Wednesday, February 10, 2010

ဒေါ်ညိမ်းကျေးရွာ ငွေကြေးသတ်မှတ်ဖလှယ်မှုအကြောင်း

ဒေါ်ညိမ်းကျေးရွာ ငွေကြေးသတ်မှတ်ဖလှယ်မှုအကြောင်း
 
ငွေကြေးဖလှဲမှုအကြောင်းမပြောခင် ဒေါ်ညိမ်းကျေးရွာအကြောင်းတော့ သိထားမှဖြစ်မှာ
ဒေါ်ညိမ်းကျေးရွာဆိုတာ ဖျာပုံခရိုင်၊ အမာမြို့နယ်ခွဲမှာရှိတဲ့ ကျေးရွာတစ်ရွာပါ
မွန်ဘာသာစကား “ ထော့ညှင်း” မှ ဆင်းသက်လာတာပါ
“မင်းညီမင်းသားများထမင်းလက်ဆုံစားတဲ့နေရာလို့” အဓိပ္ပါယ်ရပါတယ်။
နောက်တော့ ခေတ်ကာလပြောင်းလဲလာတာနဲ့အညီ နောက်ဆုံး “ဒေါ်ညိမ်း” ဖြစ်လာတဲ့ အထိပါပဲ
ကျေးရွာတစ်ရွာဆိုပေမယ့် စည်ကားလှပါတယ်။ အနီးမှာရှိတဲ့ သရက်ပင်ဆိပ်၊ ခါးပြတ်၊ ကုန်းတန်း၊ ဆိပ်မ၊မြို့ကုန်း၊ ဗန္ဒာပင်၊ အေးကုန်း၊ ကမန္တာ၊ ဖရဲကုန်း၊ အလယ်စု၊ အ၀စု ……………..အစရှိတဲ့ ရွာတွေအားလုံး “ဒေါ်ညိမ်း” မှာလာပြီး ရောင်းဝယ်ဖောက်ကားကြပါတယ်။။။။အသုံးရှားတဲ့ပစ္စည်းမျိုးကိုတော့  ဖျာပုံတက်ပြီးဝယ်ကြပါတယ်
ကြူံတုန်းပြောရဥိးမယ် ( ဖျာပုံ - ဒေါ်ညိမ်း) ကားလမ်းခရီးက လိုင်းကားနဲ့ဆို (၃)နာရီကျော်ကျော်မောင်းရပါတယ်။
ဆိုင်ကယ် Taxi  လည်းရှိပါတယ် (ဈေးတော့ နည်းနည်းကြီးတယ်)…………..ဟီးဟီး
တစိနေ့ ကျနော် ဒေါ်ညိမ်းရွာမှ ဈေးသွားဝယ်ပါတယ်( ရောက်တုန်း ကြေငြာလိုက်ဦးမယ် ကျနော်က အဲ့ဒီ ဒေါ်ညိမ်းရွာမှာ အလုပ်လာလုပ်နေတဲ့ ရောက်ခါစလူတစ်ယောက်ပါ)
ဈေးဝယ်တော့ ဆိုင်ရှင်က ပိုက်ဆံ(၃၀၀) ပြန်အမ်းဖို့ရှိပါတယ် ကျနော်ကို ဒီလိုအမ်းပါတယ်
ပုံကိုကြည့်ပါ
 
ကျနော်အံသြသွားတယ်၊ အဲ ဆိုင်ရှင်က ဆက်ပြောတယ်……………
“ ဒီလို (၁၀၀)ကျပ်တန် ကော်ဖီမစ်ထုတ် နဲ့ တန်ဖိုးခြင်းညီမျှတဲ့ မည့်သည့်ပစ္စည်းမဆို ဒေါ်ညိမ်းဆိုင်တိုင်းမှာ လာရောက်ဝယ်ယူ လဲလှယ်လို့ရကြောင်းပြော ရှင်းပြတယ်။။။
ကျနော် ရန်ကုန်ကလာတာပါ (ဒီမှာ အဲ့လိုတွေ့လို့ရတော့ မအံသြပဲနေမလား……………ရန်ကုန်မှာဆို အမ်းစရာအကြွေမရှိရင် သကြားလုံး၊ ဆေးလိပ်သောက်တတ်တယ်ဆိုရင် ဆေးလိပ်။။။။။။။။။Tissue အစရှိသဖြင့်ပေါ့လေ
ဒါပေမဲ့ တစ်ခြားနေရာမှာ အဲ့ဒီတန်ဖိုးနဲ့အညီ ပြန်လည်လဲလှယ်သုံးလို့မရဘူးလေ)
ဒီရွာမှာတော့ ရတယ်ဗျ ၊ အဲ့ဒိနဲ့ ကျွန်တော်လည်း လမ်းမှာ အတွေးပေါငိးများစွာနဲ့ ပြန်လာပြီး ဒီစာကိုရေးလိုက်တာပါ
ကျနော်သိထားတာက ငွေကြေးတန်ဖိုးလဲလှယ်သတ်မှတ်တာကိုဘဏ်ကပဲသတ်မှတ်ကြတာပါ………..
အခု “ဒေါ်ညိမ်းရွာက” သတ်မှတ်တာမို့ ဒေါ်ညိမ်းဘဏ်လို့သာ ပြောရမှာပဲ
ရွာမှကတော့ ဒေါ်ညိမ်းဒေါ်လာလို့တောင် ခေါ်ဆိုနေကြပြီ ဗျ
“လွင်မိုးခရီးသွားနေသည် ” မှာကြည့်လိုက်ရပါတယ်……….. ထားဝယ်၊ ကော့သောင်းနဲ့ မြိတ်မှာ ဒီလိုမျိုးငွေကြေးပိုက်ဆံတွေကို ကြွတ်ကြွတ်အိတ်နဲ့ပိတ်ပြီး သုံးစွဲကြနေတာကို ရိုက်ပြထားပါတယ်
အခုဒိမှာ “ဒေါ်ညိမ်း”မှာက ပိုက်ဆံ (၂၀)၊ (၅၀) (၁၀၀) (၂၀၀) တန်တွေအပြင် ကော်ဖီမစ်ထုပ်၊ ခေါင်းလျော်ရည်ထုပ်၊ စသည်တွေကို ကြွတ်ကြွတ်အိတ်ထဲထည့်ပိတ်ပြီး ၊ ငွေကြေးတန်ဖိုးသတ်မှတ်ပြီးသုံးလာကြတာ တော်တော်တွင်ကျယ်နေပြီ
အကောင်းဘက်ကကြည့်ရင် ပိုက်ဆံတွေ စုတ်ပြဲမှုက ကင်းတာပေါ့
ရန်ကုန်မြို့မှာရှိတဲ့  ပိုက်ဆံ တွေဟာ အစုတ်အပြဲ များပါတယ်
ဘယ်လိုပဲပိုက်ဆံစုတ်ပြဲနေပါစေ  ရေစိုခံနိုင်အောင် တိပ်တွေနဲ့ ကပ်ပြီးသုံးနေကြတာ ပါပဲ  (ဟဲဟဲ………သိပါတယ်နော်)
နိဂုံးချုပ်ပြောရရင်
“ဒေါ်ညိမ်းရွာပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေအတွက်တော့ ဒီငွေကြေးတွေကို ကြွတ်ကြွတ်အိတ်ထဲ ထည့်ပြီး  သုံးစွဲနေကြတာကို အသားကျနေပါပြီ ၊သူတို့အတွက်တော့ အံသြစရာမဖြစ်ပေမဲ့ ကျနော်အတွက်တော့ ရေးစရာတစ်ခုဖြစ်လာခဲ့တာပါပဲ
            ကုန်စည်ကူးသန်းရောင်းဝယ်ဖောက်ကားမှုတွေ ရှိနေသ၍တော့ ဒေါ်ညိမ်းငွေကြေးသတ်မှတ်မှု တွေလည်းရှိနေကြဦးမှာပါ ကျနော်မသိသေးတဲ့နေရာတွေမှာလည်း ဒီလိုမျိုး ငွေကြေးသတ်မှတ်ပြီးသုံးနေကြတာကိုတော့ဘယ်သူမှ သိနိုင်ကြဦးမယ်မထင်ပါဘူး
            ဘာပဲဖြစ်ဖြစ် ဒေါ်ညိမ်းငွေကြေး (ကြွတ်ကြွတ်အိတ်ထဲထည့်တဲ့ ပိုက်ဆံ / ကြွတ်ကြွတ်အိတ်ထဲထည့်တဲ့ ကော်ဖီမစ် တွေကတော့ ) ဖျာပုံမြို့အထိ ခြေဆန့်နေကြောင်း သတင်းကောင်းပါရင်း
ဗဟုသုတတွေပွားများကြပါစေဗျာ
ညအလင်္ကာ (Forever)

4 comments:

Anonymous said...

ဗဟုသုတရအောင်ရေးနိုင်ပေ့ဗျာ အစ်ကိုရေ စာမရေးတတ်ပေလို့သာပဲပေါ့နော် ရေးပါဗျ အားပေးနေမယ်
အဲ့ဒီလိုလဲလှယ်သုံးစွဲမှု့မျိုးရန်ကုန်မှာတွင်ကျယ်လာရင်ကောင်းမယ် ဟဲဟဲ ကော်ဖီမစ်ထုပ်ကလေးကိုင်ဘတ်စ်ကားစီးလို့ရတာပေါ့ ဟိဟိ

နွေဆူးလင်္ကာ said...

အေးဗျာ ကျုပ်တို့ဆီမှာလဲ အဲလို လဲလို့ရရင် ကောင်းသား။

Khyl said...

ကာကာရေ မရေးတတ်လို့သာပဲ... ရေးလိုက်တော့လဲ ဖတ်လို့ကောင်းချက်.... ဗဟုသုတလဲရပါ့... မကြားဘူးတာတွေလဲကြားရပါ့...

မျိုးသူဝင်း said...

ကိုယ်ကိုယ်တိုင်က ဒီကိုရောက်နေပြီလေ.....

Post a Comment

ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

 
Copyright© ညအလင်္ကာ