ပထမဆုံး ခြေလှမ်းနဲ့ စတင်ပါ
ပထမဦးဆုံးခြေလှမ်းက အခက်ခဲဆုံးဖြစ်တယ်(မတ်စတိန်း)
လုပ်ငန်းစတင်လုပ်ဆောင်ဖို့ သတ္တိတွေရှိလာနိုင်ရင် ဒါဟာ သင်ဘ၀အောင်မြင်မှုအတွက် သတ္တိတွေရှိလာနိုင်တယ်.
လတ်တလော မိမိရောက်ရှိနေတဲ့ နေရာကနေ စတင်လိုက်ပါ၊ ရောက်နေတဲ့နေရာကနေ စ` လုပ်ပါ´ ၊ စပြီး လုပ်လိုက်တာနဲ့ ဖြုန်းတီးနေတဲ့ နာရီတွေ၊ အောင်မြင်မှုတွေအတွက် အလှမ်းဝေးနေသေးတယ်လို့ ထင်နေတာတွေဟာ နောက်ကျကျန်ရစ်ပြီး ဖြစ်နိုင်ဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ စားကျက်ကို စတွေ့မှာဖြစ်ပါတယ်၊
အောင်မြင်မှုရဲ့ ပထမဦးဆုံးလိုအပ်ချက်က စတင်အောင်မြင်ဖို့ပဲဖြစ်တယ်
သင်စတင်လုပ်ဆောင်လိုက်တာတဲ့ တစ်ပြိုင်နက် အတွင်းကရော အပြင်ကပါ ၀င်လာသမျှအရာအားလုံးဟာ သင့်ကိုပေးမဲ့ အကူအညီတွေပဲဖြစ်နေတတ်ပါတယ်၊ စောင့်မနေအပါနဲ့၊ အချိန်မဆွဲပါနဲ့၊ ဘယ်ဟာမှတော့ ချက်ချင်းလက်ငင်းဖြစ်မလာနိုင်ပါ၊ သင်ရောက်တဲ့နေရာကနေ စပြီးလုပ်လိုက်ပါ။
သင်နဲ့လက်လှမ်းမှီတဲ့နေရာမှာရှိတဲ့ ပစ္စည်းကိရိယာတွေနဲ့ စပြီးလုပ်လိုက်ပါ မိုင်ပေါင်းတစ်ထောင်ခရီးအောင်မြင်မှုနဲ့ နိဒါန်းအစဟာ ပထမဥိးဆုံး လှမ်းလိုက်တဲ့ သင့်ရဲ့ ခြေလှမ်းပဲဖြစ်တယ်။
ဘ၀အောင်မြင်မှုသတ္တိကို ပထမဦးဆုံး ခြေလှမ်းနဲ့စတင်လိုက်ပါ….
မှတ်ချက်။ ။ ဖတ်ရှုလေ့လာမိသောအရာများအား ပြန်လည်ဝေမျှပါသည်။
ရွှေစင်ဦး ကြိုက်၏ မကြိုက်၏
4 weeks ago
0 comments:
Post a Comment
ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ