Saturday, February 27, 2010

ဒေါ်ညိမ်းကျေးရွာ တပေါင်းလပြည့်နေ့ပွဲတော်အကြောင်း

ဒေါ်ညိမ်းကျေးရွာ တပေါင်းလပြည့်နေ့ပွဲတော်အကြောင်း



တပေါင်လပြည့်နေ့မှာ ဘာရေးရင်ကောင်းမလဲလို့ စဉ်းစားနေရင်း



ဒေါ်ညိမ်းကျေးရွာမှာ ပွဲတော်နေ့အတွက် အလှခြင်းခတ်ပြိုင်ပွဲနဲ့



နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲတော်အကြောင်းလေး သိရှိခဲ့ရတဲ့အတွက်



အမှတ်တရနေ့လေးအဖြစ်နဲ့ ရေးသားတင်ပြလိုက်ပါတယ်ဗျာ

………………………

ပွဲက ညနေ ( ၁၈.၀၀) စတော့ ကျနော်က မမှီလိုက်ဘူးဗျ



အလုပ်ချိန်က အဲ့ဒီမှ အားတာကို ရေချိုး ထမင်းစားတာနဲ့ပဲ ( ၁၇.၀၀) ရှိသွားပြန်ရော



တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ကလည်း ဘောလုံးပွဲကောင်းတာကို

ဘာတဲ့…………….ချယ်ဆီး ----မန်စီးတီး .ဟ.ဟ………အဲ့ဒါကို ဘေးချိတ်.



ဘုရားပွဲကို အမြန်ပြေး……..တော်သေးတာပေါ့ ….မှီလိုက်တယ်……



ရောက်တော့ အလှခြင်းခတ်ပွဲလေးက စနေပြီ………



ရွာပေါင်းစုံကလည်း သူအဖွဲ့နဲ့သူပြင်ဆင်နေကြပြီ ……….အောက်မှာကလည်း ပွဲမ၀င်ခင် အပြင်က

ကျင်းပနေသလို


လေ့ကျင့်နေကြတာတွေ့ခဲ့ရပါတယ်……….



စင်ပေါ်ကိုကြည့်လိုက်တော့လည်း အကြိတ်အနယ် အလှအပလေးတွေနဲ့ ခြင်းခတ်ပြနေကြတာ

ရင်မောစရာ ကောင်းတယ်ဗျာ…………….

ကျနော်လည်း ဓါတ်ပုံလေးရိုက်ခဲ့တာပေါ့

နောက် ဘုရားလှည့်မယ့် နှစ်ကျိတ်ရှစ်ဆူဘုရားဘက် ကို ခြေဦးပြန်လှည့်ပြီး သွားကြည့်တော့

သပ္ပါယ်လိုက်တာ စိတ်ကိုအေးသွားပြန်ရော…………………….

ဓါတ်ပုံရိုက်ပြီး ရုံကိုပြန်လာပြန်ခဲ့တာပေါ့………




ပြန်လည်းရောက်ရော ဘောလုံးပွဲက ချယ်ဆီး………မန်စီးတီး ( 2.4) တဲ့ဗျာ ရင်ကိုခံသွားပြန်ရော

ဘာပဲပြောပြော ဒီနေ့လေးဟာလည်း ကျနော်အတွက် အမှတ်တရနေ့လေးအဖြစ်

ရေးသားလိုက်ပါတယ်ဗျာ

ခင်မင်စွာဖြင့်

ညအလင်္ကာ (Forever)

0 comments:

Post a Comment

ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

 
Copyright© ညအလင်္ကာ