလည်မိုက်တယ်ဟေ့….
ဟော …ဟိုဘက်တစ်ယောက်ကိုလည်းကြည့်ဦး ၀တ်ပုံစားပုံလေးကလည်း မိုက်တယ် ………………..တဲ့
သြော် ..ဂလို့ကို။
မိုက်တယ်ဆိုတာ  ချောတာ ၊ လှတာ ကို ပြောကြမှန်းသိလိုက်ရတယ်ဗျာ

အဲ့ဒီလိုဆိုတော့
ကျနော်တို့ သာယာဝတီသားတွေကို ပြောနေကျတဲ့
သာယာဝတီသားတွေ မိုက်တယ် ဆိုတဲ့ စကားကို

ကျနော်က ဘယ်လို အဓိပ္ပါယ်ဖွင့်ပြီး ပြန်ချေပလည်ဆိုတာကိုတော့ သိပြီပေါ့ဗျာ
နောက်ဆို သာယာဝတီသားတွေ မိုက်တယ်ဆိုတာ
ချောတယ် ၊ လှတယ်လို့သာ မှတ်ပေတော့။။။
ဟေ့ဟေးးးးးးးးးးးးးးး
ညအလင်္ကာ (Forever)

0 comments:

Post a Comment

ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

 
Copyright© ညအလင်္ကာ